“အမေရိကန် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအထိုးခံ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါကာကွယ်ဆေးအထိုးခံ”

December 22 , 2020

အရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်
ပဌမအကြိမ် ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ
ကာကွယ်ဆေးကို တနင်္လာနေ့က အထိုးခံခဲ့ပြီး
အမေရိကန်ပြည်သူတွေကို ကာကွယ်ဆေး
ထိုးနှံမှုဟာ ဘေးကင်းလုံခြုံကြောင်းသိမြင် စေရန် ကြိုးပမ်းဆောင်ရွက်ချက်တရပ်အနေနဲ့ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။

အရွေးချယ်ခံသမ္မတဟာ သူ့ရဲ့ဇနီး
ဂျေးဘိုင်ဒင် ကာကွယ်ဆေးအထိုးခံခဲ့ပြီး နောက် နာရီပိုင်းအကြာမှာ သူ့ရဲ့ ဒယ်လါဝဲရ်
နေအိမ်မှမဝေးကွာလှတဲ့ ဆေးရုံတရုံမှာ
Pfizerကာကွယ်ဆေးထိုးနှံခံခဲ့ပါတယ်။
တနေ့ထဲမှာပဲ မိုဒါနာကထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေပေါ်ထွက်လာခဲ့ပြီး ပြည်နယ်တွေကိုစတင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ဒီဆေးဟာလဲ အမေရိကန်ပြည်ထောင်စုမှာ လူပေါင်း ၃၁၇၀၀၀ကျော်သေဆုံးသွားခဲ့ပြီး ကမ္ဘာအနှံ့မှာ
အသက်ဇီဝိန်ချွေနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ
ကိုဆန့်ကျင်တိုက်ခိုက်ဖို့လက်နက်ကြီးတခုဖြစ်တဲ့ Pfizerကထုတ်တဲ့ ကာကွယ်ဆေးနဲ့အတူပူး
ပေါင်းဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။
“ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ။”
ဒယ်လါဝဲပြည်နယ် နီဝါ့(ခ်)မြို့က ဆေးရုံမှာကာ
ကွယ်ဆေး အထိုးခံရင်း ဘိုင်ဒင်ဟါ သူရဲ့ဘယ်ဘက်လက်မောင်းထဲကိုဆေးမထိုးမီ
၃အထိရေတွက်ဖို့ငြင်းဆန်ပါတယ်။
“ကျွန်တော်ကပြည်သူတွေဟာ ကာကွယ်ဆေးထိုးခွင့်ရတဲ့အချိန်မှာ အထိုးခံကြဖို့အဆင်သင့်ပြင်ဆင်ထားနိုင်
အောင် သရုပ်ပြပေးတာပါ။ဘာမှစိုးရိမ်စရာ
မရှိပါဘူးဗျာ။”လို့ ဘိုင်ဒင်ကပြောပါတယ်။
ဘိုင်ဒင်ကကျန်းမာရေးပြုစု စောင့်ရှောက်ပေးနေတဲ့ဝန်ထမ်းတွေကိုချီးကျူးပြောဆိုခဲ့ပြီး ဒီ ရောဂါကို ပျောက်ကွယ်သွားအောင်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သမ္မတထရန့်ရဲ့အစိုးရလည်း ဂုဏ်ပြုချီးကျူးခံထိုက်ပါတယ်လို့ပြောဆိုပါတယ်။အဲ့ဒီ နောက် ဘိုင်ဒင်က လာမဲ့ခရစ္စမတ်
အားလပ်ရက်တွေမှာ ပြည်သူတွေ နှာခေါင်းစည်းမျက်နှာဖုံးတွေဝတ်ဆင်ထားကြ
ဖို့ နဲ့ မလိုအပ်ပဲ ခရီးသွားလာတာတွေ မလုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
နိုင်ငံ့သမိုင်းမှာ အကြီးကျယ်ဆုံးကာကွယ်ဆေးထိုးရေးလှုပ်ရှားမှု အစိတ်အပိုင်းတရပ်အနေနဲ့ လွန်ခဲ့တဲ့
အပတ်က ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ရောဂါ
ကာကွယ်ဆေး ထိုးနှံခံခဲ့တဲ့အမေရိကန်ပြည်သူ
တွေရဲ့ပဌမလှိုင်းထဲမှာ အစိုးရရဲ့ထိပ်တန်း
အရာရှိတွေပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်(စ်)၊
လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၊ ဒီ-ကါလစ်(ဖ်)
ဆီနိတ်လွှတ်တော်လူများစု ခေါင်းဆောင်
မစ်ခ်ျ မက်ကော်နဲ(လ်) ၊အာ-ကီ နဲ့အခြားဥပဒေ
ပြုအမတ်များ ကိုသောကြာနေ့က ကာကွယ်ဆေးထိုးပေးခဲ့ကြပါတယ်။
သူတို့ဟာ ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ပတ်သက်ပြီး စိတ်မချပဲမယုံမကြည်ဖြစ်နေသူတွေကြားမှာ ပြည်သူတွေက ကိုးကွယ်ဆေးထိုးနှံခြင်း ဟာ ထိရောက်မှုရှိပြီး ဘေးကင်းလုံခြုံစိတ်ချရကြောင်း သိမြင်လာစေဖို့အတွက် အများပြည်သူရှေ့မှောက်မှာကာကွယ်ဆေးအထိုးခံခဲ့ကြပါတယ်။
အရွေးချယ်ခံဒုတိယသမ္မတ ကာမလာဟဲရစ် နဲ့ သူမရဲ့ခင်ပွန်းတို့ဟာနောက်အပတ်မှာ ကာကွယ်ဆေးအထိုးခံ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •