အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ဆုံးအခြေအနေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန် ရွေးကောက်ပွဲ
***********************

လက်ရှိ အနေအထားကတော့ ပုံမှာ ပြထားတဲ့ အတိုင်း ဆက်ရှိနေပြီး အမေရိကန် နိုင်ငံသားများ အတွက်ကတော့ ရင်တမမ ဖြစ်နေပြီး ကမ္ဘာတဝှမ်းလုံးကလည်း ကမ္ဘာဖလား ဗိုလ်လုပွဲ ကြီးအလား စိတ်ပါဝင်စားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။ ဥရောပ နိုင်ငံ ခေါင်းဆောင်တွေကတော့ သူတို့ အနေနဲ့ ထရန့်ရဲ့ နောက် လေးနှစ်ကို ဘယ်လိုမှ ဆက်ပြီး သည်းငြီး မခံနိုင်တော့လို့ ဗြောင်ကျကျ ပြောဆိုလာပြီ ဖြစ်ပါတယ်။

၂၀၁၆ မှာတော့ ထရန့်က အီလက်တိုရယ် မဲ ၃၀၄၊ ဟီလာရီ က ၂၂၇ မဲ နဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်၊ အီလက်တိုရယ်မဲ ကတော့ ပြည်နယ် လွှတ်တော်များရဲ့ သမ္မတ အဖြစ် ရွေးချယ်ပေးရမယ့် ကိုယ်စားလှယ်တွေ ထဲ့ရမယ့် မဲတွေပဲ ဖြစ်ပါတယ်။ ၁၉၆၄ မှာ ပြည်နယ်အလိုက် ခွဲတမ်းချထားပေးပြီးသား စာရင်းအရ စုစုပေါင်း ၅၃၈ မဲ ရှိနေတဲ့ အတွက် ၂၇၀ ရတဲ့လူက အနိုင်ရမှာ ဖြစ်ပါတယ်။ ခွဲတမ်းချတာကတော့ ပြည်နယ်တခုစီက ဆီးနိတ်နဲ့ အောက်လွှတ်တော်မှာ ကိုယ်စားပြုတဲ့ အမတ်အရည်အတွက် စုစုပေါင်းပဲ ဖြစ်ပါတယ်။

သမ္မတ ရွေးချယ်ပေးရမယ့် ကိုယ်စားလှယ်တွေကို နိုင်ငံသားများက ဆန္ဒမဲ popular vote နဲ့ မဲပေးရွေးချယ်ပေးရပါတယ်။

ဒီနေရာမှာ မဲဆန္ဒရှင်များ ဆန္ဒအတိုင်း သမ္မတ ကို ရွေးချယ်သွားရမယ်လို့ ကတိသစ္စာပြုကြရပါတယ်။ ဒီလို ကတိပေးထားပါရက်နဲ့ မိမိထည့်ချင်တဲ့လူ ထဲ ထည့်သွားတဲ့ သူတို့အခေါ် faithless elector လည်း ရှိပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ ဆယ်ဦး ရှိခဲ့ပေမယ့် ရလဒ်ကို ပြောင်းလဲသွားအောင် လုပ်လို့ မရပါဘူး၊ အဲ့လို ဖြစ်သွားရင် ဆီးနိတ်မှာ အရေးပေါ် ရွေးကောက်ပွဲ ပြန်လုပ်ပေးပြီး သမ္မတကို အမှန်အတိုင်း ဖြစ်အောင် ပြုလုပ်ပေးရလို့ ဖြစ်ပါတယ်။

ဒီအတွက် ရွေးချယ်ခံ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်တွေမှာ ဒီဇင်ဘာလ ထဲ မှာ မဲထည့်ကြရမှာ ဖြစ်ပါတယ်။ ပြီးရင် ပြည်နယ် လွှတ်တော်တွေက ကွန်ဂရက်ကို certificate of vote ဆိုပြီး ပို့ပေးရပြီး ဇန်နဝါရီ ပထမပတ်မှာ ဆီးနိတ် နဲ့ ကွန်ဂရက် ပူးတွဲ လွှတ်တော် ခေါ်ယူပြီး ရေတွက်ကြရပါတယ်။

လက်ရှိ မှာ အီလက်တိုရယ်မဲ ဂျော်ဂျီယာ (၁၆)၊ အရီဇိုနား (၁၁)၊ နီဗာဒါး (၆)၊ ပင်ဆယ်ဗေးနီးယား (၂၀)နဲ့ မြောက်ကာရိုလိုင်နား (၁၅) တို့ တရားဝင် စာရင်းကျန်နေတဲ့ အတွက် အဆုံးအဖြတ်ပေးမယ့် ၁၇ မဲ ဖြစ်လာပါလိမ့်မယ်။

သို့သော် သတင်းဌာနများကတော့ race call နဲ့ အာရီဇိုနား ၁၁ မဲကို မဲ အရည်အတွက် အသာ တသိန်း လောက် ပြတ်နေတဲ့ အတွက် ဘိုင်ဒင် ကို အနိုင်ပေးလိုက်ပြီး ၂၅၃ နဲ့ ၁၁ မဲ ပေါင်းပြီး ၂၆၄ မဲ ဖြစ်သွားတာ ဖြစ်ပါတယ်။ CNN ကတော့ Project win နဲ့ တရားဝင် ထုတ်ပြန်တဲ့ အတွက် ၂၅၃-၂၁၃ ဖြစ်နေဆဲပါ။

ထရန့်ကတော့ အားလုံးက လုပ်မယ်လို့ ယူဆထားတဲ့ အတိုင်း သူအနည်းငယ် အသာရတဲ့ စာရင်း ထွက်လာချိန်မှာပဲ အနိုင်ရပြီလို့ ကြေညာ သွားခဲ့ပြီ ဖြစ်ပါတယ်။ သူ့လူတွေ ခန့်ထားတဲ့ တရားလွှတ်တော်ချုပ်ကိုလည်း မဲများ ဆက်ရေတွက်နေတာ ရပ်ဆိုင်းဖို့ စာတင်မယ်လို့ ပြောပါတယ်။ ဘိုင်ဒင်ကတော့ သူ့ကို ထောက်ခံသူများအား စိတ်ရှည်ရှည်ထားကြဖို့ တိုက်တွန်းနေပါတယ်။ မည်သူ အနိုင်ရမလဲ ဆိုတာ အမေရိကန် ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်သာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ထရန့် ဖက်က ရှေ့နေတလှေကြီးကတော့ စာရွက်စာတမ်း တွေ ရေးချွတ်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။

ထရန့်က ဖလောရီဒါက ကျူးဘား မှ ခိုလှုံလာသူများရဲ့ မဲကို ဘိုင်ဒင်သည် ကက်စထရိုလို ဆိုရှယ်လစ် တဦး ဖြစ်တယ်လို့ စွပ်စွဲပြီး မဲတွေ သိမ်းကြုံးယူသွားနိုင်ခဲ့တဲ့ အပြင် တက္ကဆပ်နဲ့ အိုဟိုင်ယိုပါ အပိုင်ချီလိုက်နိုင်တဲ့ အတွက် ဘိုင်ဒင်နဲ့ ပွတ်ကာသီကာ အနေအထားကို ရောက်လာတာလည်း ဖြစ်ပါတယ်။

လောလောဆယ် ဗုဒ္ဓဟူးနေ့တနေ့လုံး ထရန့် က ငြိမ်နေတဲ့ အတွက် ဘိုင်ဒင် အဖွဲ့က ဘာကြံနေလဲ ဆိုတာ တွေးနေကြပြီး ဘာမှ ပြန်လည် ဝေဖန် တုံ့ပြန်ခြင်း မလုပ်သေးဖူးလို့ CNN သတင်းက ဆိုပါတယ်။

ဘိုင်ဒင်ကလည်း ထရန့်ရဲ့ အပိုင်နယ်မြေ ဖြစ်တဲ့ အာရီဇိုနား မှာ အပြတ်အသတ် အနိုင်ရရှိသွားခဲ့တဲ့ အတွက် ပင်ဆယ်ဗေးနီးယား ပြည်နယ်ကိုတောင် အားကိုးစရာ မလို ဖြစ်သွားခဲ့ပါတယ်။ ထရန့်က ဘိုင်ဒင်ရဲ့ အပိုင် နယ်မြေ ဖြစ်တဲ့ နီဗာဒါးကို သူ့ဖက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားခဲ့သော်လည်း ဘိုင်ဒင် ဖက်မှာ ရှိနေပြီ ဖြစ်ပါတယ်။

ထရန့် အနေနဲ့ ဂျော်ဂျီယာ၊ မြောက်ကာရိုလိုင်နား နဲ့ ပင်ဆယ်ဗေးနီးယား တို့ကို အနိုင်ရဖို့ အလားအလာ ရှိနေပါတယ်။ အဲ့ဒီတခုခု ထဲသာ ဘိုင်ဒင်ဖက် ပါသွားရင်တော့ ဒီနေ့ ညနေလောက်မှာပဲ ပွဲ ပြတ်သွားပြီ ဖြစ်ပါတယ်။

ထရန့်ကတော့ ပြည်နယ် တရားလွှတ်တော် ချုပ် မှာ အယူခံ ဝင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပေမယ့် မဲဆန္ဒရှင်အများစုရဲ့ ဆုံးဖြတ်ချက်ကို မည်သို့သော တရားသူကြီးက ပြင်ဆင်ရဲပေမည်နည်း။

သတင်းဓါတ်ပုံ ၊။ ၊ The Wall Street Journal


Spread the love
  •  
  •  
  •  
  •  
  •  
  •