အမေရိကန် သမ္မတသစ်​ အဖြစ် Joe Biden အနိုင်ရသွားပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

CNN ကရော BBC ကပါ Joe Biden အနိုင်ရသွားပြီလို့ကြေညာခဲ့ပါတယ်။

Pennsylvania ရဲ့ 20 electoral votes ကိုရပြီး 273 ဖြစ်သွားတာကြောင့် နိုင်သွားတာဖြစ်ပါတယ်။
Joe Biden ဟာ အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက်သမ္မတဖြစ်လာပါပြီ။

🇺🇸 Joe Biden ဟာ Delaware ကအိမ်မှာ မနက်ဖက်မိသားစုနဲ့အတူရှိနေချိန်မှာ #သူနိုင်သွားပြီဆိုတဲ့သတင်းကိုရရှိခဲ့ပါတယ်။

သူဟာ အမေရိကန်ရဲ့ ( ၄၆ ) ယောက်မြောက်သမ္မတဖြစ်လာခဲ့ပါပြီ။ #နှစ်သုံးဆယ်ကျော်ကျားကုတ်ကျားခဲမရမနေကြိုးစားခြင်းရဲ့ရလဒ်ပါ။

ဒီည Joe Biden ဟာ မိန့်ခွန်းပြောပါလိမ့်မယ်။

သူဟာ National Healing (အမျိုးသားရင်ကြားစေ့ရေး) ကိုဦးတည်ပြီးပြောပါလိမ့်မယ်။

ကျနော်တို့အနေနဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ Marine One ရဟတ်ယာဉ်နဲ့ Air Force One Boeing 747-200 လေယာဉ်ကြီးဆီသွားမယ့် Trump ကို စိတ်မကောင်းစွာတွေ့ကြရမှာပါ။

Air Force One လေယာဉ်ကြီးနဲ့ သွားလိုရာအရပ်ကို နောက်ဆုံးအကြိမ်လိုက်ပို့ပေးတာအစဉ်အလာပါ။

နောက်ဆုံးအိမ်ဖြူတော်ကမထွက်ခွာခင် သမ္မတဟောင်းနဲ့ သမ္မတသစ်ဟာ ☕ Tea Party လက်ဖက်ရည်အတူသောက်လေ့ရှိပါတယ်။

အဲ့ဒီအချိန်မှာ သူတို့နှစ်ယောက်ဘာပြောကြမလဲ❓Trump ရင်ထဲမှာ ဘာတွေရှိနေမလဲ❓သိချင်လှပါတယ်။

Richard Myo Thant
7-November-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •