အမေရိကန် ၏ ဘင်္ဂလားဒေ့ရှ်အား တရုတ်ထံမှ ဖဲ့ထုတ်ရန် ကြိုးပမ်းလာခြင်းနှင့် မြန်မာ အနေအထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမေရိကန် ၏ ဘင်္ဂလားဒေ့ရှ်အား
တရုတ်ထံမှ ဖဲ့ထုတ်ရန် ကြိုးပမ်းလာခြင်းနှင့်
မြန်မာ အနေအထား
•••••••••••••••••••••••••••••••

 

ဘင်္ဂလားဒေ့ရှ် အား တရုတ်၏ စီးပွားရေးအရ မဟာမိတ် အဖြစ် ပေါ်ထွန်းလာ‌ နေသည့်အရေးအား တန်ပြန်သည့် အနေဖြင့် အရည်အသွေးမြင့် လက်နက်များ လိုသလောက် ရောင်းချပေးမည်ဟု အမေရိကန်က ကမ်းလှမ်းလိုက်ပြီ ဖြစ်သည်။

ယခုလ အစောပိုင်းက အမေရိကန် ကာကွယ်
ရေး ဝန်ကြီး မတ် အက်စ်ပါသည် ဘင်္ဂလား
ဒေ့ရှ် ဝန်ကြီးချုပ် ရှိတ် ဟာဆီနာထံ ဖုန်းဆက်ပြီး အထက်ပါအတိုင်း အဆိုပြုလိုက်ခြင်း ဖြစ်သည်၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်အား ၂၀၃၀ တွင် ခေတ်မှီ တပ်မတော်ကြီး ဖြစ်ရန် ကူညီသွားမည်ဟုလည်း ဆိုသည်။ ဟာဆီနာသည် ကာကွယ်ရေး ဝန်ကြီးဌာနကို တာဝန်ယူ ကြီးကြပ်နေရသူလည်း ဖြစ်သည်။

ယမန်နှစ်ကစ၍ ဘင်္ဂလားဒေ့ရှ်သို့ အပါချီ
ရဟတ်ယာဉ်များနှင့် ဒုံးကျည်များ ရောင်းချ
ရေးအတွက် နှစ်နိုင်ငံအကြား ဆွေးနွေးပွဲများ
စတင်ခဲ့ပြီးလည်း ဖြစ်သည်။

တရားဝင် သဘောတူညီချက် မရသေးသော်
လည်း အမေရိကန်၏ ကမ်းလှမ်းလာမှုကြောင့်
ဘင်္ဂလားဒေ့ရှ်သို့ အပေါစား စစ်လက်နက်များ
ဈေးချိုချို ဖြင့် အများဆုံး ရောင်းချပေးနေ
သော တရုတ်ပြည်အား အကြီးအကျယ် ထိ
ခိုက်လာနိုင်ဖွယ် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သည့် ဆယ်နှစ်
အတွင်း အမေရိကန်ထံမှ လက်နက် ဒေါ်လာ
သန်း ၁၁၀ ဖိုး ဝယ်ယူခဲ့သော်လည်း ထိုကာ
လအတွင်း တရုတ် ထံမှ ဝယ်ယူခဲ့သည့် ဒေါ်လာ ၂.၅၉ ဘီလီယံ နှင့် နှိုင်းစာလျှင် အမေရိကန်တို့ များစွာ နောက်ကျ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သည် တရုတ်ပြည်နှင့် ဆက်ဆံ
ရေး နွေးထွေးလာနေသဖြင့် ဘရိတ်အုပ်နိုင်
ရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီးမှ
အချိန်မီ ဖုန်းဆက် လာခြင်း ဖြစ်ပြီး လွန်စွာ
အရေးပါသော ဝိသေသ လက္ခဏာများ ဆောင်နေကြောင်း လေ့လာသူများ က သုံးသပ်လျက် ရှိသည်။

တရုတ်ဩဇာ အာဏာသည် ဘင်္ဂလားဒေ့ရှ်
၏ ကုန်သွယ်ရေး နှင့် အခြေခံ အဆောက်
အအုံပိုင်းသာမက ကိုဗစ် ကာကွယ်ရေး
အတွက်လည်း ကုသရေးနှင့် ကာကွယ်ရေး
ပစ္စည်းများ အလုံအရင်းနှင့် ထောက်ပံ့လျက်
ရှိနေပြန်သည်။

အိန္ဒိယ နယ်စပ်နှင့် ကပ်နေသော Sylhet မြို့
တွင် ဒေါ်လာ သန်း ၂၅၀ တန် လေဆိပ်ကြီး
ဆောက်လုပ်ရန် ကန်ထရိုက် ရသွားပြီးနောက်
တရုတ်မှ ဘင်္ဂလားဒေ့ရှ် သွင်းကုန်များအတွက် စီးကြပ်ခွန်အား ၉၀% အထိ လျော့ချ
ပေးခဲ့ပြီ ဖြစ်သည်။

ယခုအခါ အမေရိကန်မှ တရုတ်၏ ရပ်ဝန်းနှင့်
လမ်း စီမံကိန်း အား တန်ပြန်ရန် ၎င်းတို့၏
အင်ဒို-ပစိဖိတ် ဒေသ စီမံချက်များအား
အကောင်အထည်ဖေါ်ရန် အပြင်းအထန် လုံး
ပမ်းလျက် ရှိနေပြီ ဖြစ်သည်။

အိန္ဒိယကလည်း ကော်ရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို တရုတ်နှင့် အပြိုင် ဘင်္ဂလားဒေ့ရှ် ကို အရောက်ပို့နိုင်အောင် အစီအစဉ်တွေ ချနေပြီ ဖြစ်သည်။

မကြာသေးမီကပဲ တရုတ်ရဲ့ Sinovac ဆေး
ကုမ္ပဏီကြီးအား ဗိုင်းရပ်စ် ကာကွယ်ဆေး
အတွက် နိုင်ငံအတွင်း အဆင့် ၃ စမ်းသပ်ရန်
ခွင့်ပြုလိုက်ပြီး အောင်မြင်ပါက တရုတ် နှင့်
ပေါင်းပြီး ပြည်တွင်းမှာ ထုတ်လုပ်နိုင်ဖို့ တဆင့် တက်လှမ်းဖို့ ရှိနေ‌ ပေသည်။

မိမိတို့ နိုင်ငံသည် ပြည်တွင်း ငြိမ်းချမ်းရေး
မဖေါ်ဆောင် နိုင်သမျှ တရုတ်အဖို့ အနိုင်ဖဲ
ကို ရရှိထားပြီး ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်
လို ‌အကူအညီတွေ အများကြီး ပေးစရာ
မလိုပဲနဲ့ ကို ချုပ်ကိုင်ထားနိုင်ပြီ ဖြစ်သည်။
ထို့အပြင် ၎င်းတို့ ငြိုငြင်မည် စိုးသဖြင့်လည်း
အမေရိကန် နှင့် နီးနီးကပ်ကပ် မဆက်ဆံရဲ
ပဲ ဖြစ်နေပြန်သည်။

တိုင်းပြည် စီးပွားရေး တောင့်တင်းမှ ဘင်္ဂလား
ဒေ့ရှ်လို ခေတ်မီ စစ်တပ်ကြီး ထူထောင်နိုင်
မည် ဖြစ်သည်ကို သဘောပေါက်သင့် လှ
သည်၊ အမျိုးဘာသာ သာသနာ အော်နေ၍
လည်း ပြည်ပကျူးကျော်မှုကို မည်သို့မျှ ထိ
ရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဆိုသည်
ကို အချိန်မီ သဘောပေါက်သင့်သည်။

ဤနေရာတွင် ဥပမာ ပြရက ဂျပန်၏ ကာကွယ်ရေး အသုံးစရိတ်သည် ၂၀၁၅ စာရင်းအရ ဂျီဒီပီ၏ ၁% မျှသာ ရှိသည်၊ မည်မျှဟု ထင်ပါသနည်း၊ ဒေါ်လာ ၄၂ ဘီလီယံ ရှိနေသည်။ မြန်မာသည် ၂၀၁၅ တွင် တိုင်းပြည် ဂျီဒီပီသည် ဒေါ်လာ ၆၅ ဘီလီယံ ခန့် ရှိသည်။ အသို့ဆိုက ၁% ဆိုလျင် သန်း ၆၅၀ သာ ရှိ
ပေလိမ့်မည်၊ ဒီနေရာတ္ငင် ဂျပန်နှင့် နှိုင်းယှဉ်
ပြောဆိုနေခြင်းမဟုတ်၊ တိုင်းပြည် စီးပွားတိုတက်မှ ပို၍ သုံးစွဲနိုင်မည်ဖြစ်သည်ကို ပြော
လိုခြင်း ဖြစ်သည်။

လက်ရှိတွင်တော့ တိုင်းပြည် မွဲနေဆဲ ဖြစ်
သည်ကို အမှုမထားပဲ ,၂၀၁၅ တွင် ဒေါ်လာ
၂.၅ ဘီလီယံအထိ ခွဲဝေပေးခဲ့ရသည်၊ ဤသည်က ဂျီဒီပီ၏ ၄% ခန့် ရှိပြီး ဘတ်ဂျက်၏ ၁၅% ခန့် ရှိနေသည်၊ သုံးစွဲနိုင်ခဲ့သည့် ပမာဏ က ၂.၅ ဘီလီယံပင် ရှိသည်။မဟုတ်ပါလား၊ သို့ဆိုက တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်ဆိုသည်က
ပြောင်းပြန် ဖြစ်မနေဖူးလော၊ တပ်မတော်
အင်အား ရှိစေချင်လျင် တိုင်းပြည်အင်အား
ရှိအောင်သာ ပံ့ပိုးပေးရမည် သာပင်ဖြစ်သည်။
လွန်စွာ ရိုးရှင်းပြီး အလယ်တန်းကျောင်းသားပင် နားလည်နိုင်သော သီအိုရီပင် မဟုတ်ပေ
ဘူးလော။

ဘင်္ဂလားဒေ့ရှ်သည် ယခုအခါ ကာကွယ်ရေး အတွက် ဒေါ်လာ ၄.၁ ဘီလီယံ အထိ တိုးမြှင့် သုံးစွဲလာနေပြီး အစိုးရ ဘတ်ဂျက်၏ ၈% သာ ရှိသည်၊ ဂျီဒီပီသည် ယခုနှစ်တွင် ၃၀၂.၄ ဘီလီယံအထိ ရှိလာခဲ့ပြီ ဖြစ်သည်၊ ထို့အတွက် ကောင်းကောင်းသုံးနိုင် ပေသည်။

ဘင်္ဂလားဒေ့ရှ်သည် နယ်ခြားပဋိပက္ခ တခု
ကို အကြောင်းပြပြီး နယ်မြေ အချို့ကို အသာ
လေး သိမ်းယူနိုင်စွမ်းရှိ‌ နေသည်၊ လက်ရှိ ၎င်းတို့ နိုင်ငံတွင်း ရောက်နေသော ဘင်္ဂါလီများကို
ပြန်ပို့ရန် အဆင်ပြေသွားနိုင်သည်လည်း ဖြစ်၍ လုံခြုံရေး သတိရှိသင့်သည်။

လက်ရှိ အနေအထားအရ အမေရိကန်ကော
တရုတ်ကပါ ဘင်္ဂလားဒေ့ရှ်အား အပြိုင်အဆိုင် ဆွဲဆောင်နေပြီ ဖြစ်၍ မိမိနိုင်ငံ နှင့် ပဋိပက္ခ ဖြစ်လာပါက နှစ်နိုင်ငံ အပြစ်ရပ်ရန်သာ ဝင်ရောက် ဖြန်ဖြေပေးမည် ဖြစ်ပြီး ဆုံးရှုံးသွားသော နယ်မြေများ
အတွက် မည်သူမျှ ထိထိရောက်ရောက် ဖြေ
ရှင်းပေးနိုင်မည် မဟုတ် ဆိုသည်ကို သိထား
သင့်ပေသည်။

(၂၀၂၀ စက်တင်ဘာ ၂၂ ရက်နေ့ Nikkei Asia Review စာစောင်ပါ “US uses defense diplomacy to woo Bangladesh away from China” ကို
ကိုးကား သည်)


Spread the love
  •  
  •  
  •  
  •  
  •  
  •