အမေရိကန် FDA က Covid-19 အတွက် ပထမဦးဆုံးနဲ့တစ်ခုတည်းသောဆေးရုံသုံးကုသဆေးအဖြစ် Remdesivir ဆေးကို မနေ့က အတည်ပြု

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🇺🇸 အမေရိကန် FDA က Covid-19 အတွက် #ပထမဦးဆုံးနဲ့တစ်ခုတည်းသောဆေးရုံသုံးကုသဆေးအဖြစ် Gilead ရဲ့ Remdesivir ဆေးကို မနေ့က အောက်တိုဘာလ ၂၂ ရက်နေ့မှာ #အတည်ပြု။

Remdesivir (ရမ်ဒက်ဆီးဗီးယား) ကို မေလကတည်းက FDA က အရေးပေါ်အသုံးပြုခွင့် EUA ထုတ်ပေးထားခဲ့တာဖြစ်ပြီး ယခုမှ Covid-19 ကြောင့် #ဆေးရုံတက်နေရတဲ့လူနာတွေမှာသုံးဖို့အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က WHO က Remdesivir ဆေးဟာ သူတို့တကမ္ဘာလုံးမှာနေရာခွဲစမ်းရာမှာ #လူနာပြန်လည်ကျန်းမာရေးအတွက်ပြောပလောက်အောင်အာနိသင်မရှိဘူးလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် WHO ရဲ့ Remdesivir ဆေးအပေါ် အခုလိုသုတေသနကို #ပြင်ပကျွမ်းကျင်သူတွေကပြန်လည်ဆန်းစစ်မှု Review မလုပ်ရသေးပါဘူး။

ထို့အပြင် စင်ကာပူရှိသမားတော်များရဲ့ Covid ကုသမှုအတွေ့အကြုံအင်တာဗျူးမှာ Remdesivir ဆေးဟာ Covid လူနာတွေကိုကုသရာမှာ #အစွမ်းထက်မှုအထိုက်အလျှောက်ရှိတာတွေ့ရှိရတယ်လို့ သူတို့ကဆိုခဲ့ကြပါတယ်။

Remdesivir ကိုထုတ်လုပ်တဲ့ Gilead ကုမ္ပဏီက WHO ရဲ့စမ်းသပ်ချက်မှာ blinded study မဟုတ်တဲ့အချက်ကိုထောက်ပြခဲ့ပါတယ်။

ဆေးတစ်ခုတကယ်စွမ်းမစွမ်းသိချင်ရင် blinded study လို့ခေါ်တဲ့ လူနာနဲ့ဆရာဝန်တွေဟာ တကယ့် Remdesivir ဆေးလား placebo လားမသိအောင်ပေးပြီးစမ်းသပ်ရပါတယ်။

Remdesivir ဟာ ကမ္ဘာ့နေရာအနှံ့မှာ Covid ရောဂါပြင်းထန်စွာခံစားနေရတဲ့လူနာတွေအတွက် ဆေးရုံမှာသုံးတဲ့ standard of care for patients ဖြစ်လာခဲ့ပါတယ်။

သို့သော် moderately-ill အထိုက်အလျှောက်ရောဂါပြင်းထန်တဲ့လူနာမျိုးမှာတော့ သိသာတဲ့အကျိုးအာနိသင်မတွေ့ရဘူးလို့ဆိုကြပါတယ်။ ဒါ့ကြောင် ဆရာဝန်အတော်များများက သိပ်ရောဂါအခြေအနေမဆိုးရင် သုံးဖို့လက်တွန့်ခဲ့ကြပါတယ်။

Remdesivir ဟာ အမေရိကန်မှာတော့ Veklury ဆိုတဲ့ ဘရန်းနာမည်နဲ့ရောင်းချနေပြီး ငါးရက်စာကုသမှုအတွက် ဒေါ်လာ ၃၁၂၀ ကုန်ကျပါတယ်။အမေရိကန်အစိုးရဈေးကတော့ ငါးရက်စာအတွက် ဒေါ်လာ ၂၃၄၀ ပါ။

အခုအခါမှာ Remdesivir ကို ကမ္ဘာ့နိုင်ငံ ၅၀ မှာ ယာယီအသုံးပြုခွင့်ပေးထားပါတယ်။

မနေ့က ကြာသပတေးနေ့မှာပဲ FDA က Remdesivir ကို #ဆေးရုံတက်နေတဲ့ကလေးတွေမှာ အသက် ၁၂ အောက်တွေအတွက် Remdesivir အကြောဆေးသွင်းဖို့ ကိုယ်အလေးချိန်ပြည့်မီရင် အရေးပေါ်သုံးခွင့် EUA အနေနဲ့ခွင့်ပြုခဲ့ပါတယ်။

Gilead အနေနဲ့ Remdesivir ကို အစွမ်းသတ္တိကိုပိုမိုနားလည်ဖို့ Covid အတွက် အစွမ်းပိုမိုထက်ရန် အခြားကုထုံးတွေနဲ့ ပေါင်းစပ်ပြီး စမ်းသပ်ကြည့်ဖို့ ကြိုးစားနေပါတယ်။

Gilead အနေနဲ့ Remdesivir ကို ဆေးရုံပြင်ပမှာ ရှုဆေးအနေနဲ့သုံးလို့ရနိုင်ဖို့ လည်း ခွင့်ပြုမိန့်ရရန် ကြိုးစားနေပါတယ်။

https://www.facebook.com/109119807474881/posts/172750711111790/?extid=0&d=n

Richard Myo Thant
23-October-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •