အမေရိကန် Minneapolis က ရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ကာ အသစ်ပြန်ဖွဲ့မယ့် သတင်းအပါအဝင်June 9 ရက် COVID ကာလသတင်းစုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အမေရိကန် Minneapolis က ရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ကာ အသစ်ပြန်ဖွဲ့မယ့် သတင်းအပါအဝင်June 9 ရက် COVID ကာလသတင်းစုံ

🇲🇲 #မြန်မာနိုင်ငံမှာ ယနေ့အထိ COVID-19 တွေ့သူ ( 244 ) ယောက်ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ ကုသမှုခံယူပြီးပိုးကင်းစင်သွားသူ ( 159 ) ယောက်ရှိသွားပါပြီ။

🌎 ကမ္ဘာမှာ ပိုးတွေ့သူ ( 7.19 ) သန်း ရှိသွားပါပြီ။ တစ်ရက်ကို 2 သိန်းနီးပါး အသစ်တိုးနေတာပါ။
——————————
☕🍔 အချိန်ရသလောက် သတင်းအတိုအထွာအချို့ကို “5 မိနစ်သတင်းကဏ္ဍ” အနေနဲ့ တင်ဆက်ပေးပါမယ်။

🇺🇸 အမေရိကန်မှာ ဆန္ဒပြမှုဟာ 2 ပတ်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ပြဿနာစဖြစ်စေခဲ့တဲ့ Minneapolis က ရဲတပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ကာ အသစ်ပြန်ဖွဲ့မယ်လို့ဆိုပါတယ်။

ပြဿနာကိုဖြစ်စေခဲ့တဲ့ Minneapolis ရဲတပ်ဖွဲ့က လူသတ်ကောင် Derek Chauvin ကို အာမခံကြေး ဒေါ်လာ 1 သန်းသတ်မှတ်လိုက်ပါတယ်။

Seattle မှာ လူတစ်ယောက်ဟာ ဆန္ဒပြနေတဲ့လူအုပ်ထဲ ကားမောင်းဝင်ခဲ့ပြီး သူ့ကိုပြဿနာလာရှာတဲ့လူကို သေနတ်နဲ့ ပစ်ခဲ့ပါတယ်။ ပြီးတော့ရဲဆီမှာ အဖမ်းခံလိုက်ပါတယ်။

▪️အကြမ်းဖက်မှု၊ လုယက်မှုတွေကြောင့် စီးပွားရေးထိခိုက်လာတဲ့ ပြည်သူတွေထဲမှာလည်း ဆန္ဒပြမှုကို ဆန့်ကျင်တဲ့သူတွေရှိလာခဲ့ပြီ ဖြစ်ပါတယ်။

▪️ Minneapolis တစ်မြို့တည်းမှာတင် အပျက်အဆီးအတွက် အာမခံပေးလျှော်ရမှု ဒေါ်လာ 55 သန်းဖိုးရှိခဲ့ပါတယ်။

▪️အမှတ်တရရုပ်တုတွေ၊ အထိမ်းအမှတ်တွေတော်တော်များများဟာလည်း ဖျက်ဆီးဖယ်ရှားခံရတာ ဆေးခြယ်ဖျက်ဆီးခံရတာတွေလည်း ရှိပါတယ်။

♦️ ဘယ်သူ့ပစ္စည်းပဲ ဖျက်ဆီးခံရခံရ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးခံရလည်း နောက်ဆုံးတော့ တိုင်းပြည်ပဲနစ်နာတာပါ။

CrossFit ရဲ့ CEO က FLOYD-19 လို့ခေါ်ခဲ့လို့ လူတွေကမကျေမနပ်ဖြစ်နေကြပါတယ်။

♦️ နိုင်ငံတကာမှာလည်း ဒီမိုကရေစီနိုင်ငံတွေမှာ ဆန္ဒပြမှုတွေရှိခဲ့သလို လူ့အခွင့်အရေးမရှိတဲ့နိုင်ငံတွေက ထူးဆန်းစွာ #အသံကောင်းတွေဟစ်လာတာတွေ့ရပါတယ်။

ကျုးဘား၊ ဗင်နီဇွဲလား၊ ရုရှား၊ တရုတ်နိုင်ငံတို့က Black lives matter လို့ ပြောနေကြပေမယ့် သူတို့ရဲ့အတိတ်ကလုပ်ရပ်တွေနဲ့ အခုပြောနေတာနဲ့က တခြားစီပါ။

▪️တရုတ်ပြည်ဆိုရင် Black lives matter သာအော်နေတာ အာဖရိကနိုင်ငံသားတွေကို ကွမ်ကျိုးမှာ ပြီးခဲ့တဲ့မတ်လတုန်းကမှ နွားမောင်းသလိုမောင်းခဲ့တာပါ။

🇬🇧 ဗြိတိန်မှာ ဆန္ဒပြတဲ့လူအုပ်ကြီးက ကျွန်ကုန်သည် Edward Colston ရဲ့ ရုပ်တုကို ဖယ်ရှားခဲ့ပြီးတော့ မြစ်ထဲပစ်ချခဲ့ကြပါတယ်။

အာဏာပိုင်တွေက ဒီလိုမျိုး ဂုဏ်သရေမဲ့တဲ့ လုပ်ရပ်မျိုးကို စုံစမ်းအ​ရေးယူမယ်လို့ ဆိုပါတယ်။

🇸🇪 ဆွီဒင်နိုင်ငံဟာ ဥရောပမှာ သူများတွေ lockdown လုပ်ချိန်မှာ lockdown မလုပ်ပဲ ဆိုင်တွေ ကျောင်းတွေ ဆက်ဖွင့်ခဲ့ပါတယ်။

သို့သော်လည်း Covid ကြောင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး စီးပွား​ရေးကျဆင်းမှုကတော့ ကျဆင်းနေမြဲဆိုတာ တွေ့ရတယ်လို့ SEB bank က ပြောပါတယ်။

🇵🇱 ပိုလန်နိုင်ငံမှာ Covid-19 လူနာတွေ့နှုန်းမြင့်တက်နေပါတယ်။ စနေနေ့မှာ အသစ် 576 ယောက်တွေ့ခဲ့ပြီး တနင်္ဂနွေနေ့မှာ 575 ယောက်တွေ့ခဲ့ပါတယ်။

အခုတွေ့တဲ့ထဲက 3 ပုံ 2 ပုံကျော်ဟာ ကျောက်မီးသွေးတွင်းမိုင်းက ဝန်ထမ်းတွေလို့ဆိုပါတယ်။

ကျောက်မီးသွေးတွင်းတွေအတွင်းမှာ လေဝင်လေထွက်နည်းပြီး ပိုပြီးကူးစက်ဖို့လွယ်ပါတယ်။

🇰🇵 မြောက်ကိုရီးယားက ဒီနေ့ June 9 ရက်နေ့မှာ တောင်ကိုရီးယားနဲ့ သမ္မတချင်းချိတ်ဆက်ထားတဲ့ ☎️ အရေးပေါ်ဖုန်းလိုင်းတွေ၊ အဆက်ကသွယ်တွေကို ဖြတ်တောက်ပစ်မယ်လို့ ဆိုလိုက်ပြန်ပါတယ်။

🇸🇬 စင်ကာပူမှာ part-time အချိန်ပိုင်း ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဟာ အမျိုးသမီးအတွင်းခံဘောင်းဘီနဲ့ ဘော်လီတွေကို Covid circuit breaker ကာလအတွင်းမှာ လိုက်ခိုးဖို့ ကြိုးစားခဲ့တာကြောင့် ထောင်ဒဏ် 6 လနီးပါးလောက်ကျသွားပါတယ်။

အသက် 39 နှစ်အရွယ် Lee Chee Kin ဆိုသူဟာ စုစုပေါင်း ဘရာစီယာ 👙 34 ခု၊ အမျိုးသမီး အတွင်းခံဘောင်းဘီ 42 ခုနဲ့အတူ အိမ်မှာဖမ်းမိခဲ့တာပါ။

အရင်ကတည်းက အဲ့ဒီအမှုမျိုး ရင်ဆိုင်နေရတာကို Circuit breaker ကာလမှာ မနေနိုင်ပဲ ထပ်ပြီးထွက်ခိုးရာကနေ ထောင်ချခံခဲ့ရတာပါ။

👙 စင်ကာပူမှာ အမျိုးသမီးအတွင်းခံခိုးတဲ့လူတွေကို မိတဲ့သတင်းကို မကြာခနကြားရလေ့ရှိပါတယ်။ အိမ်ရှေ့ CCTV ကနေကြည့်ပြီး ဘယ်သူခိုးမှန်းသိကြတာပါ။

အရင်က တရားရုံးတင်လေ့ရှိပေမယ့် အခုအခါ Covid ကာလအတွင်း Mask မတပ်ပဲ ထွက်ခိုးလို့ ထောင်ဒဏ်ပိုချလိုက်တာပါ။

🇳🇿 နယူးဇီလန်မှာ COVID-19 လူနာမရှိတော့ပါ။ အားလုံးကုသပျောက်ကင်းသွားပြီလို့ ဆိုပါတယ်။

♦️ ဒါ့ကြောင့် COVID-19 နဲ့ပတ်သက်ပြီး တားမြစ်ပိတ်ပင်ထားတာတွေ အကုန်လုံးကို လျော့ပေါ့ပေးတော့မယ်လို့ဆိုပါတယ်။

👉 Social distancing ကို June လ 9 ရပ်နေ့ကစတင်ပြီး ရပ်တန့်တော့မယ်လို့ ဆိုပါတယ်။

#မြန်မာပြည်မှာလည်းအဲ့ဒီလိုနေ့မျိုးမြန်မြန်ရောက်စေချင်လှပါပြီ။

🎥 🎞️ နယူးဇီလန်က Avatar ရုပ်ရှင်အဆက်ကို စတင်ပြီးရိုက်ကူးတော့မယ်လို့ဆိုပါတယ်။

ပြည်ဝင်ခွင့်ပိတ်ထားပေမယ့် Avatar ရိုက်ဖို့အတွက် လိုအပ်မယ့်ရုပ်ရှင်အဖွဲ့သားတွေကိုတော့ နယူးဇီလန်ကို လာခွင့်ပြုမယ်လို့ဆိုပါတယ်။

🇳🇬 နိုင်ဂျီးရီးယားနိုင်ငံမှာ အသက် 17 နှစ်အရွယ် ကလေးမတစ်ယောက်ဟာ ရည်းစားနောက်ခိုးရာလိုက်ပြေးရာက ပြန်ပြေးဆွဲခံရဟန်ဆောင်ပြီး မိဘတွေဆီက ငွေကြေးတောင်းခံခဲ့ပါတယ်။

♦️ နိုင်ဂျီးရီးယားမှာ ထင်ရှားသူတွေ၊ ရေနံကုမ္ပဏီဝန်ထမ်းတွေ၊ အားကစားသမားတွေနဲ့ ငွေရှိတဲ့လူတွေရဲ့ဆွေမျိုးတွေဟာ မကြာခန ပြန်ပြေးဆွဲခံရလေ့ ရှိပါတယ်။

အခုကိစ္စမှာ ရဲက ကလေးမလေး ပြန်ပြေးဆွဲခံရမှုကို လိုက်စုံစမ်းရင်း ခိုးရာလိုက်ပြေးရာက မိဘဆီကငွေပြန်လိမ်တောင်းတဲ့ သမီးမိုက်ဖြစ်နေကြောင်း တွေ့ခဲ့ရပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံ Kerala မှာ bus ကားမောင်းသူတစ်ဦးဟာ Covid ကာလအတွင်းမှာ အလုပ်အကိုင်လျော့ပါးလာပြီး ငွေကြေးကျပ်တည်းလာတဲ့အတွက် ကိုယ့်ဟာကိုယ် သတ်သေသွားပါတယ်။

♦️ ကမ္ဘာအနှံ့ Covid ကာလအတွင်း ငွေကြေးကျပ်တည်းမှုကြောင့် stress ပိနေတဲ့သူတွေ အလွန်များနေပါတယ်။ နောက်လအနည်းငယ်အတွင်း ဒီ့ထက်ပိုများလာဖို့ ရှိပါတယ်။

🇸🇦 ဆော်ဒီအာရေးဗီးယားက လင်မယားနှစ်ယောက်ဟာ သားယောက်ျားလေးမွေးခဲ့ရာမှာ ကလေးကင်ပွန်းတပ်ဖို့ #နာမည်ရွေးချယ်ရင်းစကားများကာ လင်မယားကွဲခဲ့ကြပါတယ်။

လင်ဘက်ကလည်း သူ့မိဘနာမည်ပါအောင်ထည့်မှည့်ချင်သလို မယားဘက်ကလည်းသူမိဘတွေနာမည်ပါချင်ပါတယ်။

အဲ့ဒီမှာ သဘောတူညီချက်မရရာက “နင့်အဖေနာမည်ထည့်ရအောင် နင့်အဖေက ဘလာဘလာ…. ငါ့မိဘမှ ဘာညာ စသည်ဖြင့်” သူ့မိဘ ကိုယ့်မိဘအကြောင်းတွေ ငယ်ကျိုးငယ်နာတွေ ဖော်ကြရာက ပြဿနာတက်ပြီးကွဲကြတာပါ။

♦️ ကလေးတစ်ယောက်မွေးလာပြီဆိုကတည်းက မိသားစုတစ်စုရဲ့ Lifestyle ပြောင်းသွားပါတယ်။ အဲ့ဒါကို #လိုက်လျောညီထွေညှိနှိုင်းနိုင်ဖို့လိုပါတယ်။

🇮🇳 အိန္ဒိယနိုင်ငံက Bollywood မင်းသမီး Priyanka Chopra က အမေရိကန်ကို ဝေဖန်လိုက်ပြီး Black lives matter လို့ဆိုလိုက်ပါတယ်။

အခုတလော ကမ္ဘာတလွှားမှာ အားလုံးက Black lives matter လို့အော်နေကြပေမယ့် တကယ်ပဲ လူမျိုးရေးခွဲခြားမှုကို ဝေဖန်ချင်တာလား ကြားကောင်းအောင်အော်တာလား မကွဲပြားပါ။

အိန္ဒိယရုပ်ရှင်မင်းသမီး Priyanka Chopra ကို Black lives matter လို့တကယ်ပဲ စိတ်ထဲမှာရှိနေရင် ဘာကြောင့် #အသားဖြူဆေးခရင်တွေကိုအသားဖြူအောင်သုံးသလဲလို့ လူတွေက မေးခွန်းထုတ်နေကြပါတယ်။

ပြီးတော့ သူဟာ ရုပ်ရှင်ကားတစ်ကားမှာ လူမည်းနဲ့ အတူအိပ်မိလို့ အရှက်ရတဲ့အခန်းမှာ သရုပ်ဆောင်ဖူးပါတယ်။

အိန္ဒိယရုပ်ရှင်မင်းသမီး Kangana Ranaut က အိန္ဒိယက #ဆယ်လီမင်းသားမင်းသမီးတွေဟာ အသားဖြူဆေးအမျိုးမျိုးကို သုံးနေကြပြီးတော့ အခုကျမှ Black lives matter လို့ အော်နေတာမရှက်ဘူးလားလို့ ဆိုလိုက်ပါတယ်။

———————————-
🌍 ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 7189574 ယောက်၊ သေသူ 408238 ယောက်။ ပြန်ကောင်းသူ 3530679 ယောက်။

👉 အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။ 16% မှ ကျလာတာပါ။

👉 ပိတ်လိုက်တဲ့ case 3938917 မှာ 3530679 ပြန်ကောင်းပြီး 408238 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 🔻11% ဖြစ်ပါတယ်။
——————————
🇺🇸 အမေရိကန်မှာ ရောဂါတွေ့သူ စုစုပေါင်း 2026199 သန်းရှိသွားပါပြီ။ မနေ့က 18750 ယောက်အသစ်တိုးပါတယ်။ ဆန္ဒပြမှုနဲ့ ပိုဆိုးနိုင်ပါတယ်။

🇧🇷 ဘရာဇီးက တွေ့သူ 710887 ယောက်ရှိသွားပါပြီ။ မနေ့က 18925 ယောက်အသစ်တိုးပါတယ်။

🇮🇳 အိန္ဒိယက တွေ့သူ 265928 ယောက်ရှိသွားပါပြီ။ မနေ့က 8442 ယောက်အသစ်တိုးပါတယ်။ ပိုလို့တိုးလာနေပါတယ်။

🇨🇳 တရုတ်ပြည်မှာ မနေ့က အသစ် 6 ယောက်တွေ့ခဲ့ပါတယ်။ asymptomatic 5 ယောက်ပါ ထပ်တွေ့ပါတယ်။

🇧🇩 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တွေ့သူ 68504 ယောက်ရှိသွားပါပြီ။ သေဆုံးသူ 930 ယောက်ရှိပါပြီ။ မနေ့က 2735 ယောက်အသစ်တိုးပါတယ်။

Richard Myo Thant
9-June-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •