အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (NHL)သည် SARS CoV-2 စစ်ဆေးရာတွင် ၁၀၀%မှန်ကန်မှုရှိကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှ ထောက်ခံ
အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသည် ၂၀၂၀၊ ဖေဖော်ဝါရီလ ၂၀ရက်နေ့မှ စတင်၍ COVID-19 ဓါတ်ခွဲ စစ်ဆေးမှုများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ တနိုင်ငံလုံးရှိ COVID-19 ဓါတ်ခွဲ စစ်ဆေးနေသော ဓါတ်ခွဲခန်းများ၏ အရည်အသွေး (Quality) အတွက် National External Quality Assessment Scheme (NEQAS) provider အနေနှင့်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
မိမိ၏ ဓါတ်ခွဲခန်း အရည်အသွေးအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြုလုပ်သော Global PCR- External Assessment Program for SARS CoV-2 ကို ၂၀၂၀ သြဂုတ်လတွင် ပါဝင်ခဲ့ရာ ၁၀၀%မှန်ကန်မှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၁၁.၉.၂၀၂၀ တွင် အကြောင်းပြန်ကြားလာပါသည်။