အမျိုးသားတွေ ကိုဗစ်ကြောင့်ဥတွေရောင်လာတဲ့ကိစ္စ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🙈 #ကိုဗစ်ကြောင့်ဥတွေရောင်လာတဲ့ကိစ္စ။

⁉️ Covid ဟာ #ရေရှည်ထိခိုက်မှုတွေဖြစ်စေသလားလို့မေးကြပါတယ်။ အဲ့ဒီအကြောင်းသပ်သပ်ရေးပါ့မယ်။

ရေးစရာတွေကအတော်များပါတယ်။ တတ်နိုင်သလောက်ရေးပါ့မယ်။ သည်းခံပေးကြပါ။

လောလောဆယ် Covid ကြောင့် #အမေပေးတဲ့ဥနှစ်လုံးရောင်နေတဲ့ case တစ်ခုအကြောင်းပြောပြပါမယ်။

🇺🇸 အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် San Antonio ရှိ အသက် ၃၇ နှစ်ရှိ လူတစ်ယောက်ဟာ Covid ရောဂါကူးစက်ခဲ့ပါသတဲ့။

Covid ရောဂါပိုး positive ဖြစ်ပြီး ၁၀ ရက်ကျော်အကြာမှာမှ #မွေးရာပါဥနှစ်လုံးကရောင်ကိုင်းလာပါရောဗျာ။

#အဲ့ဒီဥတွေကရောင်ပြီးနာလာတဲ့အပြင် ချောင်းဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ကြွက်သားတွေနာတာတွေဖြစ်လာပါတယ်။

အခုတော့ သောက်ဆေး၊အကြောဆေးတွေပေးပြီး ဆေးရုံကပေးဆင်းထားပါတယ်။

#ဥတွေရောင်ပြီးနာကျဉ်တာတော့အနည်းငယ်သက်သာလာပါသတဲ့။

အဲ့ဒါမျိုးကို Covid complications (#ကိုဗစ်ကြောင့်ထပ်တိုးရောဂါတွေဝင်ခြင်း) လို့ခေါ်ပါတယ်။ ပထမရောဂါကိုကုသနေစဉ်မှာ နောက်ရောဂါတွေပါပါလာတာပေါ့။

ဒီအကြောင်းနောက်မှ အသေးစိတ်ရေးမှာမို့ အခုဥအကြောင်းပဲဆက်ပါရစေ။

🦠 Covid-19 ဖြစ်စေတဲ့ Sars-CoV-2 ဗိုင်းရပ်စ်က လူကိုတိုက်ရိုက်ဒုက္ခပေးတာထက် နောက်ရောဂါအစုံဝင်နိုင်အောင် ကိုယ်တွင်းအင်္ဂါတွေကို ဒုက္ခပေးတာ၊ ဘက်တီးရီးယားစတာတွေကိုဝင်နိုင်အောင် လမ်းကြောင်းပွင့်သွားကာ secondary infection ဖြစ်စေတတ်ပါတယ်။

Covid ပိုးက အားပျော့နေပြီ မသေတော့ဘူးသိလားလို့ ခပ်ပေါ့ပေါ့ပြောတဲ့လူတွေကို ကျနော်ဘာပြောရမှန်းမသိပါ။

ကြောက်လည်းမကြောက်စေချင်သလို၊ မကြောက်ပဲစည်းမဲ့ကမ်းမဲ့နေချင်သလိုနေတဲ့အကျင့်ကိုလည်း မုန်းပါတယ်။

အခု Covid-19 ကပ်မှာ အဲ့ဒီလိုစည်းမဲ့ကမ်းမဲ့ ခပ်ပေါ့ပေါ့သမားတွေကြောင့် ပတ်ဝန်းကျင်ကမိသားစုတွေရော အလုပ်ထဲကလူတွေကိုပါထိခိုက်စေပါတယ်။

Covid complications ဟာ အများကြီးရှိပါတယ်။ ကလေးတွေမှာ ဆီးချို type-1 အထိဖြစ်စေနိုင်ပါတယ်။

Sars တို့ Mars တို့တုန်းကလည်း အခုလိုမျိုးပွားအင်္ဂါတွေမှာ ရောဂါဝင်တာဖြစ်ဖူးပါတယ်။

ဥရောင်တော့ဘာပြဿနာဖြစ်နိုင်သလဲ⁉️

▪️အခုအသက် ၃၇ နှစ်ရှိလူမှာ သုက်ပိုးရဲ့စွမ်းအားထိခိုက်တာဖြစ်နိုင်ပါသတဲ့။

▪️အခုလို ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးမျိုးပွားအင်္ဂါတွေရောင်ရမ်းလာခြင်းဟာ သွေးပစ်လာမှုနဲ့ ပတ်သက်ပါတယ်။

▪️မျိုးပွားအင်္ဂါတွေထဲကိုသွေးတွေပိုဝင်လာပြီးပျစ်လာတဲ့အခါမှာ ဥတွေရောင်ရမ်းကာနာကျဉ်လာလိမ့်မယ်။

▪️ထောင်မတ်ပြီးမောင်သံချောင်းဖြစ်လာပေမယ့်နာကျဉ်မှုဝေဒနာကိုခံစားရလိမ့်မယ်။

ဥရောင်တဲ့ပြဿနာမျိုးကဖြစ်တတ်သလား⁉️

▪️STIs လို့အတိုကောက်ခေါ်တဲ့ လိင်ဆက်ဆံရာကနေကူးစက်ခြင်း (Sexually-transmitted infection) သို့မဟုတ် ဆီးလမ်းကြောင်းထဲကို ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားဝင်လို့ဖြစ်ဖြစ် ဥရောင်တတ်ပါတယ်။

▪️အသက် ၁၄ နှစ်အရွယ် Covid ရောဂါပိုးရှိနေတဲ့ ကောင်လေးတစ်ယောက်မှာ ဥရောင်တာဖြစ်ခဲ့ပါသတဲ့။ ဒါပေမယ့်တခြားမျိုးပွားအင်္ဂါနေရာကို ထိခိုက်စေတယ်လို့ပြောပြီး ဘယ်နေရာလို့မပြောပါ။

🥚🥚 #ဘာလို့အမေပေးတဲ့ဥတွေကိုမှလာပြီးထိခိုက်ရသလဲဗျာ⁉️

▪️အမျိုးသားတွေရဲ့ ဥတွေမှာ ကျားဟော်မုန်း (testosterone) ထုတ်ပေးတဲ့ Leydig cells တွေရှိပါတယ်။

▪️နယူးယောက်ရှိ Montefiore Medical Center က သုသေသနအဖွဲ့ရဲ့အပြောအရ #ယောက်ျားတွေရဲ့ဥတွေဟာ ACE2 receptor အများဆုံးနေရာတစ်ခုဖြစ်ပါသတဲ့။

(ACE2 receptor = Covid ရောဂါပိုးကို လူ့ကိုယ်ခန္ဓာကဆဲလ်တွေထဲဝင်နိုင်အောင်လက်ခံချိတ်ဆက်ပေးသောအရာ)

▪️ဒါ့ကြောင့် Covid ပိုးက ဥတွေထဲဝင်နိုင်လို့ ရောင်ကိုင်းနာကျဉ်ရတာဖြစ်ပါသတဲ့။

▪️သို့သော်တိတိကျကျကြီးတော့မပြောနိုင်သေးပါဘူး။

#ဒါဆိုရင်မိန်းမတွေကျတော့ရောဗျာ⁉️

▪️မိန်းမတွေမှာဥမှမရှိပဲဟ။ ဘယ်နှယ့်သွားရောင်ရမတုန်း။

#ဟိုသားဥအိမဘှာညာ 👈👀

▪️မတရားတဲ့ကိစ္စကတော့ အဲ့ဒီသားဥအိမ်တွေမှာ ACE2 receptor နည်းနည်းလေးပဲတွေ့ရပါသတဲ့။

▪️အဲ့ဒါကြောင့်ကြည့်လိုက်လေ Covid ကြောင့်သေတဲ့အထဲမှာ ယောက်ျားတွေက အများကြီးပိုသေကြတယ်မလား။

အဲ့….အဲ့… ဒီလူဘယ်လိုဖြစ်သလဲသေချာပြန်ပြောပါအုံး။

▪️ကိုယ့်ဟာကိုယ်ငုံ့ကြည့်ပြီးလန့်နေပြီမလား⁉️

▪️အဲ့ဒီလူက ဘယ်ကနေ Covid ကူးလာမှန်းမသိဘူး။

▪️ဖျားပြီးချောင်းဆိုးတာ ၁၀ ရက်ကြာမှ ဆေးခန်းကိုပြေးလာတယ်။

▪️လွန်ခဲ့ ၃ ရက်လောက်ကစပြီး ဥတွေနာလာသတဲ့။ အစကတော့ဘာမှမဖြစ်ပေမယ့် #လူကအရေးမကြီးဘူး၊ #ဥကအရေးကြီးတော့ ဥမပြီးပြေးလာတာပေါ့။ အဲ့ဒီလိုယောက်ျားတွေဟာဥကိုချစ်ကြတာ။

▪️စမ်းသပ်ကြည့်တော့ အပူချိန် 38.2 C ( ဖာရင်ဟိုက်နဲ့ပြောရင် 100.8 F) ကိုယ်ပူချိန်ရှိနေတယ်။

▪️အသက်ရှုချိန်မှာ ဆူညံသံပျော့ပျော့ (mild rattling sound) ကြားရတယ်။

▪️လိင်ကနေကူးသလားသိအောင် STIs စစ်ကြည့်တော့ အဖြေက negative ဖြစ်နေတယ်။

▪️အာထရာဆောင်းရိုက်ကြည့်တော့ သူ့မျိုးပွားအင်္ဂါတွေထဲမှာ သွေးစီးဆင်းတာများနေသတဲ့။

▪️သူ့ကို သောက်ဆေးစားဆေးတွေပေးပြီး အနာသက်သာအောင်နဲ့ ဘက်တီးရီးယားဝင်ပြီး secondary bacterial infection မဖြစ်အောင်လုပ်ပေးပါတယ်။

တခြားစမ်းသပ်မှုတွေရှိဖူးလား⁉️

▪️တရုတ်ပြည် Nanjing Medical University က Covid ကြောင့်သေတဲ့လူတစ်ယောက်နဲ့ ပြန်ကောင်းလာတဲ့ ယောက်ျား ၁၁ ယောက်ဆီကနေ သုက်ပိုးယူပြီးစစ်ဆေးကြည့်ပါတယ်။

▪️သုက်ပိုးထဲမှာ Covid ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး မတွေ့ရပါတဲ့။

အဲ့ဒီတော့ရေရှည်ပြဿနာပေးနိုင်လား⁉️

▪️Covid ကြောင့်ဥရောင်တာကတော့ ရှားရှားပါးပါး case ပါပဲ။

▪️San Antonio က ဆေးပညာရှင်တွေအပြောအရ ကိုရိုနာဗိုင်းရပ်စ်အခြားအမျိုးက #သုက်လွှတ်ပြွန်ကိုပျက်စီးစေမှုရှိတယ်လို့တွေ့ရတယ်။

▪️သုက် sperm အရမ်းနည်းတာ၊ လုံးဝမတွေ့တာအထိဖြစ်တတ်ပါသတဲ့။

▪️ဒီကိစ္စဟာ ဆက်လက်လေ့လာရမယ့်ကိစ္စဖြစ်ပြီး အပြည့်အဝနားမလည်သေးပါဘူး။

ဒါဆိုရင်ကိုယ့်ဥကိုကိုယ်စောင့်ရှောက်မှဖြစ်မှာပေါ့ ⁉️

▪️သေချာတာပေါ့။ အမျိုးသမီးတွေကလည်း ကိုယ့်လူကိုကိုယ် တိုးတိုးတိတ်တိတ် ကြိတ်သတိပေးထားပေါ့။

▪️ဒါမှမဟုတ် ကိုဘယ်သူလာဖတ်ဘာညာနဲ့ လက်တို့လို့လည်းရပါဒယ်။

👉 ဒါဆိုဗျာ… လူကအရေးမကြီးပေမယ့် ဥကအရေးကြီးတဲ့အတွက် ဒီနေ့ကစပြီး mask 😷 တပ်တော့မယ်၊ လက်ကိုသေချာခဏခဏဆေးမယ်၊ ခပ်ခွာခွာနေမယ်။

#ဥလုံခြုံရေးအတွက်အတတ်နိုင်ဆုံးစည်းကမ်းလိုက်နာတော့မယ်။

👉 အင်း… အဖြစ်သင့်ဆုံးအရာတွေပေါ့ဗျာ။ 🧐

ကိုယ့်ဟာကိုယ်ငုံ့ကြည့်ပြီးလန့်နေလို့ဘယ်ရမလဲ စည်းကမ်းရှိကြ လုံခြုံရေးကိုဂရုစိုက်ကြပေါ့။

ကောင်မလေးတွေကလည်း ကိုကိုရေ 😷 mask တပ်ပါ၊ လက်ဆေးပါသေချာမှာကြပေါ့။

https://www.facebook.com/Richard-Myo-Thant-109119807474881/

https://www.facebook.com/richard.myothant

Richard Myo Thant
4-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •