ဒေါက်တာဇော်မြင့်မောင်နှင့် ရမည်းသင်းခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ဒုတိယဥက္ကဋ္ဌ(၂)
ဒေါက်တာဇော်မြင့်မောင်နှင့် ရမည်းသင်းခရိုင်/မြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရမည်းသင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရမည်းသင်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တို့ တွေ့ဆုံပွဲကို ဇူလှိုင်လ ၁၈ ရက် နံနက် ၉ နာရီအချိန်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရမည်းသင်းမြို့နယ်ရုံး၌ ကျင်းပသည်။

 

တွေ့ဆုံစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဒုတိယဥက္ကဋ္ဌ(၂)၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ စည်းလုံးညီညွတ်ဖို့ အရေးကြီးကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲက မကြာခင် ကျင်းပတော့မှာဖြစ်သည့်အတွက် တစ်သားတည်းဖြစ်သည့် ညီညွတ်မှုမျိုး လိုအပ်ကြောင်း၊ မကြာခင်ကာလမှာ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ ရွေးချယ်တော့မှာ ဖြစ်ကြောင်း၊ ကိုယ်စားလှယ်တွေ ရွေးချယ်တော့မှာဖြစ်တဲ့အတွက် သူ့လူ မပါလို့ ငါ့လူ မပါလို့ ဆိုပြီး အောင်နိုင်ရေး မလုပ်လို့ မရကြောင်း၊ အနစ်နာခံ လုပ်ချင်လို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် ကိုယ့်စိတ်နဲ့ကိုယ် ဝင်လာကြတာဖြစ်ကြောင်း၊ စည်းရုံးရေးတာဝန် ထမ်းဆောင်ဖို့ ပါတီဝင်တိုင်းမှာ တာဝန်ရှိကြောင်း၊ ပါတီရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးဖို့ လိုအပ်ကြောင်း၊ သူ့လူ ငါ့လူ ရွေးလို့ မရကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဦးတည်ပြီးတော့ ကျွန်တော်တို့ အဖွဲ့ဝင်တွေ အားလုံး ကြိုးစားပမ်းစား ဆောင်ရွက်စေချင်ကြောင်း မှာကြားခဲ့သည်။

 

တွေ့ဆုံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးနှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော ဝန်ကြီး ဒေါက်တာစိုးသန်း၊ ဝန်ကြီး ဦးဇာနည်အောင်၊ ဝန်ကြီး ဦးမျိုးသစ်၊ ဝန်ကြီး ဦးအောင်ကြည်၊ ဝန်ကြီး ဦးစိုင်းပန်းဆိုင်တို့ တက်ရောက်ကြသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •