အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ကျင်းပ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့(ဩဂုတ် ၂၃) မွန်းလွဲ ၂နာရီခွဲအချိန်က နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ဖွင့်လှစ်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်(ရုံးခွဲ)တွင် ပြုလုပ်သည်။
အစည်းအဝေးသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယဥက္ကဋ္ဌ-၁ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒုတိယဥက္ကဋ္ဌ-၂ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်၍ ပါတီကိစ္စရပ်များ၊ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးကိစ္စရပ်များ ဆွေးနွေးကြကြောင်း သိရသည်။

Spread the love
  •  
  •  
  •  
  •  
  •  
  •