အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှေ့ပိုင်းခရိုင်ရုံးခန်းကို ဒီကနေ့မှစ၍ ယာယီပိတ်ထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရှေ့ပိုင်းခရိုင်ရုံးခန်းကိုဒီကနေ့မှစ၍ ယာယီပိတ်ထားတယ်လို့သိရပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရှေ့ပိုင်းခရိုင် အလုပ်အမှုဆောင်အဖွဲ့ ရုံးခန်းတည်ရှိရာသင်္ဃန်း ကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက် သံသုမာလမ်းရှိ တိုက်၏ မြေညီထပ်၌ COVID-19 အတည်ပြုလူနာသစ်(၂)ဦး တွေ့ရှိတာကြောင့်၁၃-၉-၂၀၂၀ ည က ထိုတိုက်ကို Lockdown ပြုလုပ်ထားလိုက်တာပါ။

 

ရုံးခန်း ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ကြေညာပေးပါမယ်လို့NLD အရှေ့ပိုင်းခရိုင် သတင်းနှင့် ပြန်ကြားရေးကပြောပါတယ်။

 

Photo: အရှေ့ပိုင်းခရိုင် သတင်းနှင့် ပြန်ကြားရေး


Spread the love
  •  
  •  
  •  
  •  
  •  
  •