အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော် ကျင်းပ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော် ကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်ကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကိုဗစ် – ၁၉ ကာလ စည်းကမ်းများနှင့်အညီ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မဟာဝိဇယရံသီစလေကျောင်းတိုက်၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သီရိရတနာတောရမဂ္ဂင်ကျောင်းတိုက်နှင့် မဟာသုခသမ္ပတ္တိကျောင်းတိုက်တို့တွင် ကျင်းပပြုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ-၂ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးတင်ကိုကိုနှင့် မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်များ၊ ပါတီဝင်များ တက်ရောက်၍ ကထိန်သင်္ကန်းနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီး၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်တော်အဖြစ် မဟာဝိဇယရံသီစလေကျောင်းတိုက်၊ သီရိရတနာတောရမဂ္ဂင်ကျောင်းတိုက်နှင့် မဟာသုခသမ္ပတ္တိကျောင်းတိုက်တို့အား နဝကမ္မအလှူတော်ငွေ စုစုပေါင်း ကျပ်သိန်း (၈၀)ကျော်နှင့် ကထိန်သင်္ကန်းများ လှူဒါန်းခဲ့ကြသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •