အမြန်လမ်းတံတားပေါ်မှ ကားများ ဘာကြောင့်ချောက်ထဲကျရသလဲ (Road Safety အမြင်)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

ဒီနေ့အမြန်လမ်းမှာ တံတားပေါ်က ကားတစီးကျော်ကျပြီး ကားမောင်းသူသေဆုံးခဲ့ပါတယ်။
လင့် ဝင်ကြည့်ရန်

https://www.facebook.com/787513831368044/posts/2912510732201666/?d=n

မရေးတော့ဘူးဆုံးဖြတ်ထားတာ CB ကလာမေးနေကြတာရယ်၊

ပြောစရာရှိလို့ပြောပေးနေရင် ပြင်စရာရှိရင်ပြင်လိုက်မယ် ဆိုရင် နောင် အလားတူ အဖြစ်ဆိုးများမှ ရှောင်ရှားနိုင်ရင် အကျိုးရှိနိုင်တာဖြစ်လို့ အပိုင်း ၃ ပိုင်းခွဲရေးပါမယ်။

တကယ်တော့ လွန်ခဲ့တဲ့ ၆ နှစ်လောက်က “ဂျပန် အမျိုးသားတဦး” ကိုယ်တိုင်ကားမောင်းလာရင်းနဲ့ (သူ့နိုင်ငံ စံနှုံး နဲ့ မထင််မှတ်ထားတဲ့) တံတား အဝင် စီမံထားမှု မှာ အငိုက်မိပြီး တံတားပေါ်က ကားပျံကျပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ (အချို့မှတ်မိမယ်ထင်ပါတယ်)

အဲ့ဒီတုန်းက မြန်မာလိုမရိုက်တတ်လို့ အင်္ဂလိပ်လို ဘာမှားနေသလဲ ရေးတင်ဘူးပါတယ်။ ပြန်ရှာတာမတွေ့တော့လို့ အသစ်ရေးတင်ဘို့ဖြစ်လာပါတယ်။

အဲ့ဒီနောက် “မန်းရွှေမြို့တော် ဘတ်စ်” ခုန်ပျံကျပါတယ်။ “ရာဇာမင်း” လည်းဖြစ်သေးတယ်ထင်တယ်။ အခုပုံတွေစုပြီး (အခုဖြစ်တဲ့ ဖြစ်ရပ်ရော ယခင်ဖြစ်ခဲ့တာတွေရသလောက်ရှာပြီး) တင်လိုက်ပါတယ်။

အင်ဂျင်နီယာမဟုတ်သူများကတော့ အလွယ်ပြောကြပါလိမ်မယ်။ “သေအောင်မောင်းတာသေပေါ့” လို့။

တကယ်တော့ “လူ” ဟာအမှားကင်းဘို့မလွယ်ပါဘူး။

အိပ်ငိုက်တာ၊ အရှိန်လွန်မောင်းမိတာ၊ သတိလက်လွတ်ဖြစ်လို့ စတီယာရင် လိုသလို မလှည့်မိတာ၊ ပြဿနာများစွာကြောင့်စိတ်တွေထွေပြားနေချိန် ကားမောင်းနေရတာ စသဖြင့်ပေါ့

“ကား” ဆိုတာကလည်း ၁၀၀% သေချာချင်မှသေချာမယ်။ တာယာ ပန်းနည်းနေတာ၊ ဘရိတ်မမိတော့တာ၊ ကားအောက်ပိုင်း တခုခု မမြင်ရဘဲဖောက်ပြန်နေတာ

အင်ဂျင်နီယာဆိုတာ “လူ” နဲ့ “ကား” တခုခု (သို့) ၂ ခုလုံး ဖောက်ပြန်မှုကြောင့် “လွဲ” ချော်လာတာကို “တတ်နိုင်သမျှ ထိခိုက်မှုအနည်းဆုံး” နဲ့ “မူလလမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးရတာပါ”။

အဲ့ဒါကြောင့် အင်ဂျင်နီယာဟာ “ဆီအပေါက်ရှာထွက်သကဲ့သို့” “ဘယ်နေရာက မောင်းသူ/ကား မှားပြီး ဘယ်လိုထွက်လာ၊ ဘယ်လိုချော်ကျ၊ ဘယ်လိုရောက်ပြီး ဘာနဲ့တိုက်နိုင်သလဲ” ဆိုတာ လိုက်ရှာပြီး အကာအကွယ်များ၊ အခုအခံများ သေချာဒီဇိုင်းရေးဆွဲခြင်း၊ ရွေးချယ်တပ်ဆင်ခြင်းများလုပ်ရပါတော့တယ်။

အဲ့ဒါနဲ့ဘဲ Roadside design ဆိုပြီး လမ်းပေါ်မဟုတ်ဘဲ လမ်းဘေးအစီအမံများကို သေချာရေးဆွဲ တည်ဆောက်ရပါတော့တယ်။ တဖန် Traffic Control devices ဆိုတာတွေ ရွေးချယ်တပ်ဆင်ရပါတော့တယ်

အပိုင်း ၂ မှာ တံတားဝန်းကျင် လက်ရှိအခြေအနေများကို ဆွေးနွေးသုံးသပ်ပြသွားမှာဖြစ်ပြီး

နောက်ဆုံးအပိုင်း ၃ မှာတော့ ပြင်ဆင်လုပ်ဆောင်သွားရမှာကို ပြောသွားမှာပါ။

Road Safety အမြင်အရ အများပြည်သူ လမ်းအန္တရာယ် လျော့နည်းပပျောက်ရေးအတွက် သာရည်ရွယ်ပြီးရေးသားသွားမှာဖြစ်ပါတယ်။

အပိုင်း ၂ (မကြာမီ…….လာမည်။)

#RoadSafetyCampaign


Spread the love
  •  
  •  
  •  
  •  
  •  
  •