အမြန်လမ်းပေါ်မှာ မီနီဘတ်စ်တစ်စီး ဂတ်ဝေးတန်းကိုဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

၂၄.၅.၂၀၂၀ ရက်နေ့ ၊ ညနေ ၅ နာရီ ၂၀ အချိန်ခန့် မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၈/ဝ)နှင့် (၁၄၇/၇)အကြားတွင် မီနီဘတ်(အဝါရောင်) ယာဉ်သည် ဂတ်ဝေးတန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ယာဉ်မတော်တဆမှုကို ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ သွားရောက် ကူညီဆောင်ရွက်ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၂)ဦး အနက် ထိခိုက်ဒဏ်ရာရှိသူ ကျား(၂)ဦး၊ မ(၁)ဦး (မစိုးရိမ်ရ)တို့အား ရှေးဦးသူနာပြုယာဉ်ဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို.သိရပါတယ်။

 

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •