အမြန်လမ်းမကြီးတစ်လျှောက် ခရီးသွားမော်တော်ယာဉ်အနည်းငယ်သာရှိ၊နားနေမည်ဆိုပါက ရဲစခန်း/ရဲကင်းများအနီးနားကြရန် ရဲတပ်ဖွဲ့က သတိပေးထား

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီးတစ်လျှောက်ခရီးသွား မော်တော်ယာဉ်အနည်းငယ်သာရှိ၊နားနေမည်ဆိုပါက ရဲစခန်း/ရဲကင်းများအနီးနားကြရန် ရဲတပ်ဖွဲ့ က သတိပေးထါး

 

အမြန်လမ်းမကြီးတစ်လျှောက်အသုံပြုသွားလာလျက်ရှိသည့်ခရီးသွား မော်တော်ယာဉ်များအနည်းငယ်သာရှိပါသည်။

အမြန်လမ်းမကြီးတစ်လျှောက်ရဲစခန်းအသီးသီးရှိ တပ်ဖွဲ့ဝင်များသည်မိမိလုံခြုံရေးတာဝန်ယူဆောင်ရွက်ရသည့်အပိုင်နယ်မြေအလိုက်ဆိုင်ကယ်လှည့်ကင်းများဆောင်ရွက်ခြင်း၊ တံတားများ၊ Underpass များ ပျက်စီး ယိုယွင်းမှု ရှိ/မရှိစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိ ပါသည်။

ခရီးသွားပြည်သူတို့မှအခက်အခဲများရှိ၍ လိုအပ်သည့် အကူအညီများတောင်းခံလာပါကအချိန်မီ ကူညီဆောင်ရွက်ပေးနိုင်ရေးအသင့်ရှိနေကြပါသည်။

ခရီးသွားပြည်သူများအနေဖြင့်အကြောင်းအမျိုးမျိုးကြောင့်ခရီးတစ်ထောက် ရပ်တန့်နားနေမည်ဆိုပါကတပ်ဖွဲ့ဝင်အင်အားရှိသည့်ရဲစခန်း/ရဲကင်းများအနီးတွင်ဖြစ်စေတိုလ်းဂိတ်များနှင့် ယာဉ်ရပ်နားကွင်းများတွင် ဖြစ်စေလုံခြုံစိတ်ချစွာ နားနေကြပါရန်နှင့်

ကျန်းမာရေးဝန်ကြီးဌာန၏ထုတ်ပြန်ကြေငြာသည့်ညွှန်ကြားသတ်မှတ်ချက်များနှင့်အညီလိုက်နာဆောင်ရွက်လျက်ခရီးစဉ်တစ်လျှောက်အဆင်ပြေချောမွေ့စွာဖြင့်လိုရာခရီးသို့ရောက်ရှိနိုင်ကြပါစေရန်အသိပေးဖော်ပြအပ်ပါသည်။

အမြန်လမ်းမကြီးရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •