အမြန်လမ်းမကြီးပေါ် ရုတ်တရက်ဖြတ်ဝင်တဲ့ ဘေးတွဲဆိုင်ကယ် Hijack နဲ့တိုက်မိပြီး ၂ပိုင်းပြတ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီးပေါ် ရုတ်တရက်ဖြတ်ဝင်တဲ့ ဘေးတွဲဆိုင်ကယ် Hijack နဲ့တိုက်မိပြီး ၂ပိုင်းပြတ်

3.9.2020 ရက်နေ့1905 အချိန်မြို့ချောင်းရဲစခန်းအပိုင်
အမြန်လမ်းမကြီးမိုင်တိုင် ၈၃/၆ အနီး ဆောက်လုပ်ရေးရိပ်သာရှေ့တွင်နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့
ယာဥ်မောင် ကို——-၊ ၄၀ နစ်ငါ့သရောက်ကျေးရွာ၊ မန္တလေးတိုင်းဒေသကြီးနေသူမောင်းနှင်သည့် YGN
4G/—–  DAIHATSU HIJETအဖြူရောင်ယာဥ်သည်
ယာဥ်မောင်းပါ ကျား ( ၂) ဦးလိုက်ပါမောင်းနှင်လာစဥ်
လမ်းဖြတ်မှတဆင့်လမ်းအရှေ့ဘက်မှ လမ်းအနောက်ဘက်သို့ ရုတ်တရက်ဖြတ်ကူးမောင်းနင်လာသော ဆိုင်ကယ်ယာဥ်မောင်း———– ၂၄ နစ်မြို့ချောင်းကျေးရွာနေသူ
မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင်မ ( ၂)ဦးလိုက်ပါလာသည့် KENBO 110 ကျောက်စိမ်းရောင် ဘေးတွဲပါ ဆိုင်ကယ်နင့်တိုက်မိရာ HIJET ယာဥ်မောင်းနင့်ယာဥ်ပေါ်ပါသူမှာ
ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပါ။

ဆိုင်ကယ်ယာဥ်မောင်း ကျား (၁)ဦးမှာ(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီးဆိုင်ကယ်နောက်လိုက်ပါသူ မ.(၂)ဦးမှာ သာမန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့
ပို့အပ်ကူညီဆောင်ရွက်ခဲ့ပါသည်။

အမှုအားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။

Source – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး


Spread the love
  •  
  •  
  •  
  •  
  •  
  •