အမြန်လမ်းမကြီးမိုင်တိုင် (၃၂၆/၁)အနီးတွင် Honda Fit က Light Truck ကိုနောက်ကဝင်တိုက်ပြီး တစ်ဦးသေဆုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီးမိုင်တိုင် (၃၂၆/၁)အနီးတွင် Honda Fit က Light Truckကိုနောက်ကဝင်တိုက်ပြီး တစ်ဦးသေဆုံး

၄.၉ .၂၀၂၀ ရက်နေ့ မနက်၀၈၃၀ အချိန်ခန့် ကပြင်စည်းအမြန်လမ်းမကြီးရဲစခန်းအပိုင် အမြန်လမ်းမကြီးမိုင်တိုင် (၃၂၆/၁)အနီးနေပြည်တော်-မန္တလေးသွားလမ်းတွင်ယာဥ်မောင်း ———-၊ ၂၃နှစ်၊ မနှိုင်းသာရွာ၊ နွားထိုးကြီးမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင်ယာဥ်မောင်းပါ ကျား (၃)ဦး၊ မ (၁)ဦးလိုက်ပါလာသည့် လိုက်ထရပ်ယာဥ်8C/——(MDY)အားလားရာတူနောက်မှယာဉ်မောင်း ———၊ ၄၆နှစ်ရဲမွန်တောင်ရွာ၊ ​မဟာအောင်မြေမြို့နယ်နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ ကျား(၂)ဦး၊ မ (၁)ဦးလိုက်ပါလာသည့် Honda Fit4K/—— (MDY)ယာဥ်သည် နောက်မှအရှိန် ဖြင့်ဝင်တိုက်သဖြင့်လိုက်ထရပ်ယာဥ်မှာလမ်းယာဘက်မြေသားလမ်းပေါ်လဲကျတိမ်းမှောက်ခဲ့ပြီးLight Truck ယာဥ်ပေါ်ပါ မ (၁)ဦးသည်ဦးခေါင်းနောက်စေ့ပွင့်ဒဏ်ရာယာဘက်နားသွေးထွက်ဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင်သေဆုံးကာကျား(၂)ဦးသည်ဦးခေါင်းနောက်သွေးထွက် ဒဏ်ရာ နှင့်ဝဲလက်မောင်းနာကျင်ဒဏ်ရာများအသီးသီး ရရှိခဲ့ကြပါသည်။

 

နောက်မှ ဝင်ရောက်တိုက်မိသည့်Honda Fit  ယာဉ်မောင်းနှင့် ယာဉ်ပေါ်လိုက်ပါလာသူ မ (၁)ဦးတို့သည်ဝဲလက်မောင်းရင်းနာကျင်ရင်ဘတ်အောင့်  ဒဏ်ရာနှင့် ယာပါးနာကျင်ဒဏ်ရာများအသီးသီး ရရှိခဲ့ကြပါသည်။

 

ဒဏ်ရာရရှိသူများအားမြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့အချိန်မီ ပို့အပ်ကုသနိုင်ရေးပြင်စည်အမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များအမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အထောက်အကူပြုအဖွဲ့များမှကူညီဆောင်ရွက်ပေးခဲ့ပါသည်။

အမှုအားဥပဒေနှင်အညီအရေးယူဆောင်ရွက်လျက် ရှိပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •