အမြန်လမ်းမကြီး မိုင်တိုင် ၁၉၈/၄ နှင့် ၅ ကြားမှာ Landcruiser တစ်စီးတိမ်းမှောက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီး မိုင်တိုင် ၁၉၈/၄ နှင့် ၅ ကြားမှာ Landcruiser တစ်စီးတိမ်းမှောက်၊

၇-၉-၂၀၂၀ ရက်နေ့ ၁၅၄၅ အချိန်ခန့် ရန်ကုန်-နေပြည် တော် သွားလမ်းအမြန်လမ်းမကြီးမိုင်တိုင် ၁၉၈/၄ နှင့် ၅ အကြားယာဉ်မောင်း ——— ၃၇ နှစ်မင်္ဂလာ တောင်ညွန့်မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား (၂)ဦးလိုက်ပါလာသည့် ယာဉ်အမှတ 2B/—— Landcruiser အစိမ်းပုတ်ရောင် မော်တော်ယာဉ်မှာ နောက်ဝဲဘက်ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်း ကုန်ထုတ်မြေသားလမ်း လယ်ကွင်းအစပ်တွင် ထိုးကျတိမ်းမှောက်ခဲ့ပါတယ်။

 

အဲဒီယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းတွင် ဝဲဘက်ညှပ်ရိုးနာကျင်ဒဏ်ရာ ရရှိခဲ့ပြီး ယာဉ်ပေါ်ပါ ကျား (၁)ဦးမှာမေးစေ့အောက်ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ယာဘက်ခြေခုံ ဖူးရောင်ဒဏ်ရာ၊ တင်ပါးစုံ နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ပို့အပ်ကူညီဆောင်ရွက်ခဲ့ရ
ပါတယ်။

အမှုအားဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက်
ရှိတယ်လို့ သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •