အမြန်လမ်းမကြီး မိုင်တိုင် ၃၃၅/၂နှင့်၃ ကြားရှိ Under Pass တံတား ချဉ်းကပ်လမ်း နိမ့်​ကျ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီး မိုင်တိုင် ၃၃၅/၂နှင့် ၃၃၅/၃ အကြားရှိ ကားလမ်း Under Pass တံတား ချဉ်းကပ်လမ်း အောက်ခံမြေသားများ ပျော့အိနိမ့်​ကျ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၃၅/၂နှင့် ၃၃၅/၃ အကြားရှိ ကျောက်ဆည်-နွားထိုးကြီးကားလမ်း Under Pass တံတား ချဉ်းကပ်လမ်း၏ အောက်ခံမြေသားများ ပျော့အိနိမ့်​ကျနေသည်ကို ယနေ့(စက်တင်ဘာ ၂၃) ညနေပိုင်းက စစ်ဆေးတွေ့ရှိရကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။

 

အဆိုပါဖြစ်စဉ်အား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြန်လမ်းမကြီး (ပြင်/ထိန်း)အဖွဲ့မှ AE(အပိုင်တာဝန်ခံ)ထံ ဖုန်းဖြင့်ဆက်သွယ် အကြောင်းကြားထားရှိပြီးဖြစ်ရာ အမြန်ဆုံးပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 


ဓာတ်ပုံ-အမြန်လမ်းမကြီးရဲတပ်ဖွဲ့
#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •