အမြန်လမ်းမကြီး ၇/၂မိုင်နှင့် ၇/၃မိုင်ကြားမှာ ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်၊ လူထိခိုက်မှု မရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမကြီး ၇/၂မိုင်နှင့် ၇/၃မိုင်ကြားမှာ ကုန်တင်ယာဥ်တစ်စီးတိမ်းမှောက်၊ လူထိခိုက်မှု မရှိ။

၁၉.၈.၂၀၂၀ ရက်နေ့ မနက် ၆နာရီ ၁၀မိနစ် အချိန်က
အမြန်လမ်းမကြီး နေပြည်တော် -ရန်ကုန် လမ်းပိုင်း
၇/၂မိုင်နှင့် ၇/၃မိုင်ကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့အောင်ကျော်စိုး ၃၉နှစ်၊ မလှိုင်မြို့နယ်နေသူမောင်းနှင်ပြီး
ကိုနိုင်ဝင်းကျော် ၃၃နှစ်၊ မလှိုင်မြို့နယ်နေသူလိုက်ပါလာသည့် YGN 9K/5539 FUSO အစိမ်းနုရောင်(၆)ဘီး B smart Card ပါငရုပ်သီး/နံနံပင် ကုန်စိမ်းများ တင်ဆောင်လာသည့်ယာဥ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးမြေသားလမ်းပေါ်တိမ်းမှောက်ခဲ့ပါတယ်။

 

အဲဒီ ယာဥ်တိမ်းမှောက်မှုကြောင့်လူထိခိုက်မှုမရှိ လမ်းပျက်စီးမှုမရှိ လမ်းပိတ်ဆို့မှုမရှိခဲ့ပဲ ယာဥ်မှာ ရှေ့လေကာမှန်ကွဲ ယာတံခါးပျက်စီး ယာနောက်ကြည့်မှန်ကွဲ ယာဘော်ဒီပွန်း ပျက်စီး ခဲ့ပါတယ်။

 

အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအထောက်အကူပြုအဖွဲ့များဖြင့်လိုအပ် သည်များကိုကူညီဆောင်ရွက်ပေးခဲ့ပြီးဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

 

Source – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့


Spread the love
  •  
  •  
  •  
  •  
  •  
  •