အမြန်လမ်းမှာ လိုင်စင်မဲ့လို့ယူဆရတဲ့ Honda Fit တစ်စီး လမ်းဘေးအုတ်ခုံကိုဝင်တိုက်မိပြီး ယာဥ်မောင်းထွက်ပြေး

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမှာ လိုင်စင်မဲ့လို့ယူဆရတဲ့ Honda Fit တစ်စီး လမ်းဘေးအုတ်ခုံကိုဝင်တိုက်မိပြီး ယာဥ်မောင်းထွက်ပြေး
၁၂.၉.၂၀၂၀ ရက်နေ့ ၀၇၄၅ အချိန် ဘုရားတောင်ရဲစခန်းအပိုင်နေပြည်တော်-မန္တလေးလမ်းပိုင်း အမြန်လမ်းမကြီးမိုင်တိုင် ၂၅၃/၁ အနီးယာဥ်မောင်းအမည်နေရပ်လိပ်စာစုံစမ်းဆဲမောင်းနှင်သော1M/—– HONDA FIT အဖြူရောင်ယာဥ်သည် မောင်းနှင်စဥ်ဝဲဘက်ရှေ့ဘီးပေါက်ပြီးလမ်းဘေးအုတ်ခုံအားတိုက်မိ၍တစ်ပတ်လည်ကာ လမ်းဘေးမြေသားလမ်းတွင်ရပ်တန့်ခဲ့ပါသည်။
ယာဥ်မောင်းမှာထွက်ပြေးတိမ်းရှောင်လျက်ရှိသဖြင့် စုံစမ်းဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိပြီးယာဉ်နှင့်ပတ်သက်၍ကညန၌
တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပို့အပ်စစ်ဆေးရန်ဆောင်ရွက်ထားရှိပါသည်။
အမှုအားဥပဒေနှင့်အညီအရေးယူဆောင်ရွက်လျက် ရှိပါသည်။
Source – အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

Spread the love
  •  
  •  
  •  
  •  
  •  
  •