အမြန်လမ်းမှာ SUZUKI  ERTIGA တစ်စီး အရှိန်မထိန်းနိုင်ပဲ မိုင်တိုင်အားဝင်တိုက်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြန်လမ်းမှာ SUZUKI  ERTIGA တစ်စီး
အရှိန်မထိန်းနိုင်ပဲ မိုင်တိုင်အားဝင်တိုက်

၅.၉.၂၀၂၀နေ့ ၁၆၅၀ အချိန်မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင်နေပြည်တော်-ရန်ကုန်လမ်းပိုင်းအမြန် လမ်းမကြီးမိုင်တိုင် ၉၂/၅ နင့် ၆ အကြားနေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဥ်မောင်း ————၊  ၂၀ နစ်ဆ/ကရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ်နေသူမောင်းနှင်ပြီး ယာဥ်ပေါ်တွင်ယာဥ်မောင်းပါ ကျား (၄) ဦး လိုက်ပါလာသည့်
YGN 4R/—–  SUZUKI ERTIGAအနက်ရောင် ယာဥ်သည် အရှိန်မထိန်းနိုင်ဘဲလက်ယာဘက်မြေသားလမ်းပေါ်ရှိ မိုင်တိုင် ၉၂/၅ အားတိုက်မိ၍ ရပ်တန့်ခဲ့ပါသည်။

 

ယာဥ်ပေါ်ပါကျား (၄) ဦးမှာပွန်ပဲ့ဖူးရောင်နာကျင်ဒဏ်ရာများ၊ရင်ဘတ်အောင့်ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့်
တပ်ဖွဲ့ပိုင်ယာဉ်ဖြင့်မြို့ချောင်းတိုက်နယ်ဆေးရုံသို့
အချိန်မီပို့အပ်ဆေးကုသမှု ခံယူရန်ကူညီဆောင်ရွက်ခဲ့ပါသည်။

အမှုအားဥပဒေနှင့်အညီအရေးယူ
ဆောင်ရွက်လျက်ရှိ ပါသည်။

Source – အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး


Spread the love
  •  
  •  
  •  
  •  
  •  
  •