အမြဲတန်း ဝန်ထမ်း များကို လစာ ၂လစာ အတိုးမဲ့ထုတ်ချေးမည်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အမြဲတန်း ဝန်ထမ်း များကို လစာ ၂လစာ အတိုးမဲ့ထုတ်ချေးမည်

 

နိုင်ငံဝန်ထမ်း(အမြဲတန်း) များကို လစာ ၂လစာ အတိုးမဲ့ထုတ်ချေးမှာဖြစ်ပြီး ဆိုင်းငံကာလ ၆လအပါအဝင် တစ်နှစ်ခွဲအတွင်း ပြန်လည်ပေးဆပ်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီချေးငွေတွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ထုတ်ချေးပေးမှာ ဖြစ်တဲ့အတွက် ရာထူးအလိုက်ဝန်ထမ်း
ဦးရေနဲ့ အမှန်လိုအပ်ငွေစာရင်းကို ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနသို့ စက်တင်ဘာလအတွင်း နောက်ဆုံးထားပေးပို့ဖို့ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •