“အယ်လ်ကေဒါ နဲ့ဆက်နွယ်နေတဲ့ အစ္စလမ်ဘာသာရေးအစွန်းရောက်များက မာလီမှာပြင်သစ်စစ်သားများသေဆုံးမှုအတွက်တာဝန်ရှိကြောင်းဝန်ခံ”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အယ်လ်ကေဒါ နဲ့ဆက်နွယ်နေတဲ့ အစ္စလမ်ဘာသာရေးအစွန်းရောက်များက မာလီမှာပြင်သစ်စစ်သားများသေဆုံးမှုအတွက်တာဝန်ရှိကြောင်းဝန်ခံ”

January 3, 2020

အယ်လ်ကေဒါနဲ့ဆက်နွယ်နေတဲ့ ‘အစ္စလမ်
နဲ့ မူဆလင်များကို ထောက်ပံ့သောအုပ်စု’
(GSIM)ဟာ မာလီမှာ ပြင်သစ်စစ်သား၃ယောက်
သေဆုံးခဲ့ရတဲ့တိုက်ခိုက်မှုမှာတာဝန်ရှိကြောင်း
ဒီအဖွဲ့ရဲ့ ဝါဒဖြန့်ချီရေး စင်္ကြံ တခု ဖြစ်တဲ့
‘အယ်လ်ဇယ်လာကွာ’ကထုတ်ပြန်တဲ့ ကြေညာ
ချက်တခုမှာပြောဆိုခဲ့ပါတယ်။
တနင်္လာနေ့တုန်းက ဒီစစ်သား၃ယောက်ဟာ ဆင်းရဲတဲ့ဆာဟယ်ပြည်နယ်အလယ်မှာ
သူတို့ရဲ့သံချပ်ကာယဉ်က ပေါက်ကွဲစေတဲ့
ပစ္စည်းတခုကို ဝင်တိုက်မိပြီး သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။
ဆာဟယ်ပြည်နယ်က ဒီ အဓိက ဂျီဟက်ဒစ်
မဟာမိတ်အုပ်စုဟာ ဒီတိုက်ခိုက်မှုအတွက်
အကြောင်းပြချက်တွေတသီတတန်းကြီးပေးခဲ့
ရာမှာ ဒီဒေသအတွင်းပြင်သစ်စစ်တပ် ဆက်လက် တည်ရှိနေမှု၊ပြင်သစ် သတင်းစာတစောင်က တမန်တော်မိုဟာမက်ရဲ့ကာတွန်းရုပ်ပုံတွေကိုဖော်ပြထုတ်ဝေမှု နဲ့ ပြင်သစ်သမ္မတ အီမန်နယူရယ် မက်ခရွန်က
လွတ်လပ်စွာ ပြောဆိုရေးသားခွင့်အမည်တပ်ပြီး သူတို့ကို
ဆန့်ကျင်နေမှု စတာတွေပါဝင်ပါတယ်။
အနောက်အာဖရိကတိုင်းပြည်ရဲ့
နေရာဒေသတွေမှာဝင်ရောက်စီးနင်းသောင်းကျန်းနေတဲ့ အစ္စလမ္မစ် ဘာသာရေးအစွန်းရောက်ဝါဒီတွေကို ပြန်လည်မောင်းထုတ်ရာမှာကူညီဖို့ ၂၀၁၃ ဇန္နဝါရီလမှာ
ပြင်သစ်ဟာ စစ်ရေးအရဝင်ရောက်စွက်ဖက်
လာခဲ့ပြီးကတည်းက အခုအချိန်အထိ မာလီမှာ
သေဆုံးခဲ့ရတဲ့ပြင်သစ်စစ်သားအရေအတွက်
ဟာ၄၇ယောက်ရှိသွားပြီဖြစ်ပါတယ်။
ပြင်သစ်’ဘာ့ခ်ဟိန်း’တပ်ဖွဲ့မှ အရေအတွက် ၅၁၀၀ရှိတဲ့ပြင်သစ်စစ်သားတွေ
ဟာ မိုးခေါင်ခြောက်သွေ့ပြီးငြီးငွေ့ဖွယ်ရာ
ဆာဟယ်ဒေသအနှံ့အပြားမှာတပ်ဖြန့်ချထားပြီး၊G5 ဆာဟယ်အုပ်စုအဖြစ် အတူတကွပူးပေါင်းဖွဲ့စည်းထားတဲ့
မော်ရီတေးနီးယား၊ချက်ဒ်၊မါလီ၊ဘာကီနာဖာဆို နဲ့ နိုင်ဂျာ နိုင်ငံတို့မှစစ်သားတွေနဲ့အတူ အတူတကွ
ရင်ဘောင်တန်းလျှက် အစ္စလမ္မစ် အစွန်းရောက်ဝါဒီအုပ်စုတွေကိုတိုက်ခိုက်နေကြပါတယ်။
GSIM(အစ္စလမ် နဲ့ မူဆလင်များကို ထောက်ပံ့သောအဖွဲ့)ရဲ့ထုတ်ပြန်ချက် စစ်မှန်
သေချာကြောင်းကို ကမ္ဘာအနှံ့အပြားက
အစ္စလမ္မစ်ဘာသာရေးအစွန်းရောက်လှုပ်ရှားမှုတွေကို စောင့်ကြည့်စစ်ဆေးနေတဲ့ SITEထောက်လှမ်းရေးအဖွဲ့က အတည်ပြုပြောဆိုခဲ့ပါတယ်။

Ref:(AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •