“အယ်လ်ဆာဗေဒို နိုင်ငံ နဲ့ ပျောက်ဆုံးနေတဲ့ကလေးများ;ကြီးမားတဲ့ဒါဏ်ရာအနာတရများနဲ့တိုင်းပြည်ငယ်လေး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အယ်လ်ဆာဗေဒို နိုင်ငံ နဲ့ ပျောက်ဆုံးနေတဲ့ကလေးများ;ကြီးမားတဲ့ဒါဏ်ရာအနာတရများနဲ့တိုင်းပြည်ငယ်လေး”

January 10,2021

1979ခုနှစ်ကနေ1992အထိဖြစ်ပွါးခဲ့တဲ့
အယ်လ်ဆာဗေဒိုနိုင်ငံရဲ့ပြည်တွင်းစစ်ကာလအတောအတွင်းမှာ ကလေးငယ်ထောင်ပေါင်းများစွာဟာ စစ်တပ်
ကစံနစ်တကျလုပ်ဆောင်ခဲ့တဲ့လူကုန်ကူးမှု
လုပ်ငန်းရဲ့သားကောင်တွေဖြစ်ခဲ့ရပါတယ်။
အရွယ်မရောက်သေးသူကလေးသူငယ်
၃၀၀၀၀ဝန်းကျင်ဟာ မကြာခဏဆိုသလိုသူတို့ရဲ့မိဘတွေကသဘောမတူပဲ နိုင်ငံခြားတိုင်းပြည်တွေမှာမွေးစားဖို့
ပေးပို့တာကိုခံခဲ့ရတယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်။ဒီမှောင်မည်းတဲ့အတိတ်ကို
ငြိမ်းချမ်းရေးသဘောတူညီမှုမှာပါဝင်တဲ့
လွတ်ငြိမ်းချမ်းသာခွင့်ကိုရဖို့အတွက် မြေမြှုပ်
သင်္ဂြိုလ်ထားခဲ့ကြပါတယ်။
ဒီနေ့ဒီအချိန်မှာတော့ ရာပေါင်းများစွာသော
မိသားစုတွေဟာ သူတို့တွေရဲ့ဒီလိုဖြစ်ပွါးခဲ့ရတဲ့
အကြောင်းအရင်း ရင်းမြစ်တွေကိုရှာဖွေနေကြ
ဆဲဖြစ်ပါတယ်။ဒီသတင်းကို France-24က
သတင်းထောက် လောရင့်စ် ကူဗီလီယာ နဲ့
မက်သီယူ ကိုမင်ကပေးပို့ခဲ့ပါတယ်။
ဆယ်လ်ဗေဒိုရန် ပြည်တွင်းစစ်ဟာ
လွန်ခဲ့တဲ့အနှစ်၄၀ကျော်က စတင်ဖြစ်ပွါးခဲ့ပြီး၊
၁၂ နှစ်ကြာမြင့်ခဲ့ပါတယ်။အလွန့်အလွန် ရက်စက်ကြမ်းကြုတ်တဲ့ယုတ်မာမှုတွေ၊
လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ ကလေးစစ်သားအသုံးပြုမှုတွေကို တသီတတန်းကြီးတွေ့မြင်ခဲ့ကြရပြီး ပြည်သူ
၇၅၀၀၀အထိသေဆုံးခဲ့ကြရပါတယ်။
အရွယ်မရောက်သေးသူ ကလေးသူငယ်၃၀၀၀၀ဝန်းကျင်ဟာ မကြာခဏဆိုသလို သူတို့ရဲ့မိဘတွေကသဘောမတူပဲ နိုင်ငံခြား
တိုင်းပြည်တွေမှာမွေးစားဖို့ ပေးပို့ခဲ့ကြတာ
ခံခဲ့ရတယ်လို့ခန့်မှန်းတွက်ချက်ထားပါတယ်။
လူနည်းစု ချမ်းသာတဲ့အထက်လွှာလူ့မလိုင်
တွေက စိုးမိုးထားတဲ့တိုင်းပြည်မှာ နက်ရှိုင်းစွာ
ဖြစ်ပေါ်နေတဲ့မညီမျှတွေဟာ ဒီပဋိပက္ခမီးကို
စတင်တောက်လောင်လာစေခဲ့ပါတယ်။
သေမင်းတမန်တပ်ဖွဲ့ဆိုတာမျိုးကိုတောင်
အသုံးပြုခဲ့ကြတဲ့ ဖိနှိပ်ချုပ်ချယ်ညှင်းပန်းမှုတွေတိုးမြင့်လာခဲ့
တာကြောင့် 1979ခုနှစ်အဆုံးသတ်မှာ
တော်လှန်ရေးအစိုးရ အာဏာသိမ်းစစ်ဘက်
အရာရှိများဂိုဏ်း Revolutionary Government Junta(JRG)ဟာသမ္မတကို
ဖြုတ်ချခဲ့ပြီးနောက်ပိုင်းရောက်လာတဲ့လတွေ
နှစ်တွေမှာတော့ နိုင်ငံကပြည်သူတွေအပေါ်အကြမ်းဖက်မှုတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့ကြ ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ နီကာရာဂွါ
ဒါမှမဟုတ် ကျူးဘားမှာလိုမျိုး ကွန်မြူနစ်
တော်လှန်ရေးတခုပေါ်ပေါက်လာမှာကိုစိုးရိမ်
တဲ့အတွက် ဂျင်မီကာတာရဲ့လက်ထက်မှာ
အာဏာသိမ်းစစ်အရာရှိတွေကို စတင်အထောက်အပံ့ပေးခဲ့ပြီး နောက်ရော်နယ်
ရီဂင်လက်ထက်မှာလည်းအထောက်အပံ့
ပေးခဲ့ပါတယ်။
“လယ်သမားတွေလက်နက်စွဲကိုင်လာကြ”
အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ တပ်ဖွဲ့တွေဟာ ပုန်ကန်ထကြွမှုတွေကို သုတ်သင်ခြေမှုန်းဖို့ကြိုးပမ်းရာမှာ ကျေးလက်
ဒေသတွေမှာရှိတဲ့ထောက်ပံ့ရေးအခြေစိုက်
စခန်းတွေကိုအမြစ်ပြတ်သုတ်သင်ချေမှုန်းတဲ့
မြေလှန်စံနစ်ကိုကျင့်သုံးဆောင်ရွက်ခဲ့ ကြပါတယ်။ဒါပေမဲ့နိုင်ငံအနှံ့အပြားမှာ ဆန့်ကျင်တော်လှန်မှုတွေပေါ်ပေါက်လာပြီး
လယ်သမားတွေလက်နက်စွဲကိုင်တော်လှန်လာ
ခဲ့ကြပါတယ်။ယောက်ျား၊မိန်းမနဲ့ကလေးတိုက်ခိုက်ရေးသမားတွေကို
အယ်လ်ဆာဗေဒိုရဲ့ တောအုပ်တွေတောင်တန်း
တွေပေါ်မှာစစ်ရေးလေ့ကျင့်ပေးခဲ့ကြပါတယ်။
ပြောက်ကျားတပ်သားတွေရဲ့ မြို့တော်ဆန်ဆယ်လ်ဗေဒိုကဆင်းရဲတဲ့အရပ်ဒေသတွေတောင်မှပါဝင်လာတဲ့နယ်မြေဒေသ
အမြောက်အများကို ထိန်းချုပ်လာနိုင်ခဲ့မှုဟာ
1989ခုနှစ်နှောင်းမတိုင်ခင်အထိ မရရှိခဲ့ကြ
သေးပါဘူး။အဲ့ဒီနေါက်1991ခုနှစ်မှာ ကုလသမဂ္ဂကကြားဝင်စေ့စပ်ဖြန်ဖြေပေးခဲ့တဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့
အကျိုးသက်ရောက်မှုကြောင့်နောက်တနှစ်အကြာမှာအပစ်အခတ်ရပ်စဲပြီး ယာယီစစ်ပြေငြိမ်းနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့
စစ်အတွင်းမှာနိုင်ငံခြားကိုပေးပို့ခံခဲ့ရတဲ့ကလေးတွေရဲ့အခြေအနေဟာဘယ်လိုဖြစ်လာကြမှာလဲ။ရာပေါင်းများစွာသောမိသားစုတွေ
ဟာအမှန်တရားကိုရှာဖွေနေကြဆဲဖြစ်ပါတယ်။

Ref:France-24


Spread the love
  •  
  •  
  •  
  •  
  •  
  •