အရေးတော်ပုံ ကြီး၏ ရက် ခြောက်ဆယ် ခရီး နှင့် အစိုးရသစ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အရေးတော်ပုံ ကြီး၏ ရက် ခြောက်ဆယ်
ခရီး နှင့် အစိုးရသစ်
*********************

ပြည်သူများ၊ နိုင်ငံဝန်ထမ်းများ၊ ကျောင်း
သားလူငယ်များ၊ သံဃများ တညီတညွတ်
တည်း ဖြင့် စစ်အာဏာရှင် စနစ် ကို အပြီး
အပိုင် ဖုတ်ကြည်း မီးသင်္ဂြိုလ် ပြစ်မည်ဟူ
သော သံဓိဠာန် ဖြင့် တော်လှန်လာခဲ့သည်
မှာ ရက်ပေါင်း ခြောက်ဆယ်ပင် ပြည့်တော့မည် ဖြစ်သည်။

နိုင်ငံ နှင့် လူမျိုး ကြီးပွား တိုးတက်ရာ တိုး
တက်ကြောင်းကို ပေလျကံ ပြုကာ မိမိအာဏာ တည်မြဲရေး အတွက် လက်အောက်ငယ်သားများ အား အရိုးအရင်း သာသာ ပေးကမ်းစွန့်ကျဲ သည့် နည်းလမ်းဖြင်သာ အာဏာ ဆုပ်ကိုင်ခဲ့
သည့်မှာ နှစ်ပေါင်း ခြောက်ဆယ် နီးပါး ရှိလာခဲ့သည့် စနစ် ဆိုးကြီးကို အမြစ်မှ လှန်ရသည့် အဖြစ်က အဘယ်သို့ များ အလွယ်တကူ ဖြစ်နိုင် ပေမည်နည်း၊ အသက်သွေးချွေး ပေါင်း များစွာ ရင်းရ‌ ပေဦးမည်သာ။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒ နှင့်
အညီ ရွေးချယ်တင်မြှောက်ခဲ့သည့် အစိုးရ
သစ်သည် ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်း မကြာမီ ရက်ပိုင်း အတွင်း ကျမ်းသစ္စာကျိန်ဆိုကာ ပေါ်ပေါက်လာဖို့ ရှိနေသည်။

ဒိချုပ် ကော၊ အခြား နယ်ပယ်မှ ပုဂ္ဂိုလ်များပါ ပူးပေါင်း ဖွဲ့စည်းမည့် တိုက်ပွဲဝင် အစိုးရ ပုံစံမျိုး ဖြစ်သည်၊ ထို့အတွက် အစိုးရသစ်သည် ၂၀၀၈ ဖွဲ့စည်းပုံကို ‌ဖျက်သိမ်းပြီး ကြားကာလတွင် Federal Democracy Charter (FDC) ကို ကိုင်စွဲသွားမည် ဖြစ်သည်။

FDC သည် ၁၉၉၀ မှ ၂၀၀၈ ကာလအတွင်း ၁၉၉၀ ရွေးကောက်ခံ ဒီချုပ် ကိုယ်စားလှယ်များ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပူးတွဲရေးဆွဲထားသည့် အခြေခံမူ ဖြစ်သည်။

ဖွဲ့စည်းပုံ အသစ် ပြန်လည်
ရေးဆွဲ အတည်ပြုရေးနှင့် ပြည်ထောင်စု
တပ်မတော်ကြီးအား တိုင်းရင်းသား လက်
နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းသွားမည် ဖြစ်၍ နောင်တွင် ကေအင်ယူ၊ ကေအိုင်အေ ဟု ခေါ်စရာ မလိုတော့ပဲ ဖက်ဒရယ် တပ်မတော်သား များ ဖြစ်လာပေတော့မည်။

ယခုအခါ မိမိတို့ တိုင်းရင်းသား အချင်းချင်း မကြုံဖူးအောင် စည်းလုံးလာခဲ့ကြပြီ ဖြစ်၍ အပြန်အလှန် ယုံကြည်မှု တည်ဆောက်သွားနိုင်မည်ဆိုက ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ် တပ်မတော်ကြီး ပေါ်ပေါက်လာမည်မှာ
သေချာလှသည်။ နိုင်ငံတကာ ကလည်း
အသိအမှတ်ပြုလာမည်မှာလည်း မလွဲဧကန်ပင် ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း
များသည်လည်း တသက်နှင့် တကိုယ် တခါဖူး မျှ မရခဲ့ဖူးသည့် တနိုင်ငံလုံးရှိ လူထု၏ တခဲနက် ထောက်ခံမှုကို ရရှိနေ ဖြစ်၍ ၎င်းတို့ မျှော်မှန်းခဲ့သည့် သာတူညီမျှ ဖက်ဒရယ် ပြည်ထောင်စုကြီး
သည်က လက်တကမ်း အကွာတွင် သာ ရှိ
ပေတော့သည်၊ ထိုသို့ ရတောင့်ရခဲ အခွင့်
အရေး ကို အမိအရ ဆုပ်ကိုင်နိုင်ရန် ကြိုး
ပမ်းမည်ဟုလည်း ယုံကြည်ရပေသည်။

စစ်တပ်၏ လူထုအား အကြောက်တရားဖြင့် အာဏာ‌ကို ရေရှည် ဆုပ်ကိုင်နိုင်ရေး
ဗျုဟာ ဖြင့် သွေးရူးသွေးတမ်း ရက်စက်
စွာ ပြုမူခဲ့မှုများအား ညွန်ကြားခဲ့သူများ၊
ဝတ်ကျေတန်းကျေ ပင် မဟုတ်ပဲ အားပါးတရ အကောင်အထည် ဖေါ်ပေးခဲ့
သူများ အတွက်က အသက်ရှင်နေသမျှ
ကာလပတ်လုံး အရိပ်မဲကြီး ပမာ
ခြောက်လှန့် နေတော့မည် ဖြစ်သည်။

၎င်းတို့၏ ပြဿနာသည်ကား သံခင်းတမန်ခင်း၊နိုင်ငံရေး နည်းလမ်းဖြင့် မည်သို့ ဖြေရှင်းရမှန်းမသိ၊ သိသူများ ရှိလည်း အမိန့်ပေး အမိန့်ခံ စနစ်ဖြင့် မိမိ အကျိုးစီးပွား အတွက် ရေငုံနှုတ်ပိတ်နေ
ကြသည်၊ နောက်တချက် ၎င်းတို့ စိတ်ထဲတွင် သံမှိုလို စွဲနေရသည်က လူထုအား ပြစ်ခတ် သတ်ဖြတ်လျှင် အောင်ပွဲခံခဲ့သည်ချည်းသာ ဟူ၍ ဖြစ်ပြီး ၈၈ နှင့် ၂၀၀၇ ရွှေဝါရောင် ကိုသာ မျက်စိထဲ အရင်ဆုံး မြင်လာကြခြင်းပင် ဖြစ်သည်။

အာဏာသိမ်းစဉ်ကတည်းက ထိုအရေးကို
ပထမဦးစားပေး အဖြစ် ထည့်သွင်းစဉ်းစားခဲ့ကြသည်၊ သုံးလေးရက် ပြစ်ခတ် ပြီးပါက ပုံမှန် ပြန်ရောက်မည်ဟု တွက်ဆခဲ့ကြသည်၊ သို့သော် ပြင်းထန်လှသော လူထု၏ မဆုပ်မနစ် အုံကြွ တွန်းကန် မှုကြီးနှင့် အတူ ဝန်ထမ်းများ၏ CDM နှင့်ရင်ဆိုင်လာရသည့်အခါ ပြင်းပြင်းထန်ထန်
မလုပ်ခဲ့၍ လောဟု လူမိုက် တွေး တွေးလာပြီး ကလေး ပါမကျန် သတ်ဖြတ်လာကြသည်၊ လက်ပစ်ဗုံး၊ လောင်ချာဗုံးများပင် အသုံး ပြုလာကြသည်။

မင်းအောင်လှိုင် အဖို့ မလုပ်ရဲတာ ဘာမှ
မရှိ ဆိုသော သူ၏စကားက သွေးထွက်အောင်မှန်ခဲ့သည်၊ လူသတ် ၍ပင် ထောင်မကျ နိူင်‌ဟု သိထားသူ တယောက် အဖို့ အဘယ်လာလျင် မလုပ်ရဲတာ ရှိပေဦးမည်နည်း။

၎င်းတဦးတည်း၏ ထင်ရာစိုင်း မိုက်မဲမှု
ကြောင့် တပ်မတော်သည် နိုင်ငံကို ဆုံးရှုံး
သွားခဲ့ရပြီ ဖြစ်သည်၊ လက်ရှိ စစ်သည်များ သည်လည်း ရှေ့တန်း တွင် အသက်ပေး တိုက်ခိုက်နေ ကြသည်မှာ တိုင်းပြည်နှင့် လူမျိုး အတွက်ဟု မည်သို့မျှ ယူဆနိုင်စွမ်း မရှိတော့။

ရခိုင် မြောက်ပိုင်းတွင် နေ့စဉ် ရာချီ နီးပါး ကျဆုံးခဲ့သည့် အသက်များသည်လည်း မင်းအောင်လှိုင်၏ နိုင်ငံရေး လှည့်ကွက် အောက်တွင် အချည်းနှီး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလော။

ယနေ့ည နယူးယောက်တွင် ပြုလုပ်
မည့် လုံခြုံရေးကောင်စီ အစည်းအဝေး၌ ဖြစ်ပေါ်လာနိုင်သော အားပြိုင်မှု အနေအထားများကြောင့် ဟောင်ကောင်ရှိ South China Morning Post သတင်းစာ ကြီးမှ တရုတ် အနေဖြင့် တိုက်ရိုက် ဝင် မစွက် ချင် ပါကလည်း အမေရိကန်အား မျက်စိမှိတ်ပြချင်းသည်သာ
မိမိတို့ အကျိုးစီးပွားကို ကာကွယ်ရာ ရောက်မည်ဟု တိုက်တွန်းရေးသားထားသည်။

စစ်ခေါင်းဆောင်များသည် မြစ်ဆုံအရေး
တွင် တရုတ်အား သစ္စာဖေါက်ခဲ့ကြယုံမက
ယခုလည်း အိန္ဓိယ နှင့် ရုရှားကို မျက်စပြစ်နေသည့် အနေအထားတွင် ထိုသို့ ပြောဆို
လာသည်မှာလည်း အဆန်းတကျယ်
တော့ မဟုတ်ပေ။

တရုတ် သည် မြန်မာ စစ်ခေါင်းဆောင်များ
ကို ထောက်ခံနေပါက အာရှ အာဖရိက နှင့်
လက်တင် အမေရိက နိုင်ငံများရှိ ခေါင်း
ဆောင်များ အဖို့လည်း ငါတို့ကျလျင်ကော
တရုတ်က ဒီလိုပဲ ပြည်တွင်းရေး ဆိုကာ
မျက်စိမှိတ်နေမည်လောဟု အလန့်တကြား
ဖြစ်လာနိုင်ပြီး သတိကြီးစွာ ထားပြီး ဆက်ဆံလာမည့် အန္တရာယ်က ရှိနေသည်။

အထူးသဖြင့် ထိုနိုင်ငံများရှိ ပြည်သူများအကြား တရုတ်သည် မိတ်ဆွေကောင်း မဖြစ်နိုင်ဟူ သော သံသယ များ တိုးပွားလာမည်လည်း ဖြစ်သည်ကို တရုတ် ကွန်မြူနစ် ပါတီခေါင်းဆောင်များ ရိပ်စားမိမည်မှာလည်း မလွဲဧကန်ပင်၊ ထို့ သို့သာ ဆိုက တရုတ်သည် ကမ္ဘာအလယ်တွင် အမေရိကန်ထက် ခေါင်းတလုံး ပိုမြင့်ရန် မျှော်မှန်းနေသည့် အိမ်မက်များကလည်း မည်သည့် အခါမျှ ဖြစ်လာနိုင်စရာ မရှိပေ။

ရုရှား မှ မြန်မာ စစ်တပ်အား ရာဇသံပေးချင်နေသည့် နိုင်ငံတကာ ၏ ဆန္ဒသည်
မည်မျှပင် ရည်ရွယ်ချက် ကောင်းစေကာမူ
အကြမ်းဖက် လုပ်ရပ်များ ကို ပို၍ ကျူး
လွန်အောင် လှုံ့ဆော်ပေးရာ ရောက်နိုင်သည်
ဟု ကုလ ဆိုင်ရာ ရုရှား ဒု သံအမတ်ကြီးက
တွစ်တာ တွင် ရေးသားထားသည်။

ထို့အတွက် လာမည့် လုံခြုံရေး ကောင်စီ
အစည်းအဝေးတွင် လူပေါင်း ၅၂၀ ခန့် ‌အား သတ်ဖြတ်ခဲ့ပြီး ဖြစ်သော လူသတ်
အာ‌‌ဏာသိမ်း အဖွဲ့အား မည်သို့ ကိုင်တွယ်
မည် ဆိုသည်ကား စိတ်ဝင်စားစရာ ကောင်း
နေပေသည်။

တရုတ် နှင့် ပြိုင်ဖက် ဖြစ်သော ဂျပန်အစိုးရက ငွေကြေး ထောက်ပံ့နေမှုများ အားလုံးကို ရပ်ဆိုင်းလိုက်ပြီး မည်သည့် စီမံကိန်းမျိုးမှ စတင်မည် မဟုတ်တော့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး က ပြောလိုက်ပြီ ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကလည်း နိုင်ငံတကာ ကုမ္ပဏီများ အားလုံး မြန်မာစစ်တပ်၏ ကျယ်ပြောလှသော လုပ်ငန်းများနှင့် အဆက်အသွယ် ဖြတ်ကြရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းခဲ့ပြန်သည်။

ကျွနုပ်တို့ အဖို့ကား နိုင်ငံ အတွင်း အပြစ်မဲ့
ပြည်သူများကို သတ်ဖြတ်နေမှုအား ချက်ခြင်း ရပ်တန့်ရန်၊ မလိုက်နာက အရေးယူမည် ဆိုသော ဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာပါစေဟူ၍သာ ဆုတောင်းရတော့မည် ဖြစ်သည်။

မြောက်ပိုင်း မဟာမိတ်အဖွဲ့ကလည်း
အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်နေမှူများ မရပ်တန့်က အပြစ်အခတ် ရပ်စဲရေး
ဆိုသည်မှာ ရှိတော့မည် မဟုတ်ပဲ လူထုကို
အကာအကွယ်‌ ပေးသွားမည်ဟု အာဏာ
သိမ်း အဖွဲ့ကို သတိပေးလိုက်ပြီ ဖြစ်သည်။

ကရင် ပြည်နယ် အတွင်းသို့ အာဏာသိမ်း
တပ်များ အလုံအရင်း နှင့် ဝင်ရောက်လာ
နေပြီ ဖြစ်၍ အများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသဖြင့် မိမိတို့ တိုင်းရင်းသားများကို အကာအကွယ်ပေးရန် ထိုင်း နှင့် နိုင်ငံတကာ သို့ ကေအင်ယူက တောင်းဆိုလိုက်သည်။

ဒေါက်တာ ဆာဆာ မှ R2P ချမှတ်
အကောင်အထည် ဖေါ်ရန်နှင့် ကချင်နှင့် ကရင် ပြည်နယ်များ ပေါ်တွင် No Fly Zone သတ်မှတ်ပေးရန်လည်း တောင်းဆိုလိုက်ပြီ ဖြစ်သည်။

တနင်္လာနေ့ညက တောင်ဒဂုံအား စစ်မြေ
ပြင်တခုအလား ရက်စက်စွာ ဖြိုခွင်းခဲ့မှုများ ကြောင့် လူ‌ပေါင်း ၂၁ ဦး သေဆုံးခဲ့သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု မြန်မာနောင်းက ဖေါ်ပြခဲ့သည်၊ နောက်တရက်တွင် ပြည်သူများ၏ အမှိုက်သပိတ်ကြီးက ထွက်ပေါ်လာခဲ့ပြန်သည်။

ယခုအခါ ပြည်တွင်း ပြည်ပမှ မြန်မာ
ပြည်သူများ၏ နည်းများမဆို ထည့်ဝင်လှုဒါန်းမှု သက်သက်ဖြင့် CRPH သည် အလှုငွေ ဒေါ်လာ ၉. ၂ သန်း ကို အချိန်တိုအတွင်း ရရှိလာနေသည့် အဖြစ်နှင့် အားလုံးကလည်းတရားဝင် အစိုးရ အဖြစ် အသိအမှတ် ပြုနေကြသည်ကိုလည်း အကြီးအကျယ် အခံရ ခက်နေသည်။

ဒေါပုံရှိ မူဆလင် အများစု နေထိုင်ရာ နွယ်အေး ရပ်ကွက်ကြီးအားလည်းရည်ရွယ်ချက် ရှိရှိဖြင့် ပစ်ခတ် ချေမှူန်းခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

တနင်္လာနေ့ ည ပိုင်း နှင့် အင်္ဂါနေ့များတွင်
အာဏာသိမ်း အဖွဲ့၏ လက်ပါးစေတပ်များ
လက်ချက်ဖြင့် ပြည်သူဖက်မှ နောက်ထပ်
၁၅ ဦး ထပ်မံကျဆုံးခဲ့ရကြောင်း ဧရာဝတီ
သတင်းတွင် ဖေါ်ပြထားသည်။ ကျဆုံးခဲ့
သူ အများစုသည် မြင်းခြံ၊ မြစ်ကြီးနား၊ မူဆယ်နှင့် ကော့သောင် မြို့များ မှ ဖြစ်ကြသည်။
(ပုံတွင် တန်ဆည်ပြည်သူများ၏ အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကို
တွေ့နိုင်သည်)

မြန်မာပြည်သူတို့၏ မဆုပ်မနစ်သော ဇွဲ
ဖြင့် အာခံ တွန်းလှန်နေမှုများက ရက်ကြာလေ ဒေသတွင်း နိုင်ငံများရှိ အာဏာရှင်
ဆန်ဆန် ကျင့်သုံးနေသော အစိုးရ အဖွဲ့များ မျက်ခုံးလှုပ်လေ ဖြစ်လာနေပေသည်။

ပြည်သူတို့ သွေး မြေ သို့ တစက်ကျလေ
၎င်းတို့၏ နိဂုံးက နီးလာလေလေ ဖြစ်သည် ။ ပြည်သူတို့ဖက်ကသာ ထိုသို့
စွန့်လွှတ် စွန့်စားသော စိတ်ဖြင့် တိုက်ပွဲ
မဝင်ခဲ့ပါက ယခုလို ဖြစ်လာမည် မဟုတ်ပဲ
မင်းအောင်လှိူင်သည် ဘဝရှင် မင်းတရား
ကြီး အဖြစ် ထင်ရာစိုင်းနေတော့မည်သာ
ဖြစ်သည်။

ကျဆုံးသွားသော ကျောင်းသားလူငယ်
ပြည်သူများ၏ ကျေးဇူးကို တနိုင်ငံလုံးက
အမြဲလို တသသ ဖြင့် အောက်မေ့ သတိရနေကြမည်သာ ဖြစ်သည်။

အရေးတော်ပုံ အောင်ရမည်!!!


Spread the love
  •  
  •  
  •  
  •  
  •  
  •