အရေးပေါ်လူနာများအတွက် Covid-19 Critical Care Unit – ဧရာဝတီစင်တာ ကိုထပ်မံ တည်ဆောက်နေ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အရေးပေါ်လူနာများအတွက် Covid-19 Critical Care Unit – ဧရာဝတီစင်တာ ကိုထပ်မံ တည်ဆောက်နေ

ဧရာဝတီဖောင်ဒေးရှင်းသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (ဒုတိယဥက္ကဋ္ဌ) ပါမောက္ခ ဒေါက်တာဇော်ဝေစိုး၏ ကြီးကြပ်မှုတို့ဖြင့် Covid-19 အရေးပေါ် လူနာများကို အနီးကပ် ကြပ်မတ် ကုသပေးနိုင်မည့် Intensive Care Unit (ICU) ကုတင်(၂၀)နှင့် High Dependency Unit (HDU) (၅၅)ကုတင် ပါဝင်သော Covid-19 Critical Care Unit – ဧရာဝတီစင်တာကို ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းတွင် အလျင်အမြန် တည်ဆောက်လျက်ရှိပါသည်။

ဧရာဝတီစင်တာတွင် မူလက (၄၂၅)ကုတင်နှင့် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း (၁၅၀) နေထိုင်ရန် အဆောင်များပါရှိပြီး Covid-19 Critical Care Unit – ဧရာဝတီစင်တာ ပြီးစီးပါက စုစုပေါင်း ကုတင် (၅၀၀)ဆံ့ ကုသရေးစင်တာ ဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း (၂၅၀)အထိ တိုးမြှင့်ထားရှိနိုင်မည် ဖြစ်ပါသည်။


Spread the love
  •  
  •  
  •  
  •  
  •  
  •