အရှင် ကိတ္တိသာရ(သရုပ်ဆောင် ကျော်ဟိန်း) ပျံလွန်တော်မူပြီ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အရှင် ကိတ္တိသာရ(သရုပ်ဆောင် ကျော်ဟိန်း) ပျံလွန်တော်မူပြီ

 

မင်းသားကြီး ကျော်ဟိန်း (ခေါ်) အရှင် ကိတ္တိသာရ ဟာ
သြစတေးလျနိုင်ငံမှာ ဒီက​နေ့ မနက်ကကွယ်လွန်သွားပြီ လို့သိရပါတယ်။

မင်းသားကြီး ” ကျော်ဟိန်း ” သို့မဟုတ် ဦးကိတ္တိသာရ
****************************************
ဒဂုံဝေလင်း။

သြစတေးလျား တွင် ရောက်ရှိနေထိုင်နေသော မင်းသားကြီ ကျော်ဟိန်း (ခ) ဆရာတော် ဦးကိတ္တိသာရ သက်တော် (၇၃) နှစ် ၊ဝါတော် (၁၂) ဝါ ရှိပြီးဖြစ်ပြီး ယခုလ ၁၁ရက် နံနက်(၉)နာရီ ၂၇ တွင် (၉၆) ပါးရောဂါဖြင့် ပျံလွန်တော် မူသွားကြောင်းသိရှိရသည် ။

မင်းသားကြီး ကျော်ဟိန်း ကို ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်၊ တနင်္လာနေ့တွင် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ကျောင်းကုန်းလမ်း ၌ အငြိမ်းစား ခရိုင် ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှမွေးဖွားခဲ့ပြီး ၊ ကရကဋ် ရာသီဖွားဖြစ်ပြီး ငယ်နာမည် ကျော်ကြီး နာမည်ရင်းမှာ ကျော်ဌေး ဖြစ်ပြီးသားသမီး/ခြောက်ယောက်မှာ နံပါတ်လေးယောက်မြောက်ဖြစ်သည်။ ၁၉၅၂ ခုနှစ် – ရန်ကုန် ၊ ကြည့်မြင်တိုင်၊ ABM ကျောင်းမှာ ပထမတန်း ကနေ စတုတ္ထတန်း အထိ ကျောင်းစာ သင်ကြားခဲ့ပြီး ၊ စတုတ္ထတန်း စာမေးပွဲမှာ အောင်မှတ် မပြည့်၍ နွေရာသီကျောင်းပိတ်ရက် နှစ်လ မှာ စာကျက်ပြီး စာမေးပွဲ ပြန်ဖြေရသည် ။၁၉၅၆ ခုနှစ် – အလုံမြို့နယ်၊ ဟုမ်းလမ်း ဘူတာရုံနားက ယူနစ်ကရင်ကျောင်းမှာ ပဉ္စမတန်း ကို တက်ရောက်သင်ကြားခဲ့ပြီး ၊၁၉၅၇ ခုနှစ် -အလုံမြို့နယ်၊ ကူရှင်ကျောင်းမှာ ဆဋ္ဌမတန်း၊ သတ္တမတန်း (နှစ်ကြိမ်)၊ အဋ္ဌမတန်း၊ နဝမတန်း ( နှစ်ခါ ကျ၍ ကျောင်းထွက်လိုက်ရသည် ။၁၉၆၄ ခုနှစ် -ရန်ကုန်မြို့ မြို့နယ် အသီးသီးရှိ အလွတ် ပညာသင်ကျောင်း (ညကျောင်း အပါအဝင်)၊ (၂၃) ကျောင်း ပြောင်းရွှေ့သင်ကြား၊ခဲ့ရပြီး ကျောင်း မနေဖြစ်တော့ဘဲ
အိမ်က ၁၆ ကြိမ်ဆင်း ၍ အိမ်ပြေး ဘဝ နှင့် လမ်းပေါ်မှာ လေလွင့်ခဲ့ရာမှ ၁၉၆၅ ခုနှစ် – ကမာရွတ်မြို့နယ်၊ ဒေါ်သာထက် ကျောင်းမှာ နဝမတန်း (သုံးကြိမ်မြောက်) သင်ကြားအောင်မြင်ခဲ့သည် ။၁၉၆၆ ခုနှစ် – မှာဖြင့် ဒဂုံမြို့နယ်၊ ဒေါ်နုနုခင် အလွတ် ပညာသင်ကျောင်းမှာ ဒသမတန်းသင်ကြား၊ သုံးလလောက် တက်ပြီးရေတပ်ထဲဝင် ကိုယ်ပိုင် နံပါတ် ၁၂၂၀၅ -၁၉၆၇ ခုနှစ် – ရေတပ်ထဲကထွက်၊ ဒသမတန်း ပြန်ဖြေ၊ ဆယ်တန်း(ခ)နှင့်အောင် (တက္ကသိုလ်ဝင်တန်း) အထိ ပညာ သင်ကြားခဲ့သူဖြစ်သည် ၊ ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်း ဝင် တစ်ဦးဖြစ်ခဲ့သည်။

၁၉၇၀-ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာနှင့် အတူ ဖူးစာလမ်းစုံ ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ဝင်ရောက်ခဲ့သည်။

မင်းသားကြီးကျော်ဟိန်အနေဖြင့် ရုပ်ရှင် သရုပ်ဆောင် အဖြစ် ——-အကာက အချစ် အနှစ်ကမေတ္တာ /မွန်းတည့်ချိန်တွင် နေဝင်သည်/ပန်းမြိုင်လယ်က ဥယျာဉ်မှူး /ဝေလည်းမွှေး ကြွေလည်းမွှေး ဇာတ်ကားများဖြင့် ၊အကယ်ဒမီ လေးကြိမ် ရရှိခဲ့ပြီး ၊
“မွန်းတည့်ချိန်တွင် နေဝင်သည်” ဇာတ်ကားကို
ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သူဖြစ်သည် ။ယင်းနောက်၁၉၇၀-ခုနှစ်တွင် ပထမဆုံး ဒါရိုက်တာလုပ်၍ သရုပ်ဆောင် ရိုက်ကူးခဲ့သော ဇာတ်ကားမှာ
စိန် သို့မဟုတ် စိန် ဖြစ်သည်။ ထို ဇာတ်ကား၏ ကြော်ငြာ ဒီဇိုင်း၊ ပိုစတာများ အားလုံးကို သူကိုယ်တိုင် နေမင်းထိပ်ခေါင် အမည်ဖြင့် ရေးဆွဲခဲ့သည်။

ဝတ္ထု တို ဝတ္ထုရှည် ပေါင်းများစွာရေးသားခဲ့ပြီး
တေးစီးရီး အချို့ကိုလည်း သီဆို ထုတ်လုပ်ခဲ့သည်။
ရုပ်သံကြော်ငြာများတွင်လည်း သရုပ်ဆောင်ကြေး
အများဆုံးရသူဖြစ်သည်။
၂၀ဝ၈-ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နေ့မှစ၍ ဦးကျော်ဟိန်း သည် ရုပ်ရှင်လောကမှ အနားယူကာ
ရဟန်း ဝတ်ခဲ့လေသည်။ ဘွဲ့တော်မှာ ဦးကိတ္တိသာရ ဖြစ်သည်။ဦးကျော်ဟိန်း ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်း ၏ နောက်ဆုံး နှုတ် ဆက် ခရီးစဉ်ဟု အမည်ပေးကာ မြန်မာနိုင်ငံ အနှံ့သို့သွားရောက်ခဲ့ပြီး ၊ ရဟန်းဘောင်ဝင်၍ တရားပွဲများ ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ ရှိခဲ့သည်။

ဘုန်းကြီးဝတ် အနေဖြင့် စာပေများရေးသောအခါ
ကလောင် နာမည် ဦးကိတ္တိသာရ (ခေတ္တ ၃၁ ဘုံ)
ဟု အမည်ရသည် ။သူ့အနေဖြင့် ရိုက်ကူးခဲ့သော ရုပ်ရှင်ကား မှာ ကြိုးတန်း ဖြစ်ပြီး ကျော်ရဲအောင်၊ ထွန်းအိနြ္ဒာ၊ စိုးမြတ်သူဇာ တို့ဖြင့် နောက်ဆုံဒ ရိုက်ကူးခဲ့ပြီး ၊၁၉၆၇ ခုနှစ်မှ ၂၀ဝ၈ ခုနှစ်ထိ
(နှစ်ပေါင်း ၄၁ နှစ် အတွင်း) ရိုက်ကူးခဲ့သော
ရုပ်ရှင် ကားပေါင်း ၂၂၂ကား၊ ဗီဒီယို ကားပေါင်း ၃၆၂ ကား ဆိုခဲ့တဲ့ သီချင်းခွေပေါင်း ၁၄ ခွေ ကို သီဆိုထားခဲ့သူလည်းဖြစ်သည် ။

 

ဒီနေ့ဟာ မင်းသား ဒွေး (ခေါ် )ကိုသားကြီး ကွယ်လွန်တဲ့ ၁၃ နှစ်မြောက်နေ့လည်းဖြစ်ပါတယ်။

 


Spread the love
  •  
  •  
  •  
  •  
  •  
  •