.အရှေ့တရုတ်ပင်လယ်မှာ အမေရိကန် နဲ့ ဂျပန် အဓိကစစ်ရေးလေ့ကျင့်မှုများ စတင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တရုတ်နဲ့ပတ်သက်ပြီးစိုးရိမ်စိတ်တွေကြီးမား
လာတာကြောင့် အမေရိကန် နဲ့ ဂျပန် အဓိကစစ်ရေးလေ့ကျင့်မှုများ စတင်ဆောင်ရွက်”

October 27,2020

ဒေသအတွင်း တရုတ်ရဲ့စစ်ရေးဆိုင်ရာတိုးမြှင့်ဆောင်ရွက်မှုတွေလုပ်ဆောင်လာတာကိုရင်ဆိုင်ဖို့ စစ်ရေးအင်အားပြသတဲ့အနေနဲ့ ဂျပန်နိုင်ငံအနီးတဝိုက်မှာ အမေရိကန် နဲ့ ဂျပန်ပူးတွဲ၍ ကြည်း၊ရေ၊လေ စစ်ရေးလေ့ကျင့်မှုတွေ တနင်္လာနေ့က စတင်ဆောင်ရွက်ခဲ့ကြပါတယ်။

Keen Sword စစ်ရေးလေ့ကျင့်မှုဟာ
ယိုရှီဟိုက်ဒ် ဆူဂါ လွန်ခဲ့တဲ့လက ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာကတည်းက ပဌမဆုံးစတင်လုပ်ဆောင်ခဲ့တဲ့ ကြီးမားတဲ့စစ်ရေးပြပွဲတခုဖြစ်ပြီး၊ ဒီစစ်ရေးပြမှုဟာ အရှေ့တရုတ်ပင်လယ်မှာ.
ရှိတဲ့ကျွန်းစုတွေကို ဂျပန်ကထိန်းချုပ်ထားတယ်ဆိုတာ အခိုင်အမာပြသခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်ဟာတရုတ်ကိုတန်ပြန်ရင်ဆိုင်နိုင်ဖို့ စစ်ရေးတည်ဆောက်မှုတွေလုပ်ဆောင်သွားမယ်လို့ စတက်လာကတည်းက ဝန်ကြီးချုပ်က အခိုင်အမာကတိပြုပြောဆိုခဲ့ပါတယ်။
Keen Sword ဟာ၂နှစ်တကြိမ် အမြဲကျင်းပတဲ့ စစ်ဆင်ရေးတခုဖြစ်ပြီး၊အမေရိကန် နဲ့ဂျပန်နိုင်ငံက ဒါဇင်
ပေါင်းများစွာသောစစ်သင်္ဘောများ၊လေယာဉ်
ရာပေါင်းများစွာ ၊စစ်သည်၄၆၀၀၀၊သင်္ဘောသားများ၊ရေတပ်စစ်သည်များ ပါဝင်ကြပါတယ်။

ဆိုက်ဘာနဲ့အီလက်ထရောနစ်စစ်ဆင်မှုတွေပါ ပဌမဆုံးအကြိမ်ပါဝင်လာမှာဖြစ်တဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ၅ရက်နေ့အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”ဂျပန် နိုင်ငံဝန်းကျင်လုံခြုံရေးအခြေအနေဟာ အတော်လေးအရေးတကြီးစိုးရိမ်လာခဲ့ရပြီဖြစ်ပါတယ်။ဒါ့ကြောင့် အမေရိကန် နဲ့ ဂျပန် မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ပြသရမဲ့အခွင့်အလမ်း ပေါ်ပေါက်လာစေခဲ့တယ် ။”လို့​ ဂျပန်နိုင်ငံရဲ့ထိပ်တန်းစစ်ဦးစီးမှူးတယောက်
ဖြစ်တဲ့ ဗိုလ်ချုပ် ကိုဂျီယာမာဇာကီက ဂျပန်နိုင်ငံတောင်ဘက် ပင်လယ်ပြင်မှာရောက်နေတဲ့ ကာဂါ ရဟတ်ယာဉ်တင် စစ်သင်္ဘောတစင်းပေါ်ကနေပြောဆိုပါတယ်။

ဂျပန်နိုင်ငံရဲ့အကြီးမားဆုံး စစ်သင်္ဘောကြီးကို အမေရိကန်နိုင်ငံကလေယာဉ်တင်သင်္ဘော ယူ အက်စ်အက်စ်
ရော်နယ်ရီဂင်နဲ့ သူ့ရဲ့အစောင့်အကြပ် ဖျက်
သင်္ဘောတွေက အတူဝန်းရံလိုက်ပါလာကြပါတယ်။
အရှည်၂၄၈ မီတာ(၈၁၄ ပေ)ရှိတဲ့ ကာဂါ
စစ်သင်္ဘောကြီးဟာ တောင်တရုပ်ပင်လယ်နဲ့
အိန္ဒယသမုဒ္ဒ ရာတို့မှာကင်းလှည့်နေရာကပြန်
ရောက်လာတာဖြစ်ပြီး၊ရေဒါနဲ့ဖမ်းယူလို့မရအောင်နည်းပညာနဲ့ဆောင်ရွက်ထားတဲ့F-35တိုက်လေယာဉ်တွေကို
သယ်ဆောင်နိုင်ဖို့ရာအတွက်နောက်နှစ်မှာ စောနိုင်သမျှစောစော ပြန်လည်မွန်းမံပြင်ဆင်အုန်းမှာဖြစ်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေရဲ့ထောက်ခံချက်ရအောင် ကြိုပမ်း ဆောင်ရွက်မှု တစိတ်တပိုင်းအဖြစ် ဂျပန်ဝန်ကြီးချုပ် ဆူဂါဟာ ဒီလထဲမှာ ဗီယက်နမ် နဲ့ အင်ဒိုနီးရှားကိုအလည်အပတ်သွားရောက်ခဲ့ပါသေးတယ်။
အဲ့ဒီ နောက် တိုကျိုမြို့မှာ တရားဝင်မဟုတ်ပဲအလွတ်သဘောဖွဲ့စည်းထားတဲ့Quadအဖွဲ့အစည်းရဲ့တွေ့ဆုံဆွေးနွေးမှုဆောင်ရွက်ခဲ့ပါတယ်။အမေရိကန်၊ဂျပန်၊သြစတေးလျှနဲ့အိန္ဒိယတို့ပါဝင်ဖွဲစည်းထားတဲ့
အဖွဲ့အစည်းဖြစ်ပြီး ၊အမေရိကန်က Quad အဖွဲ့
ကို တရုတ်ရဲ့ဒေသတွင်းသြဇာလွှမ်းမိုးလာမှု
တွေကိုဆန့်ကျင်တွန်းလှန်ဖို့ ခံကတုတ်အဖြစ်
ရှုမြင်ထားပါတယ်။တရုတ်နိုင်ငံကဒီအဖွဲ့ကို
နေတိုးအငယ်စားလေးလို့ပြောဆိုနေပြီး ပါဝင်
ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ထားပါတယ်။
အရှေ့တရုတ်ပင်လယ်ပြင်မှာ တိုကျိုက ဘီးဂျင်းမှာတောင်းဆိုထားတဲ့ စင်ကာကူ နဲ့ဒိုင်အိုယု ကဲ့သို့သောအငြင်းပွါးမှုတွေ ဖြစ်ပွါးနေတဲ့ကျွန်းတွေရဲ့အနီးဝန်းကျင်မှာတရုပ်ရေတပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံရဲ့စိုးရိမ်မှုတွေတိုးမြင့်လာခဲ့ပါတယ်။
ဗိုလ်ချုပ် ယာမာဇာကီနဲ့အတူ ကာဂါ ပေါ်မှာ အတူလိုက်ပါလာခဲ့တဲ့ ဂျပန်နိုင်ငံ အမေရိကန်စစ်ဦးမှူး ဒုတိယဗိုလ်ချုပ်ကေဗင် ရှနိုက်ဒါက “မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့တရုတ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေဟာ တိုကျို နဲ့ ဝါရှင်တန် ကို စိတ်ပူပန်လာစေခဲ့တယ်”လို့​
ထောက်ပြပြောဆိုခဲ့ပါတယ်။

” အဲ့ဒီ ဆောင်ရွက်ချက်တွေမှာ ဟောင်ကောင်
မှာဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဟန့်တားနှောက်ယှက်တဲ့ လုံခြုံရေးဥပဒေသစ်တွေပြဌန်းတာ၊တရုတ်ပင်လယ်မှာ တရုပ်ကစစ်ရေးတည်ဆောက်မှုတွေလုပ်တာ၊လွန်ခဲ့တဲ့အနည်းငယ်ကထိုင်ဝမ်ကိုတရုတ်စစ်တပ်က အနှောက်အယှက်ပေးနေတာတွေ ပါဝင်တယ် “လို့ ရှနိုက်ဒါကဆိုပါတယ်။
တရုတ်ကတော့သူရဲ့ရည်ရွယ်ချက်တွေဟာ
ဒေသတွင်းမှာ ငြိမ်းချမ်းစေဖို့လို့ပြောပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •