အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ် – ၁၉ ကန့်သတ်ချက်များ ပြန်လည်တင်းကျပ်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ် – ၁၉ ကန့်သတ်ချက်များ ပြန်လည်တင်းကျပ်

အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ် -၁၉ ကူးစက်မှု အရေအတွက် ပြန်လည်တိုးလာသည့်အတွက် စီးပွားရေးနှင့်လူမှုရေးတို့တွင် ကန့်သတ်မှုများ ပြန်လည်ချမှတ်ခဲ့ရကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် တစ်နေ့တည်း၌ပင် ကိုဗစ် – ၁၉ ပိုးတွေ့သူ ၃၈၆၁ ဦးဖြင့် စံချိန်တင်ခဲ့ရာ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် နေအိမ်မှသာ အလုပ်လုပ်သည့် ပမာဏကိုတိုးမြှင့်ရန် ဂျကာတာမြို့ အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။ နေအိမ်မှ အလုပ်လုပ်ရမည့် ပမာဏကို လေးပုံသုံးပုံအထိတိုးမြှင့်ရန် အမိန့်ထုတ်ထားခဲ့သည်။
မြန်မာနိုင်ငံတွင်လည်း ဩဂုတ်လလယ်မှ စတင်ကာ ကူးစက်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။ မလေးရှားနိုင်ငံတွင်လည်း စက်တင်ဘာလအစမှ စတင်ကာ နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၀၀ ကျော် ရှိလာခဲ့သည်။
ထို့ကြောင့် ကူးစက်မှုများပြားသည့်နေရာများတွင် ခရီးသွားလာမှု ဆိုင်ရာကန့်သတ်ချက်များကို အာဏာပိုင်များက ပြန်လည်ချမှတ်ခဲ့ရသည်။
Ref;NHK
MOI

Spread the love
  •  
  •  
  •  
  •  
  •  
  •