အလက်ဇီ နာဗယ်(လ်)နီ အဆိပ်ခတ်ခံရမှုအပေါ် ဂျာမနီရဲ့တုန့်ပြန်မှု  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အလက်ဇီ နာဗယ်(လ်)နီ အဆိပ်ခတ်ခံရမှုအပေါ် ဂျာမနီရဲ့တုန့်ပြန်မှု

5September,2020

ကရင်မလင်ကိုအမြဲဆန့်ကျင်ဝေဖန်သူ အလက်ဇီနာဗယ်(လ်)နီကို အာရုံကြောထိခိုက်စေတဲ့ ဆိုဗီယက်စတိုင် နိုဗစ်ချော့ အဆိပ်ခတ်လုပ်ကြံတာ ခံရပြီးနောက်မှာ ရုရှကို နော့(ဒ်) စထရင်း ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုနဲ့ပတ်သက်ပြီး ဥရောပက ဆန့်ကျင်တုန့်ပြန်ဖို့လိုအပ်တယ်လို့
ဂျာမနီကနိုင်ငံရေးသမားတွေနဲ့ သံတမန်တွေကပြောဆိုလိုက်ပါတယ်။

အဓိပတိအိန်ဂျလာမာကယ်(လ်)က “ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိရအောင် မော်စကိုကအတူပူးပေါင်းပါဝင်ဆောင်ရွက်ဖို့မျှော်လင့်တယ်၊ပြီးတော့ဘယ်လိုတုန့်ပြန်ရမလဲဆိုတာနေတိုးမဟာမိတ်တွေကို ဂျာမနီကဆွေးနွေးပြီး အကြံဉာဏ်တောင်းခံသွားမယ်၊အနောက်နိုင်ငံတွေက ရုရှကို စီးပွါးရေးပိတ်ဆို့မှုအသစ်တွေ တိုးမြှင့်လုပ်ဆောင်သွားရမယ်”လို့ပြောလိုက်ပါတယ်။

ဂျာမန်ပါလီမန် နိုင်ငံခြားရေးရာညီလာခံဥက္ကဌနော့(ဒ်)ဘတ် ရိုအက်ဂျင် ကို ဒျူအက် ရှလန်းဖန့်(ခ်)ရေဒီယိုက” ရုရှကနေ ဂျာမနီကိုနော့(ဒ်)စထရင်း ဓာတ်ငွေ့ပိုက်လိုင်းဆက်သွယ်တဲ့လုပ်ငန်းကို
ရပ်ဆိုင်းသင့်ပါသလား”လို့မေးမြန်းလိုက်စဥ်မှာ
ရုရှကိုဆန့်ကျင်တဲ့တုန့်ပြန်မှုတခုကို ဥရောပက
လုပ်ရလိမ့်မယ်လို့ ရိုအက်ဂျင်ကပြန်ပြောပါတယ်။
“သဘောထားတင်းမာတဲ့နိုင်ငံရေးလမ်းစဥ်ချမှတ်ပြီး၊သိမ်းသွင်းပြောဆိုရမယ်။ပူတင်နားလည်မဲ့တခုထည်းသောဘာသာစကားနဲ့ကျွန်တော်တို့ကတုန့်ပြန်ရမယ်။အာ့တာကဓာတ်ငွေ့ရောင်းချမှုပဲ” လို့ မာကယ်(လ်) အုပ်ချုပ်နေတဲ့ ကွန်ဆာဗေးတစ်ပါတီမှာအဖွဲ့ဝင်တဦးဖြစ်တဲ့
ရိုအက်ဂျင်ကပြောလိုက်ပါတယ်။

အဆိပ်ခတ်ခံရသူ နာဗယ်(လ်)နီဟာတက်ကြွလှုပ်ရှားသူတွေကဂျာမနီကိုလေယာဥ်နဲ့စီစဥ်ပို့ဆောင်ပေးလိုက်ပြီးနောက်မှာတော့ဘာလင်မြို့ကဆေးရုံတရုံမှာ လဲလျှောင်းရင်းအထူးကြပ်မတ်ကုသမှုကိုခံယူနေရပါတယ်။
ဂျာမန်စစ်ဘက်ဆိုင်ရာဓာတ်ခွဲခန်းက နိုဗစ်ချော့
အာရုံကြောထိခိုက်စေတဲ့အဆိပ်သင့်တာလုံးဝ
ရှင်းလင်းပြတ်သားတဲ့သက်သေအထောက်အထားတွေ့ရတယ်လို့ထုတ်ပြန်လိုက်ကြောင်း
ဂျာမန်အစိုးရကဗုဒ္ဓဟူးနေ့ကပြောဆိုခဲ့ပါတယ်။

မော်စကိုကတော့ နာဗယ်(လ်)နီ အဆိ်ခတ်ခံရတာနဲ့ပတ်သက်ပြီးသူတို့နဲ့မဆိုင်ဘူးလို့ငြင်းဆန်လိုက်ပါတယ်။နာဗယ်(လ်)နီဟာပူတင်ရဲ့အုပ်ချုပ်မှုနဲ့ပတ်သက်ပြီး ကာလရှည်ကြာကန့်ကွက်​ဝေဖန်နေခဲ့သူတဦး
ဖြစ်ပါတယ်။ပြီးတော့ ဂျာမန်တွေရဲ့အခိုင်အမာပြောဆိုနေတာတွေဟာ ခိုင်လုံတဲ့သက်သေအထောက်အထား
မရှိဘူးလို့ ရုရှန်ိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ကရင်မလင်ကပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စ်ကော့(ဗ်)က မော်စကို ကိုဆန့်ကျင်ချမှတ်မယ့် စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးစရာဘာအကြောင်းမှမရှိဘူးလို့ ပြောလိုက်ပါတယ်။
အိန်ဂျလာမာကယ်(လ်)က နာဗယ်(လ်)နီ အဆိပ်ခတ်ခံရတာနဲ့ပတ်သက်လို့ နေတိုးမဟာမိတ်တွေနဲ့ဆွေးနွေးပြီး အကြံဉာဏ်တောင်းခံသွားမယ်လို့ပြောဆိုအပြီးမှာ ပြန်လည်တုန့်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

မြူနစ်လုံခြုံရေးညီလာခံဥက္ကဌ(ယခင်
ဝါရှင်တန်သံအမတ်ကြီးဟောင်း) ဝု(ဖ်)ဂန် အစ်ဆင်ဂျာ က ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ရဲ့
ပူးတွဲတုန့်ပြန်မှုကို ကျောထောက်နောက်ခံပြုသွားမယ်လို့ပြောဆိုပြီး၊သံတမန်တွေကိုနှင်ထုတ်တာမျိုးလို
ပျော့ပြောင်းတဲ့လုပ်ဆောင်တာမျိုးတွေနဲ့မလုံလောက်သေးဘူးလို့ပြောပါတယ်။
“ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဘက်
အပေါင်းအပါတွေနဲ့အတူ မော်စကိုကို သတင်း
စကားရှင်းရှင်းပေးချင်ရင် အစည်းအဝေး
ဆုံးဖြတ်ချက်တွေမှာ စီးပွါးရေးနဲ့ပတ်သက်ဆက်နွယ်တာတွေပါရမယ်။ဆိုလိုတာက နော့(ဒ်)စထရင်းပိုက်လိုင်း
နှစ်ခု စီမံကိန်းလိုကိစ္စမျိုးတွေကိုလစ်လျှူရှု
ဖယ်ထုတ်ထားလို့မရဘူး”

“ကျွန်တော်တို့ဟာ အနောက်ကမ္ဘာနဲ့ရုရှကြားမှာ နံရံကြီးတချပ်တည်ဆောက်လိုက်လို့မရဘူး၊သိတ်ကိုအလှမ်း
ဝေးကွာတဲ့အဆင့်ကိုရောက်သွားလိမ့်မယ်။
ဒါပေမယ့် အလယ်အလတ်ကျတဲ့အစွန်းမရောက်တဲ့
ဆောင်ရွက်ချက်မျိုးလုပ်ရလိမ့်မယ်။အဲ့တာက
တော့ သံတမန်ဆိုင်ရာအရေးယူမှုမျိုးနဲ့ လုံးဝ
သပိတ်မှောက်ဆန့်ကျင်တာမျိုးကြားထဲကနေ
လုပ်ဆောင်တာမျိုးပဲ”လို့ အစ်ဆင်ဂျာကပြော
ပါတယ်။

(Ref:France-24 with Reuters)


Spread the love
  •  
  •  
  •  
  •  
  •  
  •