အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း မော်တော်ဆိုင်ကယ်(၇)စီးနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ
၂၇-၆-၂၀၂၀ ရက်နေ့တွင် အလောင်းတော်ကဿပအမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသော Cellular Trailcam ကင်မရာ၏ သစ်ခွဲသားများ တင်ဆောင်ထားသော ဆိုင်ကယ်များထွက်လာသည့် မှတ်တမ်းဓါတ်ပုံပေးပို့ချက်အရ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ တောအုပ်ကြီးနှင့်ဝန်ထမ်းများ၊ ဒေသခံကင်းသားများ၊ Global Conservationအဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ဝါးဘိုးကျောက်တောင်ပေါက်မှ ကင်းပုန်းဝပ်စောင့်ဆိုင်းခဲ့ပါတယ်။
ဒါပေမယ့် ထွက်လာခြင်းမရှိသဖြင့် အတွင်းဘက်သို့ သွားရောက်၍ ကင်းလှည့်စစ်ဆေးရာ ဝါးဘိုးတောင်၏ အတွင်းဘက်(၄)ဖာလုံခန့်အကွာနေရာ ဆိုင်ကယ်ပေါ်မှ ပစ်ချထားသည့် တရားမဝင်ပိတောက်ခွဲသား (၈)ချောင်း (၁)တန်နှင့် ရပ်တန့်ထားသော မော်တော်ဆိုင်ကယ်(၇)စီးအား လူမရှိဘဲ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်း ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။
Source – Forest Department