အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက် နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက် နှင့်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် – –

ဤဆောင်းပါးကို ရေးသား အသိပေးရခြင်း၏ ရည်ရွယ်ချက်မှာ –
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သော်လည်းကောင်း၊
ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့မှသော်လည်းကောင်း၊
ပြည်သူအများအား ရှင်းရှင်း လင်းလင်း
သိကြစေရန် ပြောဆို ရှင်းလင်းမူများသည်
တိတိ ပပ မဟုတ်ပဲ ပြည်သူများကို
ဟိုက ဟုတ်နိူးနိူး၊ ဒီက ဟုတ်နိူးနိူး ဖြင့်၊
အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်အား
ထင်ရောင် ထင်မှားဖြစ်လာစေကာ (၂၀၂၀) အထွေထွေရွေးကောက်ပွဲကို
ပုံပျက်စေရန် ဖန်တီးနေသကဲ့သို့ ဖြစ်လာနေတာကို တွေ့နေရပါတယ်။
သက်ဆိုင်သူအဖွဲ့ များက အဓိက ကျနိုင်သော အချက်အလက်များကို ချန်ထားနေသလိုမျိုး ခံစားမိပါတယ်၊
ထိုသူတို့က ဤကဲ့သို့လိုပြုမူ ပြောဆိုမူများသည် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲနှင့် တကွ တည်ဆဲ
ပြည်သူ့အစိုးရကိုလည်း ပုံရိပ် ကျဆင်း
ထိခိုက်နိုင်စေပါတယ်။
သို့ကြောင့် စာရေးသူမှ တတ်နိုင်သ၍ ရေးသား တင်ပြခြင်းဖြင့် မိမိတို့၏ ပြည်သူများ နှင့် ကမ္ဘာ့နိုင်ငံများသို့ သိသာပါစေရန်
အသိပေး ရေးသားရခြင်းဖြစ်ပါတယ်။

ယနေ့သတင်းစာများ၏ သတင်းဖော်ပြမူများကို ပထမ ရေးသား တင်ပြပါမယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လူပ်ရှားမူအဖွဲ့
(PACE) ကို အသင်းအဖွဲ့မှတ်ပုံတင်ခွင့်ပြုချက် ရှိမှသာ စောင့်ကြည့်လေ့လာခွင့် ပြုမည် ဟု အကြောင်းပြန်ကြောင်း (PACE )အဖွဲ့က
ယမန်နေ့( ဘြဂုတ် -၂၄) ရက်တွင်သတင်းထုတ်ပြန်သည်၊
ရွေးကောက်ပွဲလေ့လာခြင်းကို မည်သူမဆို
လေ့လာခွင့်ရှိသော်လည်း ပြည်ပအဖွဲ့အစည်း များ၏ အထောက်အပံ့ကိုယူ၍
ရွေးကောက်ပွဲလေ့လာရေးလုပ်ငန်းများကို
ဆောင်ရွက်လိုပါက ( PACE ) သည် မှတ်ပုံတင်ခွင့်လျှောက်ထားရန်နှင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးကြောင်း တင်ပြမှသာလျှင် လေ့လာခွင့်အသိအမှတ်ပြုလွာ ထုတ်ပေးမည်ဟု ကော်မရှင်၏ အကြောင်းပြန်စာ၌
ပါရှိကြောင်း ( PACE ) က ထုတ်ပြန်သည်။
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခွင့်မှာ
အသင်းအဖွဲ့ မှတ်ပုံတင်ကို လိုအပ်ချက်တစ်ခု အနေနဲ့လုပ်တာဟာ အရပ်ဘက်အဖွဲ့အစည်း
တွေ ရွေးကောက်ပွဲမှာ ပါဝင်စောင့်ကြည့်ခွင့် အတွက် ကြီးမားတဲ့ အဟန့်အတားလို့ မြင်တယ် ဟု –
(PACE ) အမူဆောင်ဒါရိုက်တာ
ဦးစိုင်းရဲကျော်စွာမြင့် ကပြောသည်။
(PACE ) အဖွဲ့သည် ယခင်ကော်မရှင် ဥက္ကဌ
ဦးတင်အေး လက်ထက်တွင် (၂၀၁၅) အထွေထွေ ရွေးကောက်ပွဲ၊ လက်ရှိ ကော်မရှင် ဥက္ကဌ
ဦးလှသိန်း လက်ထက် (၂၀၁၇) ကြားဖြတ်ရွေးကောက်ပွဲ၊ (၂၀၁၈) ကြားဖြတ်ရွေးကောက်ပွဲ စသည့် သုံးကြိမ်စလုံးတွင် အသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက် လိုအပ်ခဲ့ခြင်းမရှိပေ၊
ဟု 7DAY NEWS တွင် ထည့်သွင်း ဖော်ပြထားတာကို တွေ့ ရမှာဖြစ်ပါတယ်။

အရင်တုန်းက စောင့်ကြည့်လေ့လာခွင့်နဲ့ပတ်သက်ရင် ဒီလို အကန့်အသတ်တွေ မရှိဘူး၊စောင့်ကြည့်လေ့လာခွင့်လျှာက်ထားတယ်၊ လူဦးရေဘယ်လောက်နဲ့ ဘယ်ဖြစ်စဉ်တွေကို စောင့်ကြည့်လေ့လာမယ်ဆိုရင် ရခဲ့တယ်၊ ဒီလို ကန့်သတ်ချက်က အရင်က မရှိဘူး၊ အခု (၂၀၂၀) မှပေါ်လာတဲ့ ကန့်သတ်ချက်ပဲ ဟု ဦးစိုင်းရဲကျော်စွာမြင့် ကပြောသည်၊
ဟုလည်း သတင်းဖော်ပြချက်မှာ ပါပါတယ်။

အထက်ပါပြောဆိုမူ သတင်းအချက်အလက်များကို ဖတ်လိုက်တဲ့အခါမှာ
ဖြုန်းကနဲ တွေးထင်လိုက်ရတာက –
ရွေးကောက်ပွဲကော်မရှင်က နိုင်ငံသားများ၏ ပါဝင် စောင့်ကြည့်ခွင့်ကို အာမခံချက်မပေးဘူး၊
နိုင်ငံသားများ၏ နိုင်ငံရေးအခွင့်အရေးကို အကာအကွယ်မပေးဘူး၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၄ /က /ဂ) ပါပြဌာန်းချက်ဆိုင်ရာများကို ဖောက်ဖျက်သကဲ့သို့ ရှိနေတဲ့အပြင် ရွေးကောက်ပွဲဆိုင်ရာ စောင့် ကြည့် လေ့လာခွင့် ဆိုင်ရာများကိုလည်း ဖေါက်ဖျက် ကျူးလွန်ရာ ကျနေသကဲ့သို့ထင်မှတ်စရာ ဖြစ်နေပါတယ်။

ထိုကဲ့သို့သော ပြည်သူများနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ထင်မှတ်လာမူ ၊
ဖြစ်လာနိုင်ခြေရှိလာနိုင်မူများကို ကော်မရှင်မှ မိမိတို့နိုင်ငံ၏ ဥပဒေများနှင့် ဖြစ်လာနိုင်သော အနေအထားများကို ထွက်ပြီးရှင်းပြ ကြဘို့
လိုအပ်လာပါပြီ။

မိမိတို့နိုင်ငံတွင် (၂၀၁၄)ခုနှစ်၊ဇူလိုင်လ(၁၈) ရက်မှာ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဥပဒေကို ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ်(၃၁)အဖြစ် ထုတ်ပြန်ခဲ့ပြီး ၊

(၂၀၁၅)ခုနှစ်၊ဇွန်လ(၅) ရက်နေ့တွင် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြည်ထဲရေးဝန်ကြီးဌာနမှ လည်းထုတ်ပြန်ခဲ့ပြီးဖြစ်တဲ့အပြင် တစ်ချို့နည်းဥပဒေများကို (၂၀၁၆)ခုနှစ်၊မတ်လ(၂၈)ရက်နေ့တွင်ထပ်မံ ပြင်ဆင်ခဲ့တာကို တွေ့ရပါတယ်။

ဆိုလိုတာက အသင်းအဖွဲ့များဆိုင်ရာ ဥပဒေ၊
နည်းဥပဒေများပါ ပြဌာန်းမူများက တည်ဆဲ ဖြစ်ပါတယ်၊

ပြဌာန်းထားချက်တွေမှာ မိမိပိုင်ငွေကြေး၊ ပြည်တွင်းက ထောက်ပံ့ လှူဒါန်းသည့်
ငွေကြေးလက်ခံသုံးစွဲမူများ နဲ့ နိုင်ငံတကာမှ လှူဒါန်းသည့် ငွေကြေး ရန်ပုံငွေဖွင့်လှစ်
တည်ထောင်ပိုင်ခွင့်၊ရယူ၊သုံးစွဲမူ နှင့်
အဖွဲ့အစည်း၏ ဖွဲ့စည်းထားမူ၊အဖွဲ့ဝင်များထားရှိသတ်မှတ်မူစံနူံးများ၊
စသည်ဖြင့် ဥပဒေ၊ နည်းဥပဒေများပြဌာန်းထားပါတယ်။

အခန်း(၃) ၊ ပုဒ်မ(၅)(က) –
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များ ဖြင့်ဖွဲ့စည်းရမည်၊
ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဥက္ကဌ၊
အဖွဲ့ဝင်များအဖြစ် –
ဒုတိယဝန်ကြီးများဖြစ်သော –
နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မူ ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊
အတွင်းရေးမှူးအဖြစ် ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအာပ်ချုပ်ရေးဦးစီးဌာန၊
တွဲဖက်အတွင်းရေးမှူး အဖြစ် ညွှန်ကြားရေးမှူးချုပ်၊ ရှေ့နေချုပ်ရုံး။

ပုဒ်မ(၁၇) မှာဖွင့်ဆိုထားတာက လျှောက်ထားသောအသင်းအဖွဲ့အားလျှောက်ထားသည့်နေ့မှ ခုနှစ်ရက်အတွင်း (အစိုးရရုံးပိတ်ရက်များမပါ) ယာယီမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်၊ ဆက်လက်၍သတ်မှတ်ချက်များနှင့်အညီ စီစစ်ပြီး –
(က) နိုင်ငံတော်၏တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိုထိခိုက်နိုင်ရန်အကြောင်းမရှိပါက
အသင်းအဖွဲ့ အဖြစ်မှတ်ပုံတင်ခြင်းကို စည်းကမ်းချက်များသတ်မှတ်၍ခွင့်ပြုနိုင်သည်၊
ထိုသို့ခွင့်ပြုရန် ဆုံးဖြတ်ပါက လျှောက်လွာ လက်ခံရရှိသည့် နေ့မှစ၍ ရက်ပေါင်း(၉၀) အတွင်းလျှောက်ထားသူအား မှတ်ပုံတင်လက်မှတ်ကိုထုတ်ပေးရမည်။
(အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့များကို မှန်ပုံတင်ခွင်ဲပြုခြင်း )၊ အခန်း(၅) မှာဖွင့်ဆိုပြဌာန်းထားသော်လည်း၊
နည်းဥပဒေ အခန်း(၂) မှတ်ပုံတင်ရေးအဖွဲ့အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များမှာ –
ပုဒ်မ(၃) (က) ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၏လုပ်ငန်းတာဝန်များမှာ
ပုဒ်မ(၈)၊ပုဒ်မ(၁၇)နဲ့အညီဆောင်ရွက်၍မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်း။
ဆိုပြီးဖွင့်ဆိုထားပါတယ်၊

ပုဒ်မ(၈) သည် အခန်း(၂) ပြည်တွင်းအသင်းအဖွဲ့များကို မှတ်ပုံတင်ခွင့်ပြုခြင်း၊ဖြစ်ပါတယ်။
ပုဒ်မ(၈) သက်ဆိုင်ရာမှတ်ပုံတင်ရေးအဖွဲ့သည် ပုဒ်မ(၇)အရ လျှောက်ထားသောအသင်းအဖွဲ့အား လျှောက်ထားသည့်နေ့မှ
ခုနှစ်ရက် အတွင်း(အစိုးရရုံးပိတ်ရက်များမပါ ) ယာယီမှတ်ပုံတင်လက်မှတ်ကိုထုတ်ပေးရမည်၊ ဆက်လက်၍သတ်မှတ်ချက်နှင့်အညီစီစစ်ပြီး – –
(က) နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး နှင့် လုံခြုံရေးကိုထိခိုက်နိုင်ရန် အကြောင်းမရှိပါက အသင်းအဖွဲ့ အဖြစ် မှတ်ပုံတင်ခြင်းကိုစည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်၊
ထိုသို့ခွင့်ပြုရန်ဆုံးဖြတ်ပါက လျှောက်လွှာ
လက်ခံရရှိသည့်နေ့မှစ၍ အောက်ဖော်ပြပါ သတ်မှတ်ကာလအတွင်းလျှောက်ထားသာအားထုတ်ပေးရမည်။
(၁) ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ (၉၀)ရက်၊
(၂) တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်
(၆၀) ရက်၊
(၃) နေပြည်တော်ကောင်စီ (၆၀) ရက်၊
(၄) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ (၃၀)ရက်၊
(၅) ခရိုင် (၃၀) ရက်၊
(၆) မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့(၃၀)ရက်။

ဆိုပြီးသတ်မှတ်ထားပါတယ်၊
ဒါပေမယ်လို့ လျှောက်လွှာတင်တဲ့ရက်ကနေစပြီး ခုနှစ်ရက်အတွင်း ယာယီမှတ်ပုံတင်
လက်မှတ်ကို ထုတ်ပေးထားပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ အတော်များများတွေက အထက်ပါနည်းလမ်းအတိုင်းသွားနေကြတဲ့ အဖွဲ့တွေလည်း
ရှိနေပါပြီ။

အဓိက ပြသနာက နိုင်ငံတကာအဖွဲ့အစည်းများထံမှထောက်ပံ့တဲ့ ငွေကြေးပြသနာ
လည်းရှိကောင်း ရှိနေနိုင်ပါတယ်။

အခန်း(၈) အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့် –

ပုဒ်မ(၂၇)- မှတ်ပုံတင်ထားသည့် ပြည်တွင်း
အသင်းအဖွဲ့များသည် နိုင်ငံတကာအစိုးရ တစ်ရပ်ရပ်ထံမှဖြစ်စေ၊ အစိုးရမဟုတ်သော
နိုင်ငံတကာအသင်းအဖွဲ့ တစ်ရပ်ရပ်ထံ
မှဖြစ်စေ၊
ပြည်တွင်းအသင်းအဖွဲ့ တစ်ရပ်ရပ်ထံမှဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ထံမှဖြစ်စေ၊
အထောက်အပံ့ကို တည်ဆဲ ဥပဒေများ
နှင့်အညီ လက်ခံရယူနိုင်သည်။

ဟူ၍ သက်ဆိုင်သူ အသင်း အဖွဲ့ များအတွက် လိုက်လျော ဖွင့်ဆို ပြဌာန်းပေးထားပြီး
ဖြစ်ပါတယ်၊
မိမိတို့ ပြည်သူများနဲ့ အသင်းအဖွဲ့များကလည်း စည်းကမ်းတကျ လုပ်ဆောင်
လိုက်နာကြဘို့လည်းလိုအပ်ပါတယ်။

မိမိတို့ ရွေးချယ်ခံအစိုးရသည် လုပ်သင့်ပြီး တိုင်းပြည်အတွက် ကောင်းမွန်သည့်
အကျိုးရှိတာမှန်သမျှ လိုက်လျောမူများရှိနေတာကိုတွေ့နေရပါတယ်၊
သို့ပေမယ်လို့ စည်းကမ်း၊ ဥပဒေများနှင့် လည်း
အကြောင်းညီညွတ်ဘို့လည်းလိုအပ်ရပါမယ်။
ဒီမိုကရေစီနိုင်ငံတိုင်းက ၎င်းအချက်ကို
ဖွင့်ဆို ပြဌာန်း လိုက်နာကြပါတယ်။

စာရေးသူ မှတ်သားမိသလောက် နိုင်ငံခြားငွေကြေးများကို မိမိတို့နိုင်ငံတွင်းရှိ ဘဏ်ကို
(personal name ) နဲ့ဝင်လာပါက –
us dollar (10000) အထိတော့ ရယူ ပြီး ၊သက်ဆိုင်ရာ ဘဏ်က ထုတ်ပေးနိုင်ခွင့်ရှိပါတယ်၊
ထို့ထက် (amount ) များပါက သိန်းဂဏန်း၊
သန်းဂဏန်း၊ ကျော်လျှင်
ပြည်ထောင်စု ဗဟိုဘဏ်၏
ခွင့်ပြုချက် နှင့် နိုင်ငံတော်၏ သက်ဆိုင်ရာများမှ ထောက်ခံမူ ရှိရပါမယ်၊

“(အကယ်၍ သက်ဆိုင်ရာ ပြည်တွင်းဘဏ်မှ ကိုယ့်အစီအစဉ်နဲ့ကိုယ် ထုတ်ပေးလိုက်ပါက ဘဏ်ကို ပိတ်သိမ်း ခံရတဲ့အထိ ပြစ်ဒဏ် ထိသွားနိုင်ပါတယ်)”။

ထိုငွေများကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများကနေ ခိုင်လုံမူ ကိုစီစစ်ရပါတယ်။

စာရေးသူ အကြမ်းဖျဉ်းသိထားမူသာဖြစ်ပါတယ်။

သို့ပေမယ့် အသင်းအဖွဲ့ ဆိုင်ရာ ဥပဒေများနှင့် အညီ မှတ်ပုံတင်ထားသော၊
ပြည်တွင်းအသင်းအဖွဲ့များသည် အသင်းအဖွဲ့ ပိုင် (account ) ဖွင့်ပြီး
ပြဌာန်းထားသောဥပဒေနှင့် အညီ နိုင်ငံခြားငွေကို လက်ခံပိုင်ခွင့်ရှိပါတယ်။

တားဆီးပိတ်ဆို့ထားတာမရှိတာကိုတွေ့ရပါတယ်။

သို့ပေမယ်လို့ –
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့
တစ်ဖွဲ့တို့၏ မကြေလည်မူ ပြသနာများကြောင့် မိမိတို့နိုင်ငံ၏ တည်ဆဲရွေးချယ်ခံအစိုးရ
နှင့်အတူ လာမည့် အထွေထွေရွေးကောက်ပွဲ အပေါ် အထင်အမြင် လွဲမှားနိုင်ခြေများရှိလာ
နိုင်ပါတယ်။

သို့ဖြစ်ပါသောကြောင့် –
(၂၀၂၀) အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တာဝန် ရှိကြသူ များသည် –

ယခု ဖြစ်နေကြသော တစ်ဆို့မူ အကြောင်းအချက်များ အား ပြည့်ပြည်ံ စုံစုံ နှင့် ရှင်းရှင်း လင်းလင်း ဖြင့် မိမိတို့ ပြည်သူများနှင့် တကွ ကမ္ဘာ့နိုင်ငံများ၊ အပါအဝင် နိုင်ငံတကာမှ အလှူရှင် (donor ) များသိကြစေရန် –
ကျယ်ကျယ် ပြန့် ပြန့် ရှင်းလင်းပေးစေ
လိုပါကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။

အလေးထားစွာဖြင့်. ကိုသိန်းဌေး ၈၈ ပဲခူး၊
……….(၂၅.၈.၂၀၂၀)……….


Spread the love
  •  
  •  
  •  
  •  
  •  
  •