“အသည်းရောင်အသားဝါCဗိုင်းရပ်(စ်)ပိုး တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်သုံးဦး ကိုဆေးပညာဆိုင်ရာနိုဘယ်လ်ဆုပူးတွဲချီးမြှင့်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

“အသည်းရောင်အသားဝါCဗိုင်းရပ်(စ်)ပိုး
တွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်သုံးဦး
ကိုဆေးပညာဆိုင်ရာနိုဘယ်လ်ဆုပူးတွဲချီးမြှင့်”
October 5,2020
အသည်းရောင်အသားဝါရောဂါ C
ဗိုင်းရပ်(စ်) ပိုးရှာဖွေတွေ့ရှိမှုအတွက် သိပ္ပံပညာရှင်သုံးဦးကို ဆေးပညာဆိုင်ရာနိုဘယ်ဆုချီးမြှင့်လိုက်တယ်လို့ နိုဘယ်ဆုရွေးချယ်ရေးကော်မတီက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။
“ဟာဗေး ဂျေ အော်လ်တာ၊မိုက်ကယ်လ်ဟော်တန်နဲ့ ချားလ် အမ် ရိုက်(စ်)
တို့ဟာ အသည်းရောင်အသားဝါC ဗိုင်းရပ်(စ်)
ပိုးကို ခွဲခြားသိရှိနိုင်တဲ့ မူလမျိုးစေ့နဲ့ဆိုင်တဲ့
ရှာဖွေမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။”လို့
နိုဘယ်လ်ကော်မတီကဆုရရှိသူများ
ကြေညာချက်မှာဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့လုပ်ဆောင်ချက်မတိုင်ခင်က
အသည်းရောင်Aနဲ့B ဗိုင်းရပ်(စ်)ပိုးတွေကို
ရှာဖွေတွေ့ရှိခဲ့မှုတွေဟာ ရှေ့ဆက်ဖို့အတွက်
အရေးပါတဲ့ ခြေလှမ်းတွေ ဖြစ်ခဲ့ပေမဲ့ သွေးထဲမှာ ဗိုင်းရပ်(စ်) ပေါက်ဖွားပြီးဖြစ်ပွါးခဲ့တဲ့ အသည်းရောင်ရောဂါအများစုနဲ့
ပတ်သက်ပြီး ရှင်းမပြနိုင်သေးပဲ
ဖြစ်နေပါတယ်။
အသည်းရောင်ရောဂါC ဗိုင်းရပ်(စ်)ပိုးကို
ရှာဖွေတွေ့ရှိမှုဟာ နာတာရှည်အသည်းရောဂါ
ဖြစ်ပွါးနေမှုတွေကိုဖော်ထုတ်နိုင်ခဲ့သလို
ဖြစ်နိုင်ခြေရှိတဲ့ သွေးစမ်းသပ်စစ်ဆေးမှုတွေကို
လည်းပြုလုပ်နိုင်ခဲ့ကာ လူသန်းပေါင်းများစွာတို့ရဲ့အသက်တွေကို
ကယ်တင်ပေးနိုင်တဲ့ဆေးဝါးအသစ်တွေကို
ဖန်တီးထုတ်လုပ်နိုင်ခဲ့ပါတယ်။
ဟာဗေး ဂျေ အော်လ်တာ၊မိုက်ကယ်လ် ဟော်လ်တန် နဲ့ ချားလ် အမ် ရိုက်(စ်) တို့ဟာ
ဆုရရှိငွေ ခရိုနာ ၉သန်း(အမေရိကန်ဒေါ်လာ
၁သန်း)ကိုအညီအမျှခွဲဝေယူကြရမှာ
ဖြစ်ပါတယ်။
ဒီသိပ္ပံပညာရှင်၃ယောက်ဟာ သွေးထဲမှာပေါက်ပွါးတဲ့အသည်းရောင်
ဗိုင်းရပ်(စ်) ကို တွန်းလှန် တိုက်ဖျက်ရာမှာ
တိကျသေခြာတဲ့ အထောက်အကူကို
ပေးနိုင်ခဲ့ကြပါတယ်။ဒီဗိုင်းရပ်(စ်)ပိုးကြောင့်
ကမ္ဘာ့အနှံ့က လူတွေကို အသည်းကြွပ်ရောဂါ
အသည်းကင်ဆာရောဂါတွေ ဖြစ်ပွါးစေခဲ့တဲ့
အတွက် တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာပြဿနာတရပ်အဖြစ်
တည်ရှိနေခဲ့ပါတယ်။
Source;Breaking News (ABC)


Spread the love
  •  
  •  
  •  
  •  
  •  
  •