အသုံးပြီး PPE တွေ၊ mask 😷 တွေ၊ လက်အိတ်တွေ၊ တစ်ရှုးစတွေကို စနစ်တကျစွန့်ပစ်ကြပါ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

🚨အသုံးပြီး PPE တွေ၊ mask 😷 တွေ၊ လက်အိတ်တွေ၊ တစ်ရှုးစတွေကို စနစ်တကျစွန့်ပစ်ကြပါ။

မနေ့ကပဲ မြန်မာပြည်မှာ အသုံးပြုပြီး PPE ကိုစနစ်တကျမပစ်လို့ လူတစ်ယောက်က မိုးကာအင်္ကျီထင်ပြီးကောက်သွားတဲ့ပုံကို facebook မှာ တင်ထားတာတွေ့ရပါတယ်။

အသုံးပြုပြီး PPE တွေ၊ လက်အိတ်တွေ၊ Mask တွေ၊ တစ်ရှုးစက္ကူတွေကို စနစ်တကျမပစ်ခြင်းဟာ Covid ပြန့်ပွားစေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ အန္တရာယ်အလွန်ကြီးပါတယ်။

သန့်ရှင်းရေးဝန်ထမ်းကလိုက်သိမ်းရင်း သူတို့ကိုကူးစက်သွားရင် မြို့တွေရဲ့ အမှိုက်သိမ်းစနစ်ပြဿနာတက်သွားနိုင်ပါတယ်။

သန့်ရှင်းရေးဝန်ထမ်းတွေမရှိရင် ကျနော်တို့ Covid ကာလမှာ အခြေအနေဘယ်လောက်ဆိုးသွားမလဲ တွေးကြည့်ကြပါ။

ဒါ့ကြောင့် Covid ကာလမှာ အိမ်တွေက စွန့်ပစ်ပစ္စည်းတွေကို သေချာထုပ်ပိုးပြီးမှ စွန့်ပစ်ကြပါ။

အထူးသဖြင့် PPE လို ပိုးကူးစက်နိုင်တဲ့ အရာတွေကို အထပ်ထပ်လုံအောင် အိတ်နဲ့ထုပ်ပြီးမှ အပေါ်က “PPE #ရောဂါကူးတတ်သည်မဖွင့်ရ” လို့ ရေးပြီးမှ စွန့်ပစ်ကြပါ။

credit: ပုံကအသိတစ်ယောက်ပို့ပေးတာပါ။ online ကတွေ့လို့တဲ့။

Richard Myo Thant
23-September-2020


Spread the love
  •  
  •  
  •  
  •  
  •  
  •