အသွားအလာကန့်သတ်ထားသည့် အမရပူရမြို့နယ် ဗားကရာကျောင်းတိုက်နေ ရန်ဟန်းသံဃာ၊ ကပ္ပိယတို့တွင် ပထမအကြိမ် ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အသွားအလာကန့်သတ်ထားသည့် အမရပူရမြို့နယ် ဗားကရာကျောင်းတိုက်နေ ရန်ဟန်းသံဃာ၊ ကပ္ပိယတို့တွင် ပထမအကြိမ် ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိ

မန္တလေးမြို့၊ အမရပူရမြို့နယ် မှန်တန်းရပ်၊ ဗားကရာကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သော သံဃာတစ်ပါးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ယင်းကျောင်းတိုက်အား အသွားအလာကန့်သတ်ပြီး ကျောင်းတိုက်နေ ရန်ဟန်းသံဃာ၊ ကပ္ပိယ (၇၀)ဦးတို့အား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ရာ ပထမအကြိမ် ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်းနှင့် အမရပူရ မှန်တန်းရပ် နဂါးဝင်းမှ အနံ့မရ၍ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားသော အမျိုးသားတစ်ဦးတွင်လည်း ပထမအကြိမ် ဓါတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း ကနေဦးသတင်းရရှိသည်။

စက်တင်ဘာ(၁၈)ရက်အထိ အမရပူရမြို့နယ်အတွင်း COVID-19 အတည်ပြုလူနာ (၂၄)ဦး ရှိနေပြီဖြစ်ရာ မန္တလေးခရိုင်အတွင်း COVID-19 အတည်ပြုလူနာ အများဆုံးရှိနေသောမြို့နယ်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ စက်တင်ဘာ(၁၉)ရက် နံနက် (၈)နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ (၄၆၂၁)ဦး ရှိပြီး ၎င်းတို့အနက် သေဆုံးသူ (၇၅)ဦး ရှိသည်ဟု ဖော်ပြထားသည်။

#TheMandalayNewsJournal


Spread the love
  •  
  •  
  •  
  •  
  •  
  •