“အာကင်ဆက်(စ်) ပြည်နယ်က ကလေးငယ်တဦးမိခင်က အငိုတိတ်အောင်သွားရည်ခံအဝတ်နဲ့ဆို့ထားရာမှသေဆုံး”  

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အာကင်ဆက်(စ်) ပြည်နယ်က ကလေးငယ်တဦးမိခင်က အငိုတိတ်အောင်
သွားရည်ခံအဝတ်နဲ့ဆို့ထားရာမှသေဆုံးသွားခဲ့”
(10 September 2020၊အာကင်ဆက်(စ်)ပြည်နယ်)
အမေရိကန်ပြည်ထောင်စု အာကင်းဆက်(စ်)မှာဖြစ်ပွါးသွားခဲ့တဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တခုဖြစ်ပါတယ်။ ကလေးမိခင်က ကလေးငိုနေတဲ့အတွက် အငိုတိတ်အောင် သွားရည်ခံအဝတ်နဲ့ပါးစပ်ကိုဆို့ထားရာက
အသက်ရှူကျပ်ပြီးသေဆုံးသွားရတာ
ဖြစ်ကြောင်းကြာသပတေးနေ့ညမှာ ဝန်ခံပြောဆိုလိုက်ပါတယ်။
ကလေးအဖေက ကလေးအသက်မရှူတော့ဘူးလို့သူ့ကိုပြောတဲ့အချိန်မှာရဲတပ်ဖွဲ့ကိုအကြောင်းကြားခဲ့ပါတယ်။ဆေးအဖွဲ့ရောက်လာပြီတဲ့နောက် ကလေးကိုခေါင်းမော့ထားပြီး ရင်ဘတ်ကိုဖိပေးတဲ့နှလုံးပြန်ခုန်စေတဲ့ကုထုံးနဲ့ပြုစုကုသပေးပေမဲ့ထူးခြားမလာပါဘူး။
သူတို့တွေနောက်တကြိမ်လည်ချောင်း
ထဲကိုပြန်ရှာကြည့်တဲ့အခါမှာ သွားရည်ခံအဝတ်တခုလည်ချောင်းထဲမှာ
အသက်ရှူမရအောင်ပိတ်ဆို့နေတာကို တွေ့
ရပါတယ်။
သေဆုံးသူကလေးငယ်ရဲ့မိခင်နန်စီဝီလျှံကို
ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးစစ်ဆေးမေးမြန်းတဲ့
အခါမှာတော့ ကလေးအငိုတိတ်အောင်
ပါးစပ်ထဲကိုသွားရည်ခံအဝတ်နဲ့ပိတ်ဆို့ထား
ခဲ့မိတယ်လို့ဝန်ခံထွက်ဆိုပါတယ်။
သူမဟာကလေးရဲ့လည်ချောင်းထဲကို
သွားရည်အဝတ်ကိုလုံးထွေးပြီး အတင်းထိုးထည့်ခဲ့ပါတယ်။
သူဟာအစကပုလင်းနဲ့ကလေးကိုနို့ဗူးတိုက်နေတုန်းကလေးရဲ့သွားဖုံးကိုခိုက်မိသွားပါတယ်။
သွေးတိတ်သွားအောင်အဝတ်စအုပ်ထားပေးပါတယ်။နောက်တော့ခိုက်မိထားတဲ့ဒါဏ်ကြောင့်
ကလေးကဆက်တိုက်အော်ငိုနေတာကြောင့်
လည်ချောင်းထဲကိုအဝတ်စထိုးထည့်ခဲ့တယ်လို့
ဝန်ခံပြောဆိုခဲ့ပါတယ်။
ခင်ပွန်းဖြစ်သူဝီလျှံက သူမဟာသူ့ကိုအကူအညီတောင်းဖို့အိပ်ယာကလာမနှိုးခင်မှာကလေးလည်ချောင်းထဲက
အဝတ်စကို ဆွဲထုတ်လို့မရပဲ သွေးရူးသွေးတန်း
ဖြစ်သွားခဲ့တာလို့စွတ်စွဲပြောဆိုလိုက်ပါတယ်။
ကလေးရဲ့မိခင်ကိုပဌမဒီဂရီ လူသတ်
မှုနဲ့တရားစွဲဆိုထားပြီး ကရောဖို့(ဒ်) စီရင်စု
အချုပ်ခန်း ကနေဒေါ်လာတသန်းနဲ့အာမခံပေး
လိုက်ပါတယ်။
(Ref: BREFNEWS.COM)


Spread the love
  •  
  •  
  •  
  •  
  •  
  •