” အာဂျင်တီးနားမှာ ကိုဗစ်-19ကူးစက်လူနာ ၁သန်းကျော်လာပြီ “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အာဂျင်တီးနားမှာ ကိုဗစ်-19ကူးစက်လူနာ
၁သန်းကျော်လာပြီဖြစ်”

October 20,2020

အာဂျင်တီးနားနိုင်ငံဟာကိုရိုနာဗိုင်းရပ်(စ်)
ကူးစက်သူ ၁ သန်းကျော်နဲ့ ကမ္ဘာမှာကူးစက်မှု
ပဉ္စမမြောက်အများဆုံးနိုင်ငံဖြစ်လာခဲ့ပြီလို့
ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ
အတည်ပြုပြောကြားခဲ့ပါတယ်။

တနင်္လာနေ့ညက ဒီ တောင်အမေရိကနိုင်ငံမှာ ကားစက်သူလူနာ၁၀၀၂၆၆၆၂ယောက်အထိရှိသွားခဲ့ပြီလို့
ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာ
ဖော်ပြထားပြီး၊လွန်ခဲ့၂၄နာရီအတွင်းမှာ အသစ်ထပ်မံကူးစက်သူ ၁၂၉၈၂ယောက်ရှိခဲ့ပြီးသေဆုံးသူ၄၅၁ယောက်
ရှိခဲ့တယ်လို့ပြောပါတယ်။
နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ကူးစက်သူအရေအတွက်ဟာ လူဦးရေ၄၅သန်းသာရှိတဲ့အာဂျင်တီးနားနဲ့နှိုင်းစာလျှင် လူဦးရေအလွန်ပိုမိုများပြားတဲ့ အမေရိကန်ပြည်ထောင်စု၊ရုရှ၊အိန္ဒိယ၊ဘရာဇီး စတဲ့နိုင်ငံတွေနဲ့အတူယှဉ်လျှက်ရှိနေပါတယ် လို့ရိုက်တာသတင်းဌာနက ပြောပါတယ်။
အာဂျင်တီးနားမှာစမ်းသပ်ဆေးမှုနှုန်းကနည်း
ပါးပေမယ့် စမ်းသပ်စစ်ဆေးမှုတွေရဲ့၆၀ရာခိုင်နှုန်းမှာ
ရောဂါကူးစက်နေတာကိုတွေ့ရတဲ့အတွက်
ကူးစက်မှုနှုန်းအများဆုံးနိုင်ငံတနိုင်ငံဖြစ်နေပါတယ်။
ကူးစက်မှုနှုန်းများတဲ့အတွက်ဆေးရုံတွေ
ကျန်းမာရေးလုပ်ငန်းတွေမှာဝန်ပိပြီး အားစိုက်
ဆောင်ရွက်နေကြရပါတယ်။ဆေးရုံတွေမှာ အထူးကြပ်မတ်ကုသဆောင်က လူနာကုတင်
တွေရဲ့၆၄ရာခိုင်နှုန်းကျော်မှာလူနာတွေရှိနေပါတယ်။တချို့ပြည်နယ်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်တွေမပြိုလဲ
သွားအောင်ကြံကြံ့ခံပြီးတွန်းလှန်နေရပါတယ်။
နိုင်ငံမှာအထိခိုက်ဆုံးဒေသတခုဖြစ်တဲ့
ဗျူနိုအေးရီး(စ်)ပြည်နယ်က ပိုဆာဒတ်(စ်)
ဆေးရုံ အထူးကြပ်မတ်ကုသရေးဆရာဝန်
စင်သီယာ ဂျင်မီနက်က”ဒီကိစ္စကို အခုအဆုံး
သတ်စေချင်ပါပြီ။ဒီလိုပုံနဲ့ဆိုရင် ကျွန်မရှေ့ဆက် လုပ်နိုင်မှာမဟုတ်တော့ဘူး”
လို့ပြောပါတယ်။”အသက်ရှူမရတဲ့ဝေဒနာခံစား
နေရတဲ့တဲ့လူနာတွေကိုတွေ့မြင်ရတာရှင့်ကို
ပင်ပန်းစေလိမ့်မယ်၊ပြီးတော့ရှင်က သူတို့ရဲ့
အသက်ကိုကယ်တင်ပေးရမှာလေ”လို့သူမကထပ်ပြောပါတယ်။”ပြီးတော့သူတို့ လည်ချောင်း
ထဲကိုအသက်ရှူနိုင်ဖို့ပြွန်ပိုက်ထိုးထည့်
ရင် အတော်များများအတွက်ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားမယ်ဆိုတာရှင်သိနေတယ်။
ဒီကိစ္စဟာနာကျင်ထိခိုက်ရတယ်။”လို့သူမကပြောပါတယ်။
တိုင်းပြည်အတွင်းမှာပဌမဆုံး ကိုရိုနာဗိုင်းရပ်(စ်) ကူးစက်နေတာကို အတည်ပြုနိုင်ခဲ့ပြီးတဲ့နောက်မှာ မတ်လ ၂၀
ရက်နေ့ကစပြီးကွာရန်တင်း ဝင်ဖို့အတွက်တင်းတင်းကျပ်ကျပ်ဆောင်ရွက်
ခဲ့ပြီး ဗိုင်းရပ်(စ်) ကူးစက်ပြန့်ပွါးမှုဟာ အစပိုင်းမှာနှေးကွေးသွားခဲ့ပါတယ်။
အစိုးရကတိုင်းပြည်ရဲ့အစိတ်အပိုင်းအတော်များများမှာ စီးပွါးရေးပြန်လည်တိုးတက်လာဖို့
ကန့်သတ်မှုတွေကိုပြန်လည်ဖြေလျှော့ပေးခဲ့ပြီး
နောက်မှာတော့ ရောဂါကူးစက်မှုတွေ တဟုန်ထိုး ပြန်လည်လည်မြင့်တက်လာခဲ့ပါ
တယ်။

လူပေါင်း၂၆၀၀၀ကျော်သေဆုံးခဲ့ရပြီး၊
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်တဲ့
စာရင်းဇယားအချက်အလက်အရ သေဆုံးမှု
၂.၇ ရာခိုင်နှုန်းရှိတယ်လို့သိရပါတယ်။
မိသားစုကိစ္စ (ဒါမှမဟုတ်)အလုပ်ကိစ္စအတွက် အစိုးရခွင့်ပြုချက်နဲ့ခရီးသွားလာရန် ပြည်တွင်း
လေကြောင်းလိုင်းတွေကို ခွင့်ပြုပေးထားပေမဲ့
ကမ္ဘာလှည့်ခရီးသည်တွေ ဝင်ရောက်မလာစေရန် အင်ဂျင်တီးနားနိုင်ငံရဲ့နယ်စပ်ဒေသတွေကိုတော့ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
Ref:FRANCE-24(REUTERS)


Spread the love
  •  
  •  
  •  
  •  
  •  
  •