“အာဂျင်တီးနား လွှတ်တော်မှာ မာရာဒိုနာပုံနဲ့ ငွေစက္ကူထုတ်ဖို့ အဆိုတင်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အာဂျင်တီးနားဆိနိတ် လွှတ်တော်က မာရာဒိုနါရုပ်ပုံနဲ့ ငွေစက္ကူထုတ်ရန်အကြံပြု

December 9, 2020

အာဂျင်တီးနားဥပဒေပြုလွှတ်တော် အမတ်တယောက်က အာဂျင်တီးနားနိုင်ငံရဲ့
ဘောလုံးကြယ်ပွင့် ဒီယေဂို မာရာဒိုနါပုံ နဲ့
ငွေစက္ကူအသစ်များရိုက်နှိပ်ထုတ်ဝေဖို့အဆိုပြုလိုက်ပါတယ်။
အာဂျင်တီးနားနိုင်ငံကို ၁၉၈၆ခုနှစ်မှာကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပြီး ကစားပေးနိုင်ခဲ့သူ မာရာဒိုနါဟာ
လွန်ခဲ့နှစ်ပတ်က အသက်၆၀အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
လွှတ်တော်အမတ် နော်မာဒူရန်ဂိုက ငွေကြေးယူနစ်သတ်မှတ်ပုံမှာအမြင့်ဆုံးဖြစ်တဲ့
ပီဆို၁၀၀၀(အမေရိကန်ဒေါ်လာ၁၂ဒေါ်လာ/
၉ပေါင်)တန်ငွေစက္ကူပေါ်မှာ ကွယ်လွန်သူ
ဘောလုံးသမားကြီးရဲ့ရုပ်ပုံကို ရိုက်နှိပ်ပြီးထုတ်ဝေဖို့ လွှတ်တော်ညီလာခံမှာ ဥပဒေကြမ်းတခု တနင်္လာနေ့ကတင်သွင်းခဲ့ပါ
တယ်။
ငွေစက္ကူရဲ့တဘက်မှာမာရာဒိုနါ ရဲ့မျက်နှာပုံပါဝင်ပြီး အခြားတဘက်မှာသူ့ရဲ့
အကျော်ကြားဆုံးဂိုးသွင်းယူပုံတွေထဲက ပုံတပုံ
ပါဝင်မယ်လို့သူမကပြောပါတယ်။
ဥပဒေကြမ်းမှာ အကြုံပြုထားတာက
ငွေစက္ကူတဘက်မှာ ဒီရေဂို အာမန်ဒို မါရာဒိုနါ
ရဲ့ပုံတူရုပ်ပုံရှိနေပြီး၊အခြားတဘက်မှာ ၁၉၈၆
ဇွန်လ၂ရက်နေ့က မက္ကဆီကိုနိုင်ငံမှာ အင်္ဂလန်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့စဉ် ဒုတိယဂိုးသွင်းယူခဲ့တဲ့အခိုက်အတန့်ကပုံကို
သုံးမယ်လို့ဆိုထားကြောင်း လာနေဆီယမ်
သတင်းစာက သတင်းရေးသားထားပါတယ်။
ဥပဒေပြုလွှတ်တော်က အမှတ်တရ
အထိမ်းအမှတ်နဲ့ထုတ်ဝေတဲ့တံဆိပ်ခေါင်းတွေအပေါ်မှာလည်းပဲမာရာဒိုနါရဲ့ပုံကိုအသုံးပြုပြီး
ထုတ်ဝေဖို့အကြံပြုထားပါတယ်။
“ဒီစိတ်ကူးဟာ ကျွန်မတို့ရဲ့အသည်းစွဲ
စံပြပုဂ္ဂိုလ်ကိုအမှတ်တရဖြစ်နေစေဖို့သာမက
စီးပွါးရေးပြဿနာကိုထည့်သွင်းစဉ်းစားတာလည်းပါပါတယ်။”လို့မစ္စ ဒူရန်ဂိုကပြောပါတယ်။”နိုင်ငံခြားသား
ကမ္ဘာလှည့်ခရီးသည်တွေ ဒီကိုရောက်လာတဲ့အခါ သူတို့နဲ့အတူ မာရာဒိုနါ
ကိုအမှတ်တရယူသွားချင်ကြလိမ့်မယ်ဆိုတာ
ကျွန်မတို့ခံစားပြီးသိနိုင်ပါတယ်။”
၁၉၈၆ခုနှစ်ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ယှဉ်ပြိုင်
ကစားခဲ့စဉ်မာရာဒိုနါဟာသူ့ရဲ့အကျော်ကြားဆုံး ဂိုးနှစ်ဂိုးကိုသွင်းယူခဲ့ပါတယ်။
အင်္ဂလန်နဲ့ ကွာတားဖိုင်နယ်မှာယှဉ်ပြုင်ကစားခဲ့တဲ့ပွဲစဉ်ကို
အာဂျင်တီးနားကအနိုင်ရရှိခဲ့ပြီး မာရာဒိုနါက
အသင်းကပ္ပတိန်အဖြစ် ဦးဆောင်ကစားခဲ့ပါတယ်။အဲ့ဒီပွဲမှာသူဟာ
‘ဘုရားပေးတဲ့လက်’လို့နာမ်မည်ကျော်ကြားခဲ့တဲ့ပဌမ ဂိုး နဲ့ ‘ရာစုနှစ် ရဲ့ဂိုး’လို့ အမှတ်သညာ
ပြုရတဲ့ဒုတိယဂိုး တို့ကိုသွင်းယူပေးခဲ့ပါတယ်။
ငွေစက္ကူပေါ်ရိုက်နှိပ်ဖို့စီစဉ်ထားတဲ့ ရုပ်ပုံလွှာဟာ ဒုတိယဂိုးသွင်းယူစဉ်ကပုံ
ဖြစ်ပါတယ်။
နောက်ဆုံးဆုံးဖြတ်ချက်ကို ဥပဒေပြုသူတွေကဆောင်ရွက်ရမှာဖြစ်ပြီး
သူမရဲ့အဆိုပြုချက်ကိုနောက်နှစ်အစောပိုင်း
ကာလလောက်မှာကြားနာကြလိမ့်မယ်လို့
မျှော်လင့်ထားပါတယ်။
လွန်ခဲ့တဲ့လနှောင်းပိုင်းက အသက်၆၀အရွယ် ဒဏ္ဍါရီဆန်တဲ့ ဘောလုံးသူရဲကောင်းကြီးဟာသူ့ရဲ့နေအိမ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
မာရာဒိုနါဟာ နိုဝင်ဘာလ
အစောပိုင်းကဥနှောက်ထဲသွေးခဲမှုဖြစ်ခဲ့ပေမဲ့
အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပါတယ်။ အဲ့ဒီအရင်ကအရက်စွဲနေတဲ့ဝေဒနာကိုလည်း
ကုသခဲ့ရ ပါသေးတယ်။
သူဟာကမ္ဘာ့ဖလားပွဲ၄ပွဲကို အာဂျင်တီးနား
အသင်းအတွက်ကိုယ်စားပြု ကစားပေးခဲ့ပြီး
၉၁ပွဲကစားခဲ့ရာမှာ ၃၄ဂိုးသွင်းယူခဲ့ပါတယ်။


Spread the love
  •  
  •  
  •  
  •  
  •  
  •