အာဇာနည်နေ့ အစမ်းလေ့ကျင့်

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာဇာနည်နေ့ အစမ်းလေ့ကျင့်

(၇၃) နှစ်မြောက် အာဇာနည်နေ့ အစမ်းလေ့ကျင့်ခြင်း
အခမ်းအနားကို ၁၃-၇-၂၀၂၀ ရက်နေ့၊ နံနက် ၈ နာရီ မှာ
ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အစမ်းလေ့ကျင့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးလှအေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ဝင်-ဝန်ကြီးများ၊ လွှတ်တော်ရေးရာကော်မတီ ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် သည် အစမ်းလေ့ကျင့်နေမှုကို ကြည့်ရှု့စစ်ဆေးပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များသည် ပါဝင်၍ အစမ်းလေ့ကျင့်ကြပြီး အခမ်းအနားမှ ပြန်လည်ထွက်ခွါကြပါတယ်။

 

Credit – Yan Aung


Spread the love
  •  
  •  
  •  
  •  
  •  
  •