အာဏာရှင် နိုရေးဂါးကို အ​မေရိကန်က ဘယ်လိုဖမ်းခဲ့သလဲ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

ကုန်းတက် စစ်ဆင်ရေး
******************

အဖွဲ့ဝင် ၄၈ ဦး ပါဝင်သော အမေရိကန် Navy SEAL တပ်ဖွဲ့ဝင်များက အထူးလျိူ့ ဝှက် စစ်ဆင်ရေး တရပ် ဆင်နွှဲရန် နိူင်ငံအတွင်းသို့ ချည်းနင်းဝင်ရောက်လာခဲ့ကြသည်။

စစ်ဆင်ရေးအား Operation Just Cause ဟု အမည်ပေးထားပြီး ထိုနိူင်ငံအတွင်းရှိ စစ်အာဏာရှင်အား လက်ရဖမ်း ရုံးတင်စစ်ဆေးနိူင်ရန် ဖြစ်ပေသည်။

မြေပြင်ပေါ်သို့ ရောက်လျင်ရောက်ခြင်း အဖွဲ့ သုံးဖွဲ့ ခွဲလိုက်ကြသည်။ တဖွဲ့က စစ်အာဏာရှင်၏ အဆင်သင့် ရပ်ထားသော ကိုယ်ပိုင် ဂျက်လေယာဉ်ကို ဖေါက်ခွဲ ဖျက်ဆီးရန်၊ တဖွဲ့က ကမ်းခြေရှိ လုံခြုံရေး ယူထားသော စစ်ရေယာဉ်ကို ဖျက်ဆီးရန် နှင့် ကျန်တဖွဲ့ က အိမ်တော်သို့ ၀င်ရောက်စီးနင်းရန် ဖြစ်သည်။

အဖွဲ့နှစ်ဖွဲ့က အောင်မြင်စွာ ဆောင်ရွက်နိူင်သော်လည်း အိမ်တော်ကို ၀င်ရောက်စီးနင်းရာတွင် အာဏာရှင်က လွတ်ထွက်သွားပြီး ဘုရားရှိခိုးကျောင်းတွင် ခိုလူံနေရာ အမေရိကန် တပ်ဖွဲ့များက ၁၀ ရက်ကြာ ဝိုင်းထားပြီးနောက် အာဏာရှင်မှ ထွက်၍ အဖမ်းခံခဲ့သည်။

ပြည်သူ တရပ်လုံးက ထပ်မံရောက်ရှိလာသော အမေရိကန် တပ်ဖွဲ့များကို သောင်းသောင်းဖျဖျ ကြို ဆိုကြပြီး တမြို့လုံးတွင် ကား ဟွန်းသံ များ ဆူညံသွားရပေတော့သည်။

၎င်းအားဘအမေရိကန်သို့ ပြန်လည်ခေါ်ယူသွားပြီး မူးယစ်ဆေးဝါးမှု၊ ငွေမဲ မှ ငွေဖြူ အဖြစ် ခ၀ါချမှုများဖြင့် ရုံးတင်တရားစွဲခဲ့ပေသည်။

အဆိုပါ စစ်ဆင်ရေးတွင် အမေရိကန်ဘက်မှ ၂၃ ယောက် ကျဆုံးပြီး အာဏာရှင် လက်ပါးစေ ၁၅၀ သေဆုံးကာ အရပ်သား ၅၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ အဖြစ်အပျက်ကား ၁၉၈၉ ဒီဇင်ဘာ ၂၀ ရက်တွင် ဖြစ်ပျက်ခဲ့ပြီး အမေရိကန်၏ ၀င်ရောက်ဖမ်းဆီးခံရသူမှာ ပနားမား အာဏာရှင် General Manuel Noriega ပင် ဖြစ်ပေတော့သည်။

၁၉၈၉ အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို တရားမဝင်ဟု ကြေငြာလာခဲ့သဖြင့် အမေရိကန်မှ ၎င်းအား ရာထူးမှ နှုတ်ထွက်ပေးရန် စေ့ဆပ်ဆွေးနွေးခဲ့သော်လည်း ပြေလည်မှု မရှိခဲ့သဖြင့် အမေရိကန်တပ်များ မှ မရိမ်းတပ်သား တယောက် သေဆုံးခဲ့ရမှုကို အကြောင်းပြကာ ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် ဝင်ရောက် ကျုးကျော် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ပနားမား စစ်တပ်သည် အမေရိကန်တို့အား ပျောက်ကြားစစ်ပွဲမျိုး ဖြင့် ဆက်လက်ခုခံနိုင်စွမ်း မရှိတော့၍ လက်နက်ချခဲ့သည်။

အမေရိကန် ကနဦး စစ်ဆင်ရေးအား တပ်ဖွဲ့ဝင် ၂၇,၀၀၀ နှင့် လေယာဉ် အစင်း ၃၀၀ တို့ က နောက်ပိုင်းတွင် အားဖြည့်ကာ တနိုင်ငံလုံးကို ထိန်းချုပ်နိုင်ခဲ့ကြသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံ မှ ကိုးရက်အကြာတွင် ထောက်ခံမဲ ၇၅ မဲ၊ ကန့်ကွက်မဲ ၂၀၊ ကြားနေ မဲ ၄၀ ဖြင့် “နိုင်ငံတကာ ဥပဒေအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု’ ဖြင့် ရှုတ်ချခဲ့ကြသည်။ သို့သော် CBS သတင်းဌာန၏ စစ်တမ်းကောက်ယူချက်အရ နိုင်ငံသား ၉၂% မှ အမေရိကန်တပ်များ ကျုးကျော်မှုကို ထောက်ခံခဲ့ကြသည်။

၎င်းအား မိုင်ယာမီ တရားရုံးတွင် ရုံးတင်စစ်ဆေးပြီး ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့သည်။ ၂၀၁၀ တွင် ပြင်သစ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ပြီး ပြင်သစ်မှ ငွေကြေးခဝါချမှု နှင့် ထောင် ၇ နှစ် ချမှတ်ခဲ့သည်။ တနှစ်အကြာတွင် ပနားမား တွင် ဆက်လက်အပြစ်ဒဏ် ကျခံစေရန် လွှဲပြောင်းပေးခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဦးနှောက် အကြိတ်ရောင် ရောဂါ ဖြင့် ကွယ်လွန်သွားခဲ့သည်။

(ပုံတွင် နော်ရီဂါးအား ဖမ်းဆီးအပြီး တွေ့ရစဉ်)


Spread the love
  •  
  •  
  •  
  •  
  •  
  •