“အာဖဂန်နစ္စတန် ကွက်ပီဆာပြည်နယ်က ပြင်သစ်အမွေအနှစ်”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အာဖဂန်နစ္စတန် ကွက်ပီဆာပြည်နယ်က
ပြင်သစ်အမွေအနှစ်”

December 6 , 2020

၂၀၀၁ခုနှစ် နဲ့ ၂၀၁၄ခုနှစ်အကြား ပြင်သစ်နိုင်ငံက သူရဲ့စစ်သားတွေကို တပ်ဖြန့်ချထားခဲ့ချိန်မှာ ကက်ပီဆာပြည်နယ်မှာ စစ်သားအများဆုံးတာဝန်ထမ်းဆောင်စေခဲ့
ပါတယ်။ဒီဒေသဟါ စေလွှတ်ခြင်းခံရတဲ့ စစ်သားတွေအတွက် အဆိုးဝါးဆုံးဒေသလို့သတင်းကြီးခဲ့ပြီး၊အာဖဂန်နစ္စတန်မှာသေဆုံးခဲ့ရတဲ့စစ်သား၉၈ယောက်အနက် ၃ပုံ၂ပုံဟာ ကက်ပီဆာ ပြည်နယ်မှာသေဆုံးခဲ့ကြရတာဖြစ်ပါတယ်။

သူတို့ဟာအာဖဂန်စစ်တပ်နဲ့အတူတာလီဘန်တွေကိုယှဉ်တွဲတိုက်ခိုက်ရင်း သေဆုံးကြရတာဖြစ်ပါတယ်။ပြင်သစ်တွေကဒီဒေသမှာ ဖွံ့ဖြိုးရေးစီမံကိန်းအများအပြားကိုလည်းပဲရံပုံငွေထောက်ပံ့ပေးခဲ့ပါတယ်။
ပြင်သစ်တွေ ဒီဒေသကဆုတ်ခွါပြီး ၆နှစ် အကြာမှာ အခြေအနေတွေဟာပိုကောင်းလာသလား၊(ဒါမှမဟုတ်) ပိုဆိုးလာသလား။ထောက်ပံ့ရေးအစီအစဉ်တွေဟာ ပြည်သူတွေရဲ့ဘဝတွေကို ပိုမိုပြီးကောင်းမွန်တိုးတက်လာစေသလား။

၂၀၂၁ခုနှစ်မှာ နိုင်ငံတကာတပ်ဖွဲ့တွေ အာဖဂန်
နစ္စတန်နိုင်ငံက အပြီးဆုတ်ခွါတော့မယ့်ပုံပေါ်
နေတာမို့ ကျွန်တော်တို့သတင်းထောက်တွေက
ကက်ပီဆာနိပြည်နယ်က နိုင်ငံခြားအမွေအနှစ်
ကိုပြန်ကြည့်မိကြပါတယ်။

Ref:(France-24)


Spread the love
  •  
  •  
  •  
  •  
  •  
  •