“အာဖဂန်မြို့တော်က ပညာရေးစင်တာတခုမှာ အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွါး၊အနည်းဆုံးလူ ၁၈ယောက်သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အာဖဂန်မြို့တော်က ပညာရေးစင်တာတခုမှာ
အသေခံဗုံးဖောက်ခွဲမှုဖြစ်ပွါးခဲ့၊အနည်းဆုံးလူ
၁၈ယောက်သေဆုံးခဲ့”
October 26,2020

ပုံစာ-အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးမြို့မှာပေါက်ကွဲမှုဖြစ်ပွါးတဲ့နေရာအနီးမှာရှိတဲ့ပျက်စီးနေတဲ့အဆောက်အဦးတခုကိုတွေ့မြင်ရပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံရဲ့မြို့တော်မှာ စနေနေ့ကဖြစ်ပွါးခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုမှာသေဆုံးသူ အနည်း၁၈ယောက်အထိရှိလာခဲ့ပြီး
ကျောင်းသားကလေးငယ်များအပါအဝင်ဒါဏ်ရာရသူ၅၇ယောက်ရှိခဲ့တယ်လို့ အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနကပြောပါတယ်။

APသတင်းဌာနရဲ့ဖော်ပြချက်အရ ပေါက်ကွဲမှုဟာ ဒက်ရှ် အီး ဘာချီပြည်နယ် ကဘူးမြို့အနောက်ပိုင်း ရှီးအိုက် မွတ်ဆလင်တွေအများဆုံးနေထိုင်တဲ့ အရပ်ဒေသက ပညာရေးစင်တာတခုရဲ့အပြင်ဘက်မှာဖြစ်ပွါးခဲ့တာလို့သိရပါတယ်။
တိုက်ခိုက်သူဟာပညာရေး စင်တာထဲကိုဝင်ရောက်ဖို့ကြိုးစားစဉ်မှာ လူခြုံရေးအစောင့်တွေက
တားဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ တာရစ် အာရီယန်က​ပြောပါတယ်။ဒါဏ်ရာရသူတွေကို တင်ဆောင်ထားတဲ့ နေရာအနှံ့အပြားကဆေးရုံ
တွေကို ထိခိုက်ဒါဏ်ရာရသူတွေရဲ့
မိသားစုတွေက လိုက်လံရှာဖွေနေကြဆဲမို့
သေဆုံးသူအရေအတွက်ဟာထပ်တိုးလာနိုင်သေးတယ်လို့တာရစ်က ပြောပါတယ်။

TRT Worldရဲ့ ကြားဖြတ်သတိပေး သတင်းထုတ်ပြန်ချက်အရ သက်သေအထောက်အထားမဖော်ပြနိုင်သေးပေမဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက်တာဝန်ရှိသူဟာ ဒေ့ရှ် ဖြစ်တယ်လို့ ကြေးနန်းသတင်းဖော်ပြချက်အရ သိရပါတယ်။

Ref: AP

 


Spread the love
  •  
  •  
  •  
  •  
  •  
  •