အာမေနီယန် နဲ့ အဇာဘိုင်ဂျန် ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေ ပိုမိုပြင်းထန်လာ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“တူရကီနိုင်ငံဟာ တူရကီအင်ပါယာကိုပြန်လည်ထူထောင်ဖို့
ရည်ရွယ်ချက်ရှိနေတယ်လို့ အာမေနီယန်ဝန်ကြီးချုပ်ကပြောဆို”
October 3,2020
အငြင်းပွါးနေတဲ့ ခွဲထွက်ဒေသ
နာဂေါ်နို-ကာရာဘက်(ခ်) မှာ အာမေနီယန် နဲ့ အဇာဘိုင်ဂျန်တပ်ဖွဲ့တွေကြားမှာ ဖြစ်ပွါးနေတဲ့တိုက်ပွဲတွေဟာ ဒီအပတ်မှာပိုမိုပြင်းထန်လာပါတယ်။

သောကြာနေ့မှာ ပြင်သစ်သမ္မတ အီမန်နယူရယ် မက်ခရွန် ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အသစ်ပြန်စဖို့ ဖိအားပေးပြောဆိုခဲ့ပြီးကမ္ဘာ့ခေါင်းဆောင်တွေကလည်းအပစ်အခတ်တွေရပ်စဲဖို့ ထပ်လောင်း
တောင်းဆိုလာခဲ့ကြပါတယ်။
ယီရီဗန်မြို့မှာ FRANCE-24သတင်းဌာန သတင်းထောက်ဂါလီဗာ ခရက်(ဂ်ျ) ကတွေ့ဆုံ
မေးမြန်းခဲ့ရာမှာ အာမေနီးယန်းဝန်ကြီးချုပ်
နီကိုးလ် ပါရှင်ယန် ကသူ့တိုင်းပြည် ပါဝင်ပတ်သက်နေရတဲ့ ပြဿနာအကျပ်အတည်းတွေကိုဆွေးနွေးပြောဆိုခဲ့ပါတယ်။

နီကိုးလ်ပါရှင်ယန် က “တူရကီဟာနယ်မြေချဲ့ထွင်ရေးကိုဆက်လက်လုပ်ဆောင်နေမှာဖြစ်ပြီး၊သူ့ရဲ့ပန်းတိုင်ဟာ
အာမေးနီးယန်းတွေကို လူမျိုးတုန်းသတ်ဖြတ်ရေးပဲဖြစ်တယ်”လို့FRANCE-24 သတင်းဌာနကိုပြောပါတယ်။
“အာမေးနီးယားဟာ တူရကီတွေရဲ့လမ်းမှာ
နောက်ဆုံးအတားအဆီးဖြစ်နေပြီး၊သူတို့ရဲ့
နယ်မြေချဲ့ထွင်မှုဟာ မြောက်ဘက်နဲ့အရှေ့ဘက်ဆီကိုဦးတည်နေတယ်”လို့ မစ္စတာပါရှင်ယန်ကပြောပါတယ်။
သူကမက်ဒီတာရေးနီးယန်းပင်လယ်ပြင်မှာ
ဂရိကိုကျူးကျော်တိုက်ခိုက်မှုနဲ့ ဆီးရီးယားနဲ့အီရတ်မှာပါဝင်ပတ်သက်နေမှုတွေကို လက်တလောတွေ့မြင်နေရတဲ့ သက်သေအထောက်အထားအဖြစ် ထောက်ပြပြောဆိုပါတယ်။
“တူရကီတွေဟာ တူရကီအင်ပါယာပြန်လည်ထူထောင်ဖို့ ကြံရွယ်နေတာသေခြာပါတယ်။ သူ့မူဝါဒ ဒီနေရာမှာအောင်မြင်ရင်မအံ့သြပါနဲ့။ ဂရိကျွန်းစုတွေကို သူ့ရဲ့အင်ပါယာထဲထည့်သွင်းပေါင်းစုဖို့ကြိုးစားနေရုံသာမက ဥရောပနယ်မြေတွေအထိ နယ်ပယ်ချဲ့ထွင်လာရင်လည်းမအံ့သြပါနဲ့။

အဲ့ဒီကိစ္စ အောင်မြင်သွားရင် သူတို့ကိုဗီယင်နာကသာခင်ဗျားတို့စောင့်နေကြပါ။”လို့ပါရှင်ယန်က ပြောပါတယ်။နာဂေါ်နို-ကာရာဘက်(ခ်) ဒေသတွင်းနဲ့ အနီးဝန်းကျင်မှာဖြစ်ပွါးနေတဲ့တိုက်ပွဲဟာ ဒီ ဒေသနဲ့ပတ်သက်
ပြီး ဆယ်စုနှစ်နဲ့ချီရှည်ကြာလာပြီတဲ့ ပဋိပက္ခ
ပြဿနာတွေထဲမှာ အကြီးမားဆုံးဖြစ်ပါတယ်။
ဒီဒေသဟါ အဇာဘိုင်ဂျန် ပြည်နယ်အတွင်းမှာတည်ရှိပေမဲ့ အာမေးနီးယားအစိုးရကကျောထောက်နောက်
ခံပေးထားတဲ့ဒေသခံအာမေးနီးယန်းမျိုးနွယ်စုတပ်ဖွဲ့တွေကထိန်းချုပ်ထားပါတယ်။

Ref:FRANCE-24


Spread the love
  •  
  •  
  •  
  •  
  •  
  •