အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ လူသားချင်း စာနာထောက်ထားတဲ့အပစ်အခတ်ရပ်စဲရေးအသစ်ကို သဘောတူလက်ခံ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အမေရိကန်ပြည်ထောင်စုအဆိုအရ
အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ လူသားချင်း
စာနာထောက်ထားတဲ့အပစ်အခတ်ရပ်စဲရေးအသစ်ကို သဘောတူလက်ခံ”

October 26,2020

နှစ်ဘက်တပ်တွေကြားမှာတိုက်ခိုက်မှုအသစ်တွေဖြစ်ပေါ်လာခဲ့ရင်တောင်မှ နာဂေါ်နို-ကာရာဘက်(ခ်)ဒေသကို ရောက်ရှိနေတဲ့ တခြားတိုင်းပြည်ကလူစုနဲ့ပတ်သက်ပြီး
အဇာဘိုင်ဂျန် နဲ့ အာမေးနီးယားနိုင်ငံတို့ ဖြစ်ပွါးနေတဲ့ပဋိပက္ခမှာ လူသားချင်းစာနာထောက်ထားရေးအတွက်
အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုအသစ်
ဟာတနင်္ဂနွေနေ့မှာစတင်အကျိုးသက်ရောက်
မယ်လို့ အမေရိကန်က ပြောဆိုခဲ့ပါတယ်။
နောက်ဆုံးအပစ်အခတ်ရပ်စဲရေး
သဘောတူညီမှုဟာ အောက်တိုဘာလ၂၆ရက်နေ့ ဒေသစံတော်ချိန် မနက်၈နာရီ(မနက်၁၂နာရီEDT)မှာ စတင်အကျိုးသက်ရောက်မှုရှိမှာဖြစ်ပါတယ်။
လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတော် ဌာန နဲ့
အာမေးနီးယားနဲ့အဇာဘိုင်ဂျန်တို့ရဲ့ပူးတွဲ
ထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ်။
“အာမေးနီးယန်းဝန်ကြီးချုပ် နီးကိုးလ်
ပါရှင်ဗန်နဲ့ အဇာဘိုင်ဂျန်သမ္မတ အီဟန် အလီယက်(ဗ်) တို့ကို ချီးကျူး ဂုဏ်ပြုပါတယ်။ သူတို့ဟာ သန်းခေါင်ယံအချိန်
မှာအပစ်ခတ်ရပ်စဲရေးကိုစောင့်ထိန်းလိုက်နာဖို့
သဘောတူညီခဲ့ကြတဲ့အတွက်ဖြစ်ပါတယ်။”လို့
အမေရိကန်ပြည်ထောင်စုသမ္မတဒေါ်နယ်ထရန့် က တွစ်တာမှာရေးသားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အတွင်းရေးမှူး မိုက်ပွန်ပီအို နဲ့ အာမေနီးယား နဲ့ အဇာဘိုင်ဂျန်က နိုင်ငံခြားရေးဝန်ကြီးများဝါရှင်တန်တွင် သောကြာနေ့က သီးခြားစီတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်မှာ ကြေညာချက်
ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ပြင်သစ်၊ရုရှ
နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဦးဆောင်တဲ့
ပဋိပက္ခများကို ကြားဝင် စေ့စပ်ဖျန်ဖြေပေးဖို့
ဖွဲ့စည်းထားတဲ့ OSCE Minsk Group ကလည်း
ဒီအစည်းအဝေးတွေမှာ အတူပါဝင်ခဲ့ကြပါတယ်။ပြည့်စုံကျယ်ပြန့်တဲ့
အဖြေရဖို့ အဓိကကျတဲ့ ပြောဆိုဆွေးနွေးမှုတွေရဲ့အစနဲ့ အပစ်ခတ်ရပ်စဲရေးဟာ အထူးဂရုတစိုက်နဲ့
နှံ့နှံ့စပ်စပ် ဆွေးနွေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Minsk Group က သူရဲ့ပူးတွဲသဘာပတိတွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အောက်တိုဘာလ၂၉ရက်နေ့မှာ ဂျီနီဗာမြို့တွင်
နောက်တကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးဖို့
သဘောတူခဲ့ကြပါတယ်။
ဝါရင့်အုပ်ချုပ်ရေးအရာရှိတယောက်က
အပစ်အခတ်ရပ်စဲရေးဟာ ဆက်လက်တည်တံ့နေလိမ့်မယ်လို့ယုံကြည်ပါတယ်။ ပြင်သစ်နဲ့ရုရှတို့ရဲ့အထောက်အကူနဲ့
အမေရိကန်ပြည်စုကဦးဆောင်ပြီးဆောင်ရွက်နေတဲ့ အပစ်အခတ်ရပ်စဲရေးကနေ ရေရှည်တည်တံ့မဲ့ငြိမ်းချမ်းရေးဖြေရှင်းချက်အထိ ဦးတည်လုပ်ဆောင်သွားနိုင်
လိမ့်မယ်လို့ အဲ့ဒီ့အရာရှိကပြောပါတယ်။

အရင်ရုရှက စေ့စပ်ဖျန်ဖြေ ပေးထားတဲ့အပစ်အခတ်ရပ်စဲရေး ပြိုလဲသွားပြီးတဲ့နောက်တနင်္ဂနေ့မှာတိုက်ပွဲအသစ်တွေဖြစ်ပေါ်လာတာဟာ မေးခွန်းအသစ်တွေ
ပေါ်ပေါက်လာစေခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲဖို့တွန်းအားပေးမှု အသစ်ဟာ အဇာဘိုင်ဂျန်လူမျိုးတွေ တချို့တဝက်နေထိုင်ပြီး၊ အာမေးနီးယန်းမျိုးနွယ်စုတွေက ထိန်းချုပ်ထားတဲ့ နာဂေါ်နို-ကာရာဘက်(ခ်)
ဒေသက တိုက်ပွဲတွေကို အဆုံးသတ်သွားစေဖို့
မျှော်လင့်နိုင်ပါ့မလားဆိုတဲ့မေးခွန်းတွေပဲဖြစ်ပါတယ်။

စက်တင်ဘာလ၂၇ ရက်နေ့က စတင်ခဲ့တဲ့
နယ်မြေဒေသပိုင်ဆိုင်မှုအပေါ်အငြင်းပွါးရာက
ဖြစ်လာတဲ့တိုက်ပွဲဟာ ၁၉၉၀ကျော်နှစ်တွေကတည်းကနေ အခုအချိန်မှာအဆိုးဆုံး အခြေအနေကို ရောက်ရှိလာခဲ့ပြီး လူပေါင်း ၃၀၀၀၀ကျော်လောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။

နာဂေါ်နို-ကာရာဘက်(ခ်) ဒေသဆိုင်ရာ
အရာရှိတွေက အဇာရီတပ်ဖွဲ့တွေဟာ အက်စကာရန် နဲ့ မာကျူနီအရပ်ဒေသကလူနေအိမ်တွေအပေါ်ကို ညအချိန်အတောအတွင်းမှာ လက်နက်ကြီး
တွေနဲ့ပစ်ခတ်ခဲ့တယ်လို့ တနင်္ဂနွေနေ့က စွတ်စွဲ
ပြောဆိုခဲ့ပါတယ်။အဇာဘိုင်ဂျန်က သူတို့ရဲ့
ဆန့်ကျင်ဘက်ရန်သူတွေဟာ လက်နက်ငယ်တွေ၊မော်တာတွေ၊တင့်ကားတွေ၊ဟောင်ဝစ်ဇာအမြောက်တွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်လို့ပြောပါတယ်။
အဇာရီ တပ်ဖွဲ့တွေဟာ အရပ်သားတွေနေထိုင်တဲ့နေရာတွေကို အမြောက်တွေနဲ့ပစ်ခတ်နေတယ်လို့ အာမေးနီးယား ကစွတ်စွဲပါတယ်။ဘာကူ ကတော့ အရပ်သားတွေကို သတ်ဖြတ်တယ်လို့ပြောတာကို ငြင်းဆိုခဲ့ပြီး၊အပစ်အခတ်ရပ်စဲရေးကိုလိုက်နာဖို့ အဆင်သင့်ရှိနေတယ်၊အာမေးနီးယန်းတပ်ဖွဲ့တွေ စစ်မြေပြင်ကနေ ဆုတ်ခွါသွားနိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ ပြောပါတယ်။
နာဂေါ်နို-ကာရာဘက်(ခ်)ဒေသ ကာကွယ်ရေးဝန်ကြီးဌာနက သူတပ်ဖွဲ့ဝင် ၁၁ယောက်နောက်ထပ်သေဆုံးသွားခဲ့ပြီး၊သေဆုံးသူစုစုပေါင်း ၉၇၄ယောက်ရှိသွားပြီလို့ပြောပါတယ်။

တနင်္ဂနွေနေ့ အစောပိုင်းက ကာကွယ်ရေး
အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အဇာဘိုင်ဂျန်သမ္မတက အာမေးနီးယန်းတပ်ဖွဲ့တွေဟာ လူနေဒေသတွေကိုအမြောက်နဲ့ပစ်ခတ်
တိုက်ခိုက်ခဲ့ပြီး၊မြို့တော် ဂန်ဂျာကို ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွတ်စွဲခဲ့ပါတယ်။

အာမေးနီးယန်းသမ္မတ အာမင် ဆာကစ်ဆီယန်က ဘာကူ ဟာ ရန်လိုကြမ်းကြုတ်တဲ့ခေါင်းမာသူတဦးဖြစ်ပြီး
အဖျက်စိတ်ဓာတ်ရှိတယ်လို့စွတ်စွဲပြောဆို
ပါတယ်။
အဇာဘိုင်ဂျန်ကို အခိုင်အမာထောက်ပံ့ဖို့
ပြောဆိုနေတဲ့တူရကီနဲ့ အာမေနီးယားကို
အကာအကွယ်ပေးဖို့ကတိကဝတ်ပြုထားတဲ့
ရုရှနိုင်ငံတို့စစ်ပွဲထဲပါဝင်လာမှာကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကတားဆီးချင်ကြပါတယ်။ပဋိပက္ခအပေါ်ကွဲပြားခြားနားမှုအမြင်တွေဟာ အန်ကာရာ နဲ့ သူရဲ့မဟာမိတ်အဖွဲ့ နေတိုးကြားမှာလည်းရှိနေပါတယ်။တူရကီဟာအဇာရီတပ်ဖွဲ့တွေကိုလက်နက်ထောက်ပံ့ပေးပြီး ပဋိပက္ခတွေကိုမီးမွှေးပေးနေတယ်လို့ ပွန်ပီအိုကပြောပါတယ်။အန်ကာရာ(တူရကီနိုင်ငံရဲ့မြို့တော်အန်ဂိုရာ)ကတော့ဒီလိုပြောဆိုတာကိုငြင်းပါတယ်။
ပဋိပက္ခဖြစ်နေကြတဲ့နှစ်ဘက်ကြားမှာ အပစ်အခတ်ရပ်စဲရေးကိုကမ္ဘာ့လုံးဆိုင်ရာစေ့စပ်ဖျန်ဖြေသူတွေ အလျှင်
အမြန်ပါဝင်ဆောင်ရွက်ပေးကြဖို့ နဲ့ရုရှဟာ
ယုံကြည်စိတ်ချရတဲ့စေ့စပ်ဖျန်ဖြေပေးသူဖြစ်ပါတယ်လို့ ဆာကစ်ဆီယန်ကပြောဆိုခဲ့တယ်လို့
အာမင်ပရက်စ် သတင်းအေဂျင်စီက ပြန်လည်ဖော်ပြခဲ့ပါတယ်။

အလီယက်(ဗ်)က အာမေနီးယားဟာ ပဋိပက္ခနဲ့ပတ်သက်လို့ ရုရှကိုစစ်ရေးမှာ ပါဝင်လာစေချင်တာဟာအလွန်အန္တရယ်ကြီးပြီး ၊တတိယအဖွဲ့အစည်းတွေဟာ စစ်ရေးမှာမပါဝင်လာသင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ရုရှသမ္မတ ဗလာဒီမာပူတင်ကသူဟာအာမေနီးယန်း နဲ့ အဇာဘိုင်ဂျန်က ခေါင်းဆောင်တွေကို တနေ့မှာအကြိမ်ပေါင်းများစွာဖုန်းနဲ့စကားပြောဆိုခဲ့ပြီး သူ့ရဲ့စေ့စပ်ဖျန်ဖြေမှုကို အမေရိကန်နိုင်ငံကလည်း ပါဝင်ကူညီပေးစေချင်တယ် လို့ပြောပါတယ်။

၁၉၉၁ကနေ၁၉၉၄အထိ နာဂေါ်နို-ကာရာဘက်(ခ်)ဒေသမှာ ဖြစ်ပွါးခဲ့တဲ့ စစ်ပွဲတွေမှာလူ၃၀၀၀၀ကျော်လောက် သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။အာမေနီးယန်းတွေ
ဟာသူတို့ရောက်ရှိနေတဲ့ဒေသ ဟာ သူတို့ရဲ့
သမိုင်းကြောင်းဆိုင်ရာ ဇာတိမြေဒေသတခု
အဖြစ်ယူဆသတ်မှတ်ထားပြီး၊အဇာရီတွေက
တော့ဒီဒေသဟာကျူးကျော်သိမ်းပိုက်ထားတာကို ခံထားရပြီး၊ သူတို့ရဲ့ ထိမ်းချုပ်မှုအောက်ကိုပြန်လည်ရောက်ရှိလာစေရမယ်လို့ ယူဆသတ်မှတ်ထားပါတယ်။

(FRANCE 24 with REUTERS, AFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •