အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘော တူညီချက်စာချုပ် တွင် မြန်မာပါဝင်လက်မှတ်ရေးထိုးရန်လွှတ်တော်မှာတင်ပြ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

 

အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘော တူညီချက်စာချုပ် တွင် မြန်မာပါဝင်လက်မှတ်ရေးထိုးရန်လွှတ်တော်မှာတင်ပြ

ဇူလိုင်-၁၆

အာရှရထားလမ်းမကြီးကွန်ယက်ဆိုင်ရာ အစိုးရချင်း သဘောတူညီချက်စာချုပ် တွင် မြန်မာပါဝင်လက်မှတ်ရေးထိုး ရန်အတွက် လွှတ်တော်ကသဘောတူပေးရန် နိုင်ငံတော်သမ္မတ ပေးပို့လာသည့် အသိ‌ပေးချက် ကို ပို့ဆောင်ဆက်သွယ်ရေး၀န်ကြီးဌာနပြည်ထောင်စု၀န်ကြီး ဦးသန့်ဇင်မောင်က ဇူလိုင်-၁၆ ရက်နေ.မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် မှာ လာရောက်ရှင်းလင်းတင်ပြခဲ့တာပါ။

” ကုန်းတွင်းဆိပ်တွေက ကုန်စည်တွေကို ရထားနဲ့သယ်ယူပို့ဆောင် တဲ့ စနစ်ပိုကောင်းလာနိုင်ပါတယ် ။ နယ်စပ်တွေမှာ ပြတ်တောက်နေတဲ့ ရထားလမ်းတွေ ချိတ်ဆက်ရေးအတွက် ငွေကြေးနဲ့နည်းပညာတွေရနိုင်တာနဲ့ နိ်ုင်ငံတွင်းမှာ ကုန်းတွင်း ဆိပ်တွေ တည်ဆောက်ရာမှာ ငွေကြေးနဲ့နည်းပညာအကူ အညီတွေ ရနိုင်ပါတယ် ။

ဒီနိုင်ငံပေါင်းစုံရထားလမ်းကွန်ယက်စနစ်မှာ ပါဝင်နိုင်ဖို့ဆိုရင် လက်ရှိနိုင်ငံမှာ အသုံးပြုနေတဲ့ ရထားသံလမ်း အကျယ် တွေကို ထပ်ချဲ့ပြုပြင်တာတွေ လုပ်ဆောင်ရဖို့ ရှိတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးကပြောတယ်။ နိုင်ငံနဲ့ အဓိက ချိတ်ဆက်မယ့် အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်တို့မှာ ရှိတဲ့ ရထားသံလမ်းတွေဟာ မြန်မာသံလမ်းတွေ ထက် ပိုကျယ်နေတယ်။

 

ဒီဘက်က … သံလမ်း ၂ ချောင်းရဲ့ အကျယ်က တစ်မီတာ ( ၃.၂၈၀ ပေ ) ပဲ ကျယ်ပြီးတော့ အိန္ဒိယဘက်မှာကျတော့ ၁.၆၇၆ မီတာ ( ၅.၄၇၉ ပေ ) ကျယ်ပါတယ်။ … တရုတ်ဘက်မှာကျတော့ standard garage လို့ခေါ်ပါတယ်။ ၁.၄၃၅ မီတာ ( ၄.၇၀၈ ပေ ) ဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်ရဲ့အကြံပြုချက်အရ မူဆယ်ကနေ မန္တလေးကို standard garage နဲ့ သွားသလို မန္တလေးကနေ တမူးကိုလည်း standard garage နဲ့ သွားဖို့ရာအတွက် ကျနော်တို့ အဆိုပြုပြီး တော့ ညှိနှိုင်းနေပါတယ်။ နည်းပညာအကူအညီရဖို့ရာလည်း ညှိနှိုင်းနေတာဖြစ်ပါတယ် ” ဟုပြည်ထောင်စု၀န်ကြီးဦးသန့်ဇင်မောင်က ရှင်းပြခဲ့ပါတယ်။

 

ထို့အပြင် စာချုပ်တွင်လက်မှတ်ရေးထိုးနိုင်မည်ဆိုပါက
အရှေ.ဘက်တရုတ်နိုင်ငံ၊ အနောက်ဘက်အိန္ဒိယနိုင်ငံနှင့်တောင် ဘက်ရှိ ထိုင်း၊ မလေးရှား၊ စင်္ကာပူအထိ ရထားလမ်းကွန်ယက်ကို မြန်မာက ချိတ်ဆက်နိုင် မှာဖြစ်ကြောင်း၊ နိုင်ငံတွင်းအနေဖြင့် မန္တလေး-မူဆယ်၊ မန္တလေး-တမူးရထားလမ်းပိုင်းများ ကို ဖောက်လုပ်အဆင့်မြှင့်တင်ဖို့လိုတယ်လို့သူကဆက် လက်ပြောကြားပါတယ်။

အဲဒီ ရထားလမ်းကွန်ယက်ဆိုင်ရာ စာချုပ်အဖွဲ့ဝင်နိုင်ငံပေါင်း( ၂၂) အထိ ရှိပြီး စီမံကိန်း အကောင်အထည် ဖော်မှုရန်အတွက် သဘောတူညီချက်ကို (၁၉) နိုင်ငံက လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

 

 


Spread the love
  •  
  •  
  •  
  •  
  •  
  •