အာရှလမ်း မိုင်တိုင် (၁၆၀/၁၆၁) ကြားမှာ ၂၂ ဘီးတွဲကားမှောက် ၊၁ဦးသေ ၅ဦးဒါဏ်ရာရ

Spread the love
  •  
  •  
  •  
  •  
  •  
  •  

အာရှလမ်း မိုင်တိုင် (၁၆၀/၁၆၁) ကြားမှာ ၂၂ ဘီးတွဲကားမှောက် ၊၁ဦးသေ ၅ဦးဒါဏ်ရာရ

၂၁.၆.၂၀၂၀ရက်နေ့၊ ညနေ ၆ နာရီခန်.က ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အာရှလမ်း မိုင်တိုင်အမှတ် (၁၆၀/၁၆၁) ကြားတွင် ပြောင်းဆံများတင်ဆောင်ပြီး ကော့ကရိတ်ဘက်မှမြဝတီဘက်သို့မောင်းနှင်လာသော အဖြူရောင် (၂၂)ဘီးတွဲကားယာဉ်ဟာ ဘရိတ်ပေါက်၍ လမ်းဘေးရှိလူ(၂)ဦးအားဝင်တိုက်မိပြီး လမ်း၏ ညာဘက်ခြမ်းသို့ တိမ်းမှောက်ခဲ့ပါတယ်။

အဲဒီ ကားအောက်မှာလူညပ်နေကြောင်း သတင်းရသဖြင့် မြဝတီခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သင်္ဃန်းညီနောင်နယ်မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ (၁၈ ၃၀)အချိန်တွင် ဆောင်ရွက်ပြီးစီးခဲ့ပါတယ်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူ ကျား(၅)ဦး(မစိုးရိမ်ရ)နှင့် ကျား(၁)ဦး(သေဆုံး)တို့အား သင်္ဃန်းညီနောင်မြို့သစ် လူမှုကူညီရေးယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို.သိရပါတယ်။

Source – MFSD


Spread the love
  •  
  •  
  •  
  •  
  •  
  •