အားသစ်လောင်းတဲ့စာ…. (ဂျင်မီ)

Spread the love
  •  
  •  
  •  
  •  
  •  
  •  

တစ်ညနဲ့ တစ်မနက်အတွင်းအသစ်တွေ့လူနာ ၁၈ ဦးဖြစ်သွားတယ်။
-ဒါပေမယ့် မကြောက်ပါနဲ့။
-သို့သော် မပေါ့ပါနဲ့။
-အကာအကွယ်နဲ့သွားလာနေထိုင်ကြပါ။

၁။ Positive တွေ့တဲ့လူတွေဟာနိုင်ငံခြားပြန်’Q’ဝင်နေတဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံခြားကပြန်လာပြီး’Q’ဝင်ပေးသူတိုင်းကိုလေးစားအသိအမှတ်ပြုရမှာပါ။ဝင်လည်းဝင်ပေးကြပါ။

၂။ ပြည်တွင်းနေသူအချင်းချင်းကူးဆက်မှူမရှိတော့တာဆယ်ရက်ကျော်သွားတဲ့အတွက်ဖြေလျော့မှူအဆင့်တခုတော့လုပ်လို့ရသွားပါပြီ။

၃။ ဒါပေမယ့်မုတ်သုန်မိုးနဲ့အတူရာသီတုတ်ကွေးတွေဖြစ်မယ့်ဇွန်ဇူလိုင်လတွေမှာနောက်ထပ်ဖြေလျော့နိုင်ရေးအဆင့်တခုကိုအကဲဖြတ်မှာဖြစ်ပါတယ်။

၄။ ဒါကြောင့်မြန်မာနိုင်ငံသားတွေအားလုံးနိုးကြားသတိ၊စည်းကမ်းရှိရေးနဲ့ ကိုဗစ် ပညာပေးလုပ်ငန်းတွေအရှိန်အဟုန်မြှင့်ရေးအတွက် ကိုဗစ် ဗဟိုကော်မီတီကတိုက်တွန်းဆောင်ရွက်နေပါတယ်။

၅။ လူသားမျိုးနွယ်စုဟာ သမိုင်းတလျှောက် ကိုဗစ် လိုပဲမမျှော်လင့်ထားတဲ့ဆိုးဆိုးဝါးဝါးစိမ်ခေါ်မှူများစွာကိုကြုံ တွေ့ပြီးကျော်လွှားနိုှင်ခဲ့ကြပါတယ်။ရှေ့လျှောက်ဒီလိုပဲရင်ဆိုင်ကျော်လွှားကြရနိုင်ပါတယ်။

ဒါပေမယ့် မကြောက်ပါနဲ့
သို့သော် မပေါ့ပါနဲ့
အကာအကွယ်နဲ့သွားလာနေထိုင်ကြပါ။

ဂျင်မီ
၃၀/၅/၂၀၂၀


Spread the love
  •  
  •  
  •  
  •  
  •  
  •