“အိန္ဒိယကမြန်မာနိုင်ငံကို လက်တလောအထောက်အကူပေးဖို့ ၁.၄ဘီလျှံအရံသင့်ရှိနေ “

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“နိုင်ငံခြားရေး အတွင်းရေးမှူးနဲ့စစ်တပ်အကြီးအကဲ တို့ မြန်မာနိုင်ငံကို အတူပူးတွဲလာရောက်”

October 5,2020

မြန်မာနိုင်ငံကိုလာရောက်တဲ့ အိန္ဒိယစစ်တပ်အကြီးအကဲတယောက်ရဲ့ခရီးစဉ်ဟာ ကိုဗစ်ကပ်ရောဂါကာလအတွင်းပဌမဆုံးခရီးစဉ်ပဲဖြစ်ပါတယ်။
နိုင်ငံခြားရေးအတွင်းရေးမှူး ဟာ့ရှ် ရှရင်ဂလာနဲ့ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်အမ်အမ် နာရာဗန်း တို့ဟာမြန်မာပြည်ကိုဒီနေ့ ရောက်ရှိ လာပါတယ်။

ပဌမဆုံးမြန်မာပြည်ကိုလာရောက်မဲ့ အိန္ဒိယကိုယ်စားလှယ် အဖွဲ့ဟာ အရာရှိနှစ်ယောက်လုံးပါဝင်နေပြီး၊လုံခြုံရေးကနေပူးပေါင်းဆက်နွယ်ဆောင်ရွက်ရေးအထိဆက်လက်ဆောင်ရွက်မဲ့ကိစ္စများကိုဆွေးနွေး
ဖို့ဖြစ်ပါတယ်။
ဒါဟာဆိုရင်ကိုဗစ်-19 ဗိုင်းရပ်(စ်)ရောဂါ
ဖြစ်ပွါးပြီးကတည်းက တင်းကျပ်တဲ့ကန့်သတ်မှုတွေရှိနေပေမဲ့ သြဂုတ်လမှာဘင်္ဂလားဒေ့ရှ်ကို တကြိမ်သွားရောက်ခဲ့တဲ့နိုင်ငံခြားရေးအတွင်းရေးမှူးရဲ့ ဒုတိယမြောက်ပြည်ပခရီးစဉ်ဖြစ်ပြီး၊စစ်တပ်အကြီးအကဲရဲ့ပဌမဆုံးခရီးစဉ်ဖြစ်ပါတယ်။

 


ဒီခရီးစဉ်ဟာ တရုတ်ပြည်နဲ့ ၅လကြာနယ်စပ်ဒေသ တင်းမာမှု အတွက်ဆူညံပေါက်ကွဲခဲ့တာတွေနဲ့ ဆန့်ကျင်နေပါတယ်။

နယူးဒေလီဟာ ပါကစ္စတန်ကိုတားဆီးနိုင်တဲ့ အိမ်နီးချင်းတိုင်းပြည်အားလုံးနဲ့ဆက်ဆံရေး
အဆင်ပြေအောင်ဖြေးဖြေး မှန်မှန်နဲ့ကြိုးစား
နေပါတယ်။ပြီးတော့ ငွေကြေးဖလှယ်မှု ၊
ဘတ်ဂျက်ထောက်ပံ့မှုနဲ့ ကိုဗစ်-19 ကြောင့်
ဒေသတွင်းနိုင်ငံတွေရဲ့စီးပွါးရေးထိခိုက်မှု
တွေကိုပူးပေါင်းဆောင်ရွက်ပေးရန် တတ်နိုင်
သမျှအကူအညီအများအပြားပေးဖို့ နယူးဒေလီက ကြေညာထားပါတယ်။
အလည်အပတ်ခရီးဟာ အိန္ဒိယ-မြန်မာ
နိုင်ငံခြားရေးရုံး ဆွေးညှိနှိုင်းမှုတွေအပြီး၄ရက်
အကြာမှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
ရှရင်ဂလာနဲ့အမြဲတမ်းအတွင်းဝန်ဦးစိုးဟန်တို့
ကြာသပတေးနေ့ကဆွေးနွေးညှိုနှိုင်းခဲ့ကြတာဖြစ်ပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာရှရင်ဂလာက ၂၀၂၀ခုနှစ်ပဌမ၃လမှာ စစ်တွေဆိပ်ကမ်းစီမံကိန်းအကောင်အထည်ပေါ်ဖို့နစ်ဘက်ကျိုးပမ်းဆောင်ရွက်နေပြီး၊၃ပွင့်ဆိုင် အဝေးပြေးလမ်းမကြီးအတွက်တံတား၆၉ စင်း
ဆောက်ဖို့တင်ဒါခေါ်သွားမယ်လို့ပြောပါတယ်။
ထိုင်းနိုင်ငံလည်းပါဝင်ပတ်သက်နေပြီး ဒီစီမံကိန်းကို မကြာခင်စတင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။အိန္ဒိယကမြန်မာနိုင်ငံကိုလတ်တလောအထောက်အကူပေးဖို့၁.၄ဘီလျှံအရံသင့်ရှိနေပါတယ်။ကိုဗစ်-19ကပ်ရောဂါကြောင့်စီးပွါးရေးထိခိုက်မှုတွေလျှော့ပါးသက်သာစေရန် မေလကနေဒီဇင်ဘာလအတွင်းဆောင်ရွက်မဲ့ မြန်မာပြည်ကို G-20ရဲ့အကြွေးဝန်တာလျှော့ချရေး ပ ဏာမ
အစီအစဉ်အောက်ကနေ နယူးဒေလီက မြန်မာနိုင်ငံကို အကြွေးဝန်တာလျှော့ကျဖို့ထောက်ပံ့ကူညီမယ်လို့ပြောပါတယ်။

 

“ကိုဗစ်ကပ်ရောဂါကြောင့်စိန်ခေါ်မှုတွေ
ရှိနေပေမဲ့ နောက်နှစ် ပဌမ၃လမှာ စစ်တွေဆိပ်ကမ်းစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့ကျွန်တော်တို့
ကြိုးစားနေပါတယ်။၃ပွင့်ဆိုင် အဝေးပြေးလမ်းမကြီးပေါ်မှာဆောက်လုပ်မဲ့ တံတား၆၉စင်းနဲ့ ပတ်သက်ပြီးလည်းတင်ဒါလုပ်ငန်းစဉ်တွေဆက်လက်ဆောင်ရွက်နေတယ်ဆိုတာအသိပေးပြောကြားရတဲ့အတွက် ကျွန်တော်ဝမ်းသာပါတယ်”လို့ ရှရင်ဂလာ ကပြောပါတယ်။စစ်တွေဆိပ်ကမ်းဟာ ဘက်စုံသုံးနိုင်တဲ့ကုလားတန်ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတရပ်ဖြစ်ပါတယ်။

ဒီစီမံကိန်းဟာအရှေ့မြောက်ပိုင်း ကုန်းတွင်းပိတ်ပြည်နယ်တွေအတွက် မီဇိုရမ်ပြည်နယ်ကိုဖြတ်သန်းလျှက် ဘင်္ဂလားပင်လယ်အော်ကိုဝင်ရောက်ဖို့ရန် အရေးပါတဲ့စီမံကိန်းတခုဖြစ်ပါတယ်။ဒါအပြင်
ဆီလီဂူရီစင်္ကြန်လမ်းကနေကွေ့ပတ်ပြီးသွားနေစရာမလိုတော့ပဲ ကလကတ္တားကိုရောက်နိုင်တဲ့လမ်းကြောင်း
အသစ်တခုကိုရရှိလာနိုင်မှာဖြစ်ပါတယ်။
အိန္ဒိယ-မြန်မာ-ထိုင်းသုံးပွင့်ဆိုင်လမ်းကြီးဟာ
မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့ပြဿနာတွေ
ကြောင့်နှောင့်နှေးနေရပါတယ်။တံတားတွေတည်ဆောက်ခြင်းဟာစီမံကိန်းအလုပ်တွေကိုအရှိန်မြှင့်ပြီးဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်။အိန္ဒိယနဲ့မြန်မာနှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေကို
ကြာသပတေးနေ့ကတွေ့ဆုံဆွေးနွေးမှုမှာကြိုတင်ခန့်မှန်းတွက်ချက်ခဲ့ပါတယ်။ရှင်ဂရီလာက
တောင့်တင်းခိုင်မာတယ်လို့ဖော်ပြပါတယ်။
နှစ်ဘက်စလုံးက တခြားနိုင်ငံရဲ့ လုံခြုံရေးနဲ့
ပတ်သက်တဲ့စိုး ရိမ်မှုကို အလွန် ဂရုစိုက်
သတိထားပါတယ်။
“အိန္ဒိယသောင်းကျန်းသူ ၂၂ယောက်နဲ့
ပတ်သက်ပြီးမြန်မာပြည်ရဲ့ကိုင်တွယ်ဆောင်
ရွက်ပုံကိုအိန္ဒိယနိုင်ငံလေးလေးနက်နက်
ကျေးဇူးတင်အသိအမှတ်ပြုပါတယ်။
နှစ်ဘက်စလုံးအပေါ်မှာအန္တရယ်ပေးနိုင်တဲ့
လူတစုကို တားဆီးကာကွယ်မယ်ဆိုတဲ့သတင်း
စကားကိုပေးခဲ့တယ်။”လို့သူက
ထပ်ပြောပါတယ်။ မူလပြစ်မှုကျူးလွန်းခဲ့တဲ့
တိုင်းပြည်ကိုတရားခံပြန်လည်လွှဲပြောင်းပေးရေးစာချုပ်တခု၊အများပြည်သူနဲ့သက်ဆိုင်တဲ့
ကူးသန်းရောင်းဝယ်ရေးကိစ္စတွေအပေါ်မှာ
နှစ်နိုင်ငံလုံးကဥပဒေဆိုင်ရာအထောက်အကူပေးရေးစာချုပ်တခုနဲ့ ပြစ်ဒါဏ်ချမှတ်ထားတဲ့အကျဉ်းသားကိုပြန်လည်လွှဲပြောင်းပေးရေးစာချုပ်တခုတို့ကို
စောစောပြီးဆုံးနိုင်အောင်ချုပ်ဆိုဖို့ ရှရင်ဂလာ
ကမြန်မာနိုင်ငံကိုတောင်းဆိုခဲ့ပါတယ်။
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအစိတ်အပိုင်းတရပ်အနေနဲ့ မိုးလေဝသဆိုင်ရာ အိန္ဒိယ
တပ်ဖွဲ့တဖွဲ့ မြန်မာပြည်ကို ဒီလမှာရောက်လာမှာဖြစ်ပါတယ်။အိန္ဒိယ
သမုဒ္ဒ ရာ အတွက် ရေကြောင်းနဲ့ပတ်သက်တဲ့
သတင်းအချက်အလက်ပေါင်းစပ်မှုစင်တာက
မြန်မာကိုယ်စားလှယ်ကို အိန္ဒိယက လက်ခံမှာဖြစ်ပါတယ်။တွေ့ဆုံဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်အခြေအနေနဲ့ပတ်သက်ပြီးတော့လည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။အိန္ဒိယဟာ မကြာသေးခင်ကပဲ ရခိုင်ဒေသမှာ ဂျပန်
နိုင်ငံနဲ့အတူ သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်ဖို့
ပါဝင်လာခဲ့ပါတယ်။အဲ့ဒီအစီအစဉ်မှာ
စာသင်ကျောင်း၁၅ကျောင်းအတွက် အခြေခံ
အဆောက်အအုံလိုအပ်ချက်တွေကို ဖန်တီး
ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ပြေးဒုက္ခသည်တွေလုံခြုံဘေးကင်းစွာအလျှင်အမြန် နေရာပြချထားနိုင်ရေးအတွက်ကျွန်တော်တို့ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှာပါ လို့ရှရင်ဂါ ကပြောပါတယ်။
ဒီထုတ်ပြန်ချက်ဟာ ပူးတွဲအတိုင်ပင်ခံကော်မရှင်(JCC)နဲ့အရေးကြီးတဲ့တွေ့ဆုံဆွေးနွေးမှုတွေဆောင်ရွက်နေစဉ်အတောအတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်၁သန်းကို
လက်ခံထားတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ထုတ်ပြန်ချက်လိုပဲ အရေးပါတဲ့အသွင်ဆောင်နေပါတယ်။

JCCကို ပြည်ပရေးရာဝန်ကြီး အက်(စ်) ဂျိုင်ရှန်ကာနဲ့
အခြားတဘက်မှ သူနဲ့အဆင့်တူ အေ ကေ
အဗ္ဗဒူ မိုမင်တို့က စက်တင်ဘာ ၂၉ ရက်နေ့မှာ
ပူးတွဲသဘာပတိအဖြစ်ဆောင်ရွက်ခဲ့
ကြပါတယ်။မိုဟင်က “အန္ဒိယနိုင်ငံဟာ ရိုဟင်ဂျာ ပြဿနာအကျပ်အတည်းနဲ့
ပတ်သက်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖြေရှင်းမှုမျိုးရဖို့ သူတို့ကို မြန်မာနိုင်ငံအတွင်း ဘေးကင်းလုံခြုံစွာပြန်လည်ပြီးနေရာချထားပေးတဲ့အခါမှာ ပိုပြီးအဓိပ္ပါယ်ရှိတဲ့
အခန်းကဏ္ဍကနေပါဝင်ဆောင်ရွက်ပေးလိမ့်
မယ်လို့မျှော်လင့်တယ်”လို့ ဘင်္ဂလားဒေ့ရှိနိုင်ငံက နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

[Hindustan Time မှ Foreign secretary and army chief to make first joint visit to Myanmar ကိုပြန်ဆိုသည်]


Spread the love
  •  
  •  
  •  
  •  
  •  
  •