“အိန္ဒိယတောင်ပိုင်း မိုးသည်းထန်စွာရွာသွန်း၊ အနည်းဆုံးလူ ၁၅ယောက်လောက်သေဆုံး”

Spread the love
  •  
  •  
  •  
  •  
  •  
  •  

“အိန္ဒိယတောင်ပိုင်း မိုးသည်းထန်စွာရွာသွန်း၊
အနည်းဆုံးလူ ၁၅ယောက်လောက်သေဆုံး”

October 21, 2020

အိန္ဒိယတေါင်ပိုင်းပြည်နယ် တီလန်ဂါနာ
မှာမိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းနေတာကြောင့် အနည်းဆုံးလူ၁၅ယောက်လောက်သေဆုံးသွား
ခဲ့ပါတယ်။
တီလန်ဂါနာရဲ့မြို့တော် ဟိုက်ဒ ရာဘက်ဒ်
မြို့မှာ အခြားလူ၄ယောက်ထိခိုက်ဒါဏ်ရာ
ရခဲ့ပါတယ်။
မြို့တော်ဟာမိုးရေချိန် ၂၅ စင်တီမီတာ
(၁၀လက္မ)ကျော်အထိ လွန်ခဲ့တဲ့၂၄နာရီကျော်
မှာ မြင့်တက်ခဲ့ပါတယ်။လမ်းများစွာမှာရေလွှမ်းမိုးမှုတွေ
အကြီးအကျယ်ဖြစ်ခဲ့ပြီး ခရီးဝေးသွားလာအလုပ်ဆင်းရသူတွေအတွက်ကသောင်းကနင်းဖြစ်ခဲ့ရပါတယ်။

အိန္ဒိယမိုးလေဝသဌာနက အဝါရောင်အဆင့်
သတိပေးချက်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်
ပြီး၊ တိုင်းပြည်ရဲ့အနောက်တောင်ဘက်
ပြည်နယ် မဟာရက်ရှ်ထရာပြည်နယ်မှာလည်း
ဆက်လက်၍ မိုးသည်းထန်စွာရွာသွန်းလိမ့်မယ်
လို့ပြောဆိုထားပါတယ်။

ဟိုက်ဒ ရာဘက်ဒ်မြို့က အာဏာပိုင်တွေ
ဟာ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေ့တွေကို
အားလပ်ရက်အဖြစ်ကြေညာလိုက်ပြီးဒေသခံ
တွေကို အိမ်မှာပဲနေထိုင်ကြဖို့ သတိပေး
ပြောဆိုထားပါတယ်။

Cover(CFP)


Spread the love
  •  
  •  
  •  
  •  
  •  
  •